P9 ဟာ AR နဲ့ VR ဂိမ်းတွေမှာစစ်မှန်တဲ့ခံစားချက်တွေကိုပေးစွမ်းနိုင်ပါတယ်
ကျော်သက်အောင်
Graphic Designer
မိုဘိုင်းဖုန်းခေတ်ဦးအစမှာ ကျွန်တော်တို့တွေဟာဖုန်းတစ်လုံးကို တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့၊ စကား ပြောဖို့အတွက် သက်သက်သာအသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဖုန်းပြောရုံတင်မဟုတ်ဘဲ သီချင်းနားထောင် တာ အပျော်တမ်းဓာတ်ပုံရိုက်တာ ဂိမ်းအသေးစားလေးတွေ ကစားတာမျိုးတွေ ခေတ်စားလာခဲ့ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး လက်ရှိအချိန်မှာတော့ ကျွန်တော်တို့တွေဟာ ကွန်ပျူတာတစ်လုံးရဲ့ လုပ်ဆောင်ချက်တွေအတိုင်း ကွန်ပျူတာတစ်လုံးမှာသာ ဆော့ကစားနိုင်တဲ့ ဂိမ်းမျိုးတွေကို ကိုယ့်ရဲ့ မိုဘိုင်းလ်ဖုန်းမှာတင် ဆော့ကစားနိုင်လာကြပြီး Smartphone တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင်မှု ဘဝတွေကို ဝင်ရောက်လာခဲ့ပါတယ်။

မိုဘိုင်းလ်ဖုန်းယဉ်ကျေးမှုဟာ အခုအချိန်မှာ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ အတွက် မရှိမဖြစ်အနေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အဆင့်မြင့်မိုဘိုင်းဖုန်းတွေဟာ အမှတ်တံဆိပ်အမျိုးမျိုးနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ မိုဘိုင်းလ်ယဉ်ကျေးမှုတွေ တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့နိုင်ငံမှာလဲ အသုံးပြုသူများဟာ ဖုန်းပြောရုံသက်သက်မဟုတ်ဘဲ မိမိဘဝရဲ့ တစ်စိတ်တပိုင်းအနေနဲ့ မိုဘိုင်းဖုန်းတွေကို အသုံးပြုလာခဲ့ကြရာမှာ ဂိမ်းကစားတဲ့ယဉ်ကျေးမှုဟာ လူကြီးလူငယ် မရွေး စိတ်ပါဝင်စားစွာနဲ့ ဆော့ကစားလာကြတဲ့ အလေ့အထဟာလဲ ခေတ်စားလာခဲ့ပြီး အမျိုးအစားမတူ ပုံစံအမျိုးမျိုးနဲ့ ဆော့ကစားရတဲ့ ဂိမ်းတွေဟာ အမြောက်အများ ပေါ်ထွက်လာခဲ့ပါတယ်။

အဆိုပါပေါ်ထွက်လာတဲ့ ဂိမ်းအမြောက်အမြားထဲက Pokémon Go ဂိမ်းဟာ အခုအချိန်မှာ လူပြောအများဆုံးနဲ့ ကမ္ဘာအနှံ့မှာ ဆော့ကစားသူအမြောက်အမြားရှိနေတဲ့ ဂိမ်းအမျိုးအစားအဖြစ်နဲ့ နာမည်ကျော်လာခဲ့ပါတယ်။ Pokémon Go ဂိမ်းဟာ Niantic, Inc. က ထုတ်လုပ်ထားတဲ့ ဂိမ်းဖြစ်ပြီး Pokémon အကောင်လေးတွေကို တကယ့်အပြင်ကမ္ဘာမှာ လိုက်ဖမ်းပြီးဆော့ကစားရမယ့် အမိုက်စား AR ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းဟာ စမတ်ဖုန်းရဲ့ ကင်မရာ၊ Sensor၊ GPS စတာတွေကို အသုံးပြုပြီး အပြင်ကမ္ဘာမှာ Pokémon လေးတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ထိုနေရာတွေကို ဂိမ်းဆော့သူက အပြင်မှာ တကယ်လိုက်ရှာကာ၊ Pokémon အကောင်လေးတွေကိုဖမ်းပြီး လေ့ကျင့်ပေးကာ တိုက်ခိုက်တာမျိုးတွေ လုပ်ပြီး ဆော့ရတဲ့ဂိမ်းအမျိုးအစား ဖြစ်ပါ တယ်။

ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ AR/ VR ဂိမ်းတွေကို Performance ကောင်းကောင်းနဲ့ ဆော့ကစားနိုင်ဖို့အတွက် အဓိကလိုအပ်ချက်က Premium High-end device တွေဖြစ်နေဖို့ အရေးကြီးပါတယ်။ Pokémon Go ဂိမ်းဟာ အခြားဂိမ်းတွေနဲ့မတူဘဲ Camera ကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီးဆော့ရတဲ့ဂိမ်းဆိုတော့ Camera အရည်အသွေးနဲ့ မြန်ဆန်စွာ ပုံရိပ်ဖမ်းယူနိုင်ဖို့ကလဲ အရေးကြီးပါတယ်။ ဒါ့အပြင် ဂိမ်းတစ်ခုကို သက်ဝင်လှုပ်ရှားစွာ ဆော့ကစားနိုင်ဖို့အတွက် အခြားလိုအပ်ချက်တွေဖြစ်တဲ့ Resolution၊ လျင်မြန်စွာလုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ Processor နဲ့ RAM အစရှိတာတွေကလဲ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

၂၀၁၆ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ဂျာမန်မီဒီယာတစ်ခုဖြစ်တဲ့ Computer Bild website မှာ “Pokémon Go ဂိမ်းဟာ ဖုန်းဘက်ထရီအရမ်းကုန်စေပါတယ်။ Pokémon Go ဂိမ်း ကစားရာမှာ ဘယ်စမတ်ဖုန်းက ဘက်ထရီအကြာဆုံး အသုံးခံပါသလဲ။ အံ့သြစရာပါပဲ ဘက်ထရီအကြာဆုံးစမ်းသပ်ချက်မှာ နံပါတ်တစ် ရသွားတာကတော့ Huawei Mate8 ပါပဲ။ Huawei Mate8 (၆ နာရီ)၊ Apple iPhone 6S Plus (၄ နာရီနဲ့ ၄၈ မိနစ်)၊ S7 Edge (၄ နာရီနဲ့ ၆မိနစ်) နဲ့ Huawei Mate8 က ဦးဆောင်သွားနိုင်ပါတယ်။ အခုစမ်းသပ်ချက်မှာတော့ LTE တပ်ဆင်ထားပြီး၊ နောက်ခံမှာ ဘာ application မှ အသုံးမပြုထားပါဘူး၊ Screen brightness ကိုလဲ ပျှမ်းမျှတန်းတူသာထားထားပါတယ်။” လို့ ဖော်ပြထားပါတယ်။


Pokémon Go P9

ဒါ့အပြင် Pokémon Go ဂိမ်းကစားဖို့အတွက်လုံလောက်တဲ့ Processor၊ Camera၊ Resolution တွေပါဝင်တဲ့ Huawei P9 နဲ့ Pokémon Go ကိုဆော့ကစား ကြည့်တဲ့အခါမှာ အခြားမိုဘိုင်းဖုန်းတွေထက်ပိုပြီး ဂိမ်းဆော့တဲ့အခါမှာ သာလွန်ကောင်းတယ်လို့ ခံစားရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Huawei P9 ဟာ Quad-core 2.5GHz နဲ့ Quad-core 1.8GHz တို့ပေါင်းစပ်ထားတဲ့ Octa-core CPU ရဲ့စွမ်းဆောင်မှုနဲ့ GPU Mali-T880 တို့ရဲ့ ပေါင်းစပ်စွမ်းဆောင်မှုကြောင့် ဂိမ်းကစားတဲ့အခါမှာ အထစ်အငေါ့မရှိ လျင်မြန်စွာ စွမ်းဆောင်နိုင်တာ ကို တွေ့ရပါတယ်။

ဒါ့အပြင် ကင်မရာအပိုင်းမှာလဲ Huawei P9 ဟာ Depth Focus နဲ့  Laser Focus လို့ခေါ်တဲ့ လုပ်ဆောင်ချက် တွေဟာ အနီးနားမှာရှိတဲ့လူနဲ့အရာဝတ္ထုတွေကို focus ချိန်ယူပြီး ဓာတ်ပုံ တန်းရိုက်နိုင်တဲ့ အတွက်ကြောင့် သာမာန်ဖုန်းတွေထက်ပိုပြီး ကြည်လင်ပြတ်သားမှုနဲ့ တကယ်ကိုပဲ Pokémon အကောင်လေး တွေ အပြင်မှာရှိနေသလို ခံစားရစေပါတယ်။ ဒါ့ကြောင့် ဂိမ်းကစားသူတစ်ယောက်အတွက် ပိုမိုစိတ်ဝင်စားမှုကို ဖြစ်စေပါတယ်။

5.2” ရှိတဲ့မျက်နှာပြင်ဟာ ဂိမ်းကစားတဲ့အခါမှာ ကျယ်ဝန်းတဲ့ခံစားချက်ကို ရရှိစေပြီး FullHD resolution (1920×1080) အထိရတာကြောင့် ရုပ်ထွက်ပိုင်းမှာလဲ စိတ်ကျေနပ်မှု ရရှိစေပါတယ်။ HuaweiP9 ဟာ AR/VR အစရှိတဲ့ 3D ဂိမ်းတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ လျင်မြန်စွာ ဆော့ကစားချင်တဲ့ ဂိမ်းဝါသနာရှင် တွေအတွက်တော့ အကြိုက်အတွေ့ဆုံး ဖြစ်စေနိုင်ပါတယ်။
Content by Mileage Communications Myanmar