ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမူဦးစီးဌာန မှအများပြည်သူလုံခြုံရေးကို ထိ ရောက်စွာအကာ အကွယ်ပေးနိုင် ရန် နှင့် အများပြည် သူများမိုဘိုင်းလ်ဖုန်း အသုံးပြု၍ Mobile Banking,Mobile Money , Online Shopping စသည့်ကိစ္စရပ် များပြုလုပ်ရာတွင် အသိအမှတ်ပြုပစ္စည်း(Identification Device ) တစ်ခုအနေဖြင့် ဆက်စပ်အသုံးပြုနိုင်ရန် ၊  SIM Card ပျက်စီးပျောက်ဆုံးမူများဖြစ်ပေါ်ပါကအလွယ်တကူပြန်လည်ရရှိအသုံးပြုနိုင်ရန်အတွက် မိုဘိုင်းလ် ဖုန်းသုံးစွဲသူများ၏ SIM Cardများကိုစနစ်တကျမှတ်ပုံတင်၍သုံးစွဲခြင်း (SIM Card Registration ) စနစ်အားပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှူးဦးစီးဌာနမှ စီစဉ်ဆောင်ရွှက်နေကြောင်းသိရသည်။

SIM Card များ Registration ပြုလုပ်ခြင်းကို ဆက်သွယ်ရေးဝန်ဆောင်မူ ပေးလျက်ရှိသည့်အော်ပရေတာများသို့လည်း SIM Card များမှတ်ပုံတင်ခြင်း၊ (SIM Card Registration)  ကိစ္စအားမဖြစ်မနေပြုလုပ်ဆောင်ရွှက်ရန်ညွှန်ကြားချက်များ ထုတ်ပြန်၍ဆောင်ရွက်နေပြီး ပြည်သူလူထုတစ်ရပ်လုံးပါဝင် ဆာင်ရွှက်သွားရန်လိုအပ်ကြောင်းသိရသည်။
SIM Card များ Registration ပြုလုပ်ရန်အတွက် အောက်ပါအချက်အလက်များလိုအပ်မည်ဖြစ်သည်။

(၁) အမည်
(၂)နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (သို့) အခြားအကျုံးဝင်သည့်ကတ်ပြားအမှတ် ကျောင်းသားကတ်
(၃) အမှတ်စဉ် (၂) ပါကတ်ပြားမိတ္တူ
(၄) အဘအမည်
(၅) မွေးသက္ကရာဇ်(ရက်၊လ၊နှစ်)
(၆)လူမျိုး/နိုင်ငံသား
(၇)ကျား/မ
(၈)နေရပ်လိပ်စာ
စသည့်အချက်အလက်များကိုပြည့်စုံစွာဖြည့်သွင်းရမည်ဖြစ်ကြောင်းယခင်မှတ်ပုံတင်ပြီးSIM Card များအနေဖြင့်လက်ရှိသုံးစွဲသူအမည် မှန်ကန်ခြင်းမရှိသော်လည်းကောင်း ၊မိမိအမည်ဖြင့်မှတ်ပုံတင် ထားရှိသော်လည်းမိမိကိုယ်တိုင်သုံးစွဲခြင်းမရှိတော့လျင်လည်ကောင်း၊ သက်ဆိုင်ရာအော်ပရေတာများနှင့် ဆက်သွယ်၍ သုံးစွဲသူအမည်နှင့်အချက်အလက်များ မှန်ကန်စွာမှတ်ပုံတင်အသုံးပြုနိုင်ရန်ဆောင်ရွှက်ရန်လိုအပ်မည်ဖြစ်သည်။
မိုဘိုင်းလ်သုံးစွဲသူများသည် မိမိတို့အသုံးပြုလျက်ရှိသည့်SIM Card များအားသက်ဆိုင်ရာအော်ပရေတာများနှင့် ဆက်သွယ်၍မှတ်ပုံတင်ခြင်းပြုလုပ်ကျရန်နှင့် စနစ်တကျမှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များအား ၂၀၁၇ခုနစ် မတ်လ ၃၁ ရက်နေ့မှစတင် ၍ ၀န်ဆောင်မူပေးခြင်း ယာယီရပ်စဲသွားမည်ဖြစ်ပြီး စနစ်တကျမှတ်ပုံတင်ပြီးမှ သာပြန်လည်သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှူးဦးစီးဌာနမှ ထုတ်ပြန်ကြေငြာထားသည်။