8/10/2016

♪ နာမည်ပြောင်းလို့ရပြီဖြစ်ပြီး၊ ‘Nearby’ နေရာမှာ ‘Sightings’ ပါဝင်လာတဲ့ Pokémon Go update ♫


မြန်မာနိုင်ငံမှာ မကြာမီရက်ပိုင်းက စတင်ကစားလို့ရနေပြီဖြစ်တဲ့ Pokémon Go ဂိမ်း update အသစ် Play Store မှာ ထွက်ရှိလာပါပြီ။

ယခု update အသစ်မှာ Pokémon trainer တွေအနေနဲ့ ကိုယ့်နာမည်ကို တစ်ကြိမ်ပြန်ပြောင်းလို့ရမှာဖြစ်ပြီး၊ Pokeball ပစ်တဲ့အခါ bonus XP မရတဲ့ bug တစ်ချို့ကိုလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်က ထွက်ရှိထားတဲ့ update မှာတော့ ကိုယ့်ကာရိုက်တာပုံစံကို ပထမတစ်ခါ ပြင်ပြီးရင် ပြန်ပြင်လို့ရအောင် လုပ်ပေးခဲ့တာ တွေ့ရပြီး၊ အခု update မှာတော့ နာမည်ကိုပါ ပြန်ပြင်လို့ရမှာဖြစ်ပါတယ်။ နာမည်ပြင်မယ်ဆိုရင် Settings ထဲဝင်ပြီး၊ Change Nickname ကို ရွေးလိုက်ရုံပါပဲ။ ဒါပေမယ့် တစ်ကြိမ်ပဲပြောင်းလို့ရတာကြောင့် ကိုယ်ပေးချင်တဲ့နာမည်ကို သေချာစဉ်းစားပြီး ပေးသင့်ပါတယ်။

ယခု update အသစ်မှာ ကိုယ့်အနားက Pokemon အကောင်လေးတွေ ဖော်ပြပေးတဲ့ ‘Nearby’ အကွက်ကို ‘Sightings’ လို့ နာမည်ပြောင်းလိုက်ပြီဖြစ်ပြီး၊ Pokemon ဖမ်းသူတွေ မျှော်လင့်နေတဲ့ ပိုမိုတိကျမှုရှိတော့ Tracking မျိုးကိုတော့ အခုထိ မတွေ့ရသေးပါဘူး။ တစ်ချို့ user တွေမှာတော့ update လုပ်ပြီးရင်တောင် ‘Nearby’ လို့ပဲ ပေါ်နေဆဲဖြစ်ပြီး၊ ‘Sightings’ လို့ မပေါ်သေးတာတော့ တွေ့ရပါတယ်။

ယခု update ရဲ့ နောက်ထပ်ပြောင်းလဲမှုတွေမှာ ကားမောင်းရင်း Pokemon Go မကစားဖို့ သတိပေးချက် ပါဝင်လာတာတွေ့ရပြီး၊ အကယ်၍ ကစားသူတစ်ယောက်ဟာ သတ်မှတ်မြန်နှုန်းထက် ရွေ့နေတာတွေ့ရင် သတိပေးချက်က အလိုလိုတက်လာမှာဖြစ်ပါတယ်။ ကိုယ်က ကားမောင်းတဲ့လူမဟုတ်ကြောင်း ရွေးပေးနိုင်ပါတယ်။

နောက်ဆုံး Pokémon Go update ကို Play Store ကော App Store မှာပါ ထုတ်ပေးထားပြီဖြစ်ပြီး၊ Android ဗားရှင်းက 0.33.0 ဖြစ်ကာ၊ iOS မှာတော့ ဗားရှင်းက 1.3.0 ရောက်နေပါပြီ။ iOS update မှာတော့ battery saver mode ကို ပြင်ပေးထားပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com