8/10/2016

♪ ဖုန်းကို ဆယ်ကြိမ်တိတိအားအပြည့်သွင်းပေးနိုင်တဲ့ ကျောပိုးအိတ်ကို HP မိတ်ဆက် ♫


HP ရဲ့ ကျောပိုးအိတ်အသစ်က သေချာဂရုစိုက်ကြည့်ရင်တော့ လူငယ်တွေလွယ်နေကြ သာမန်ကျောပိုးအိတ် တစ်လုံးလိုပါပဲ။ ဒါပေမယ့် ဒီကျောပိုးအိတ်မှာ 22,400mAh အထိရှိတဲ့ ဘက်ထရီအကြီးစားတစ်ခုပါဝင်ပြီး၊ လက်ပ်တော့တစ်လုံးကို ကျောပိုးအိတ်ထဲ ထည့်ထားရင်းနဲ့ အားအပြည့်သွင်းပေးနိုင်မှာပါ။

“Powerup Backup” လို့ အမည်ပေးထားတဲ့ HP ကျောပိုးအိတ်ဟာ စမတ်ဖုန်းဆိုရင် ၁၀ ကြိမ်တိတိ အားအပြည့်သွင်းပေးနိုင်ပြီး၊ တက်ဘလက်တစ်လုံးဆို ၃ ကြိမ်အထိ အားအပြည့်သွင်းပေးနိုင်တယ်လို့ ဆိုပါတယ်။ ကန်းဗတ်စ်သားကျောပိုးအိတ်မှာ လေဝင်လေထွက်အပေါက်တွေ ပါရှိသလို၊ အပူအာရုံခံ ဆန်ဆာတွေလည်း ပါရှိတာကြောင့် ကျောပိုးအိတ်တွင်းအပူချိန်ကိုလည်း အမြဲထိန်းထားပေးမှာပါ။

HPPpowerupbackpack.0

ကျောပိုးအိတ်ထဲမှာ ဖုန်းနဲ့ တက်ဘလက်အတွက် microUSB အားသွင်းကြိုးတွေ သူ့အကန့်သူ သီးသန့်ပါသလို၊ လက်ပ်တော့အတွက်လည်း အားသွင်းကြိုး သက်သက်ပါဝင်ပါတယ်။

FAA (ဗဟိုအစိုးရလေကြောင်းဦးစီးဌာန) ရဲ့ စည်းမျဉ်းတွေအရ ၁၀၀ ဝပ်နာရီအားကျော်တဲ့ ဘက်ထရီတွေကို ခရီးဆောင်အိတ်ထဲထည့်ပြီး လေယာဉ်ပေါ်တင်ဆောင်ခွင့် ပိတ်ထားပေမယ့်၊ HP ကျောပိုးအိတ်က ဘက်ထရီဟာ ၈၄ ဝပ်အားပဲရှိတာကြောင့် ပြဿနာရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျောပိုးအိတ်ထဲမှာ ဒီလောက်ကြီးတဲ့ဘက်ထရီတစ်ခုပါလာတယ်ဆိုရင် လေကြောင်းလိုင်းအလိုက် စည်းမျဉ်းစည်းကမ်းတွေ ကွဲပြားနိုင်တာကြောင့်၊ တခြားအချိန်ပိုတဲ့ စစ်ဆေးရေးအလုပ်တွေ လေဆိပ်မှာကြုံတွေ့ရနိုင်ပါတယ်။

ဒါပေမယ့် ခရီးသွားရင်း လက်ပ်တော့ဆောင်သွားတတ်တဲ့လူတွေအတွက်တော့ ဘက်ထရီကုန်မှာ စိုးရိမ်စရာမလိုဘဲ၊ ကျောပိုးအိတ်ထဲမှာတင် အဆင်ပြေပြေအားသွင်းသွားနိုင်မှာပါ။

HP Powerup Backup ကို ယနေ့ကစပြီး Amazon ကနေ ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ၊ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ တန်ဖိုးကတော့ ၁၉၉ ဒေါ်လာဖြစ်ပါတယ်။




Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com