8/10/2016

♪ MacBook Pro အသစ်မှာ လက်ဗွေရာဆန်ဆာပါ Touch ID ပါဝါခလုတ် ပါဝင်လာဖို့ရှိ ♫


Apple ပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေတဲ့ MacBook Pro အသစ်မှာ Touch ID ခလုတ်ပါဝင်လာမှာဖြစ်တာကြောင့် iPhone လိုပဲ မိမိလက်ဗွေရာနဲ့ log in ဝင်နိုင်တော့မှာဖြစ်ပါတယ်။

ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တစ်ခုအရ ယခုစက်တင်ဘာလမှာ မိတ်ဆက်ဖွယ်ရှိတဲ့ Macbook Pro အသစ်မှာ ကောလဟာလထွက်နေတဲ့ OLED touch မျက်နှာပြင်သုံးဖန်ရှင်ကီးတွေ ပါဝင်မှာဖြစ်သလို၊ Touch ID ပါဝါခလုတ်ပါ ပါဝင်လာမှာဖြစ်တယ်လို့ 9to5Mac က ဆိုပါတယ်။

Macbook Pro အသစ်က ပါဝါခလုတ်မှာ လက်ရှိ iPhone နဲ့ iPad တွေမှာ တွေ့မြင်ရတဲ့ Touch ID ပါဝါခလုတ်အတိုင်း လက်ဗွေရာဆန်ဆာပါဝင်လာမှာဖြစ်ပြီး၊ သင့် MacBook ကို ပုံမှန်လို password ရိုက်ထည့်နေစရာမလိုဘဲ၊ လက်တင်လိုက်ရုံနဲ့တင် log in ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

Apple ဟာ ယခုနှစ်ရဲ့ စတုတ္ထသုံးလပတ်အတွင်းမှာ Macbook Pro မော်ဒယ်အသစ်တွေကို ထုတ်သွားမှာဖြစ်ပြီး၊ Macbook Air ၊ 13 လက်မအရွယ် Macbook အသစ်နဲ့ MacBook Pro မော်ဒယ်အသစ်နှစ်မျိုး စုစုပေါင်းမော်ဒယ်လေးမျိုး ထွက်ရှိမှာဖြစ်ကြောင်း သိထားပါတယ်။ ဒီ့အပြင် MacBook Pro အသစ်မှာ Thunderbolt 3 support ပါဝင်တဲ့ USB Type-C အပေါက်လေးခုပါဝင်လာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com