Lenovo က ရုရှားမှာ စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Vibe
A လို့ အမည်ပေးထားပြီး ယခင်နှစ်ထုတ် A1000 စမတ်ဖုန်းရဲ့
မျိုးဆက်ဖြစ်ပါတယ်။ Vibe A မှာ ၄ လက်မ 800x480 Display တပ်ဆင်ထားပါတယ်။
အနောက်ဘက်မှာ 5MP Camera ကို LED Flash နဲ့ တွဲဖက်ထားပါတယ်။ အရှေ့ဘက်မှာ
0.3MP Camera ပါရှိပါတယ်။ 512MB RAM , 4GB Internal Storage , 1700mAh
Battery တပ်ဆင်ထားပါတယ်။
Lenovo Vibe A မှာ 1.3GHz Quad-Core CPU တပ်ဆင်ထားတဲ့ Spreadtrum SC7731 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ Android 5.1 Lollipop မောင်းနှင်မှာ ဖြစ်ပါတယ်။ Dual-SIM စွမ်းရည် ပါရှိပေမယ့် 4G LTE ကွန်ရက်ကိုတော့ ထောက်ပံ့ပေးခြင်း မရှိပါဘူး။ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။ စွမ်းရည်နိမ့်တဲ့အတွက် ဈေးနှုန်း သက်သာမှာ ဖြစ်ပေမယ့် Lenovo က ဈေးနှုန်းကို မကြေညာသေးပါဘူး။

www.pyaephyo.com