8/12/2016

♪ “သတ်မှတ်ထားသော ဟွာဝေးဟန်းဆက် ၀ယ်ယူသူများအနေဖြင့် ရွှေဒင်္ဂါးကံစမ်းနိုင်” ♫



ဟွာဝေးမှထုတ်လုပ်ထားသော Huawei P9၊ P9lite၊ GR5 ၊ GR5 mini ဟန်းဆက်ဝယ်ယူသူများအနေဖြင့် ကံစမ်းမဲကူပွန် ရယူဖြည့်စွက်ပြီး ရွှေဒင်္ဂါးပြားများ ကံစမ်းရယူနိုင်ကြောင်း သိရသည်။၂၀၁၆ ခုနှစ်သြဂုတ်လ ၆ ရက်နေ့မှ ၂၀၁၆ ခုနှစ်အောက်တို ဘာလ ၂ ရက်နေ့အထိရွှေဒင်္ဂါးပြား အခု (၁၀၀) ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်ပြီး P9 ၀ယ်ယူသူများအနေဖြင့် ကူပွန် ၂ စောင်၊ P9lite၊ GR5၊ GR5 mini ၀ယ် ယူသူများအနေဖြင့် ကူပွန် ၁စောင် ရရှိနိုင်မည်ဖြစ်ပါသည်။

သတ်မှတ်ထားသော Huawei အရောင်း ဆိုင်များ တွင် သတ်မှတ်ဖုန်းများကိုဝယ်ယူပြီး ကူပွန်များတွင် အချက်အလက်များကိုဖြည့်စွက် ကာ ကံစမ်းနိုင်ပါသည်။ ကူပွန်ရရှိနိုင်သော Huawei ဖုန်းအရောင်းဆိုင်များကို Huawei Mobile Myanmar Facebook Page တွင် ကြိုတင်ဖော်ပြပေးသွား မည်ဖြစ်ပြီး ကံစမ်းမဲအတွက်အကြုံးဝင်သောမြို့အသီးသီးမှဆိုင်များစာရင်းအား http:// bit.ly/2aI8Lcw တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

တစ်ကြိမ်လျှင် ကံထူးသူ ၂၅ ဦးကို မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ပထမအကြိမ် သြဂုတ်လ ၂၈ ရက်နေ့ (၆-၈-၂၀၁၆ မှ ၂၁-၈-၂၀၁၆ အတွင်း ၀ယ်ယူသူများ)၊ ဒုတိယအကြိမ်- စက်တင်ဘာလ (၁၁)ရက်နေ့(၂၂-၈-၂၀၁၆ မှ ၄-၉-၂၀၁၆ အတွင်း ၀ယ်ယူသူများ)၊ တတိယအကြိမ်- စက်တင်ဘာလ (၂၅) ရက်နေ့ (၅-၉-၂၀၁၆ မှ ၁၈-၉-၂၀၁၆ အတွင်းဝယ်ယူသူများ)၊ စတုတ္ထအကြိမ်- အောက်တိုဘာလ ၉ ရက်နေ့ (၁၉-၉-၂၀၁၆ မှ ၂-၁၀-၂၀၁၆ အတွင်းဝယ်ယူ သူများ) စသဖြင့် လေးကြိမ်တိုင်မဲနှိုက်ရွေးချယ်ပေးသွားရန် စီစဉ်ထားပါသည်။

ကံစမ်းမဲရွေးချယ်ပေးခြင်း အစီအစဉ်ကို Huawei Mobile Myanmar Facebook Page မှ တိုက်ရိုက်ထုတ်လွှင့် ပေးသွားမည်ဖြစ်ပြီး ကံထူးသူစာရင်းများကို လည်း ၎င်းနေ့တွင်ပင် Huawei Mobile Myanmar Facebook Page ၌ ထုတ်ပြန် ကြေညာသွားမည်ဖြစ်ပါသည်။

ကံစမ်းမဲနှိုက်မည့်နေရာ- ကျင်းပမည့် နေရာကို Huawei Mobile Myanmar Facebook Page မှ တစ်ပတ်ကြိုတင် ကြေညာပေးမည်ဖြစ်ပါသည်။ကံထူးသူများမှ (၁၄)ရက်အတွင်း မှတ်ပုံတင်နှင့် တကွ ကံစမ်းမဲကူပွန်ဖြတ်ပိုင်းကို ယူဆောင်ကာ လူကိုယ်တိုင် လာရောက် ထုတ်ယူရန်လိုအပ်ပါသည်။ ဥပမာ-၂၀၁၆ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့တွင် ကံထူးသူအနေဖြင့် စက်တင်ဘာလ(၁၂)ရက်နေ့ မတိုင်ခင်လူကိုယ်တိုင် လာရောက်ထုတ်ယူပေးရမည်ဖြစ်ပါသည်။ လာရောက်ထုတ်ယူခြင်းမရှိသော ကံထူးသူများကို နောင်လာမည့်ကံစမ်းမဲအစီအစဉ်များတွင် ပြန်လည် ထည့်သွင်းစဉ်းစားပေးသွား မည်ဖြစ်ကြောင်းလည်းဟွာဝေးမှ သတင်းထုတ်ပြန် ထားပါသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com