8/05/2016

♪ “Xiaomi က အနောက် ကင်မရာ ၂ လုံးပါတဲ့ Redmi Pro ကို မိတ်ဆက်” ♫


Xiaomi က Redmi Pro စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Core ၁၀ လုံးပါတဲ့ Mediatek Helio X25 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ Mali-T880 GPU ထည့်သွင်းထားပါတယ်။ ၅.၅ လက်မ Full HD OLED Display တပ်ဆင်ထားပါတယ်။ ရှောင်မီက Redmi Pro ဟာ စွမ်းရည်အမြင့်မားဆုံး Redmi Smartphone လို့ ပြောပါတယ်။

3GB RAM Model နဲ့ 4GB RAM Model ၂ မျိုးရွေးချယ်နိုင်ပါတယ်။ 64GB နဲ့ 128GB Internal Storage များ ရွေးချယ် နိုင်ပါတယ်။ 4050mAh Battery တပ်ဆင်ထားပါတယ်။ Redmi Pro ရဲ့ ထူးခြားချက်က အနောက်ဘက်တွင် ကင်မရာ ၂ လုံး ပူးတွဲတပ်ဆင်ထားတာ ဖြစ်ပါတယ်။ 13MP Main Camera နဲ့ 5MP Depth Sensor တို့ ဖြစ်ပါတယ်။

DSLR အရည်အသွေးရှိတဲ့ Bokeh Effects များကိုတောင် ရိုက်ကူးပေးနိုင် တယ်လို့ ရှောင်မီက ပြော ပါတယ်။ အရှေ့ဘက်မှာ 5MP Camera ပါပါတယ်။ အရှေ့ဘက်မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာနဲ့ USB-C Port ပါပါတယ်။ Dual-SIM, VoLTE များကို ထောက်ပံ့ပါတယ်။

တန်ဖိုးအနည်းဆုံးမော်ဒယ်မှာ Helio X20 SoC, 3GB RAM, 32GB Storage ပါရှိပြီး ၂၂၅ ဒေါ်လာဝန်းကျင် တန်ကြေးရှိပါတယ်။ Helio X25, 3GB RAM, 64GB Storage Model ကို ၂၅၅ ဒေါ်လာနဲ့ Helio X25, 4GB RAM, 128GB Storage Model ကို ၃၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ရွှေ၊ ငွေ၊ အညိုရောင်များကို ရွေးချယ်နိုင်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com