Lenovo က သူ့ရဲ့ ပထမဆုံး Windows 10 OS ထည့်သွင်းထားတဲ့ စမတ်ဖုန်းကို
မိတ်ဆက်လိုက်ပါတယ်။ SoftBank 503LV လို့ အမည်ပေးထားပါတယ်။ နာမည်အတိုင်းပဲ
ဂျပန် Carrier ဖြစ်တဲ့ SoftBank ကနေပဲ ရောင်းချမှာ ဖြစ်ပါတယ်။
SoftBank 503LV မှာ ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ 3GB RAM , 32GB Internal Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ 2250mAh Battery ပါရှိပါတယ်။
Credit to ==> Myanmar Digital Life Journal

www.pyaephyo.com