Samsung Myanmar မှ ကံစမ်းမဲကာလ ဖြစ်သည့် ဇွန်လ ၁ ရက် မှ ၃၀ ရက်နေ့အတွင်း ကြိုက်နှစ်သက်ရာ စမတ်ဖုန်းများ နှင့် တက်ဘလက်များကို ဝယ်ယူခြင်းဖြင့် ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ ဆုကြီးများအား ပါဝင်ကံစမ်းနိုင်သော ကံစမ်းမဲအစီအစဉ်၏ ပထမအသုတ် ကံထူးရှင်ရွေးချယ်ပွဲ အခမ်းအနား အား Samsung Myanmar ရုံးတည်ရှိရာ တက္ကသိုလ်များလှိုင်နယ်မြေ၊ MICT Park ၌ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့ မနက် (၁၀) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန် ကြေငြာလိုက်သည်။

အဆိုပါကံစမ်းမဲအစီအစဉ်တွင် ဆုကြီးများအနေဖြင့် Honda Fit ကား ၈ စီး၊ Samsung 32” TV အလုံး ၁၅၀၊ Samsung Galaxy Tab 3 Lite 7” အလုံး ၃၀၀ နဲ့ ၁၀,၀၀၀ တန် ဖုန်းငွေဖြည့်ကဒ် ကဒ် ၂၅၀၀ တို့ပါဝင်သည်။ ကံစမ်းမဲအစီအစဉ်အား နှစ်ကြိမ်ခွဲ၍ ဖွင့်လှစ်မည်ဖြစ်ရာ ဇွန်လ တွင် ပထမအကြိမ် အနေဖြင့် Honda Fit ကား ၂ စီး နှင့်အခြားဆုများကို သတ်မှတ်ထားသောအရေအတွက်အလိုက် ကံထူးရှင်များအား ရွေးချယ် ပေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ Samsung Myanmar ကို တစိုက်မတ်မတ်ဝယ်ယူအားပေးလာတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်လိုတဲ့အနေနဲ့ ဒီကံစမ်းမဲအစီအစဉ်ကို စီစဉ်ပြုလုပ်ရခြင်းဖြစ်ပါတယ်။ အခု ဇွန်လမှာ ပထမအသုတ်အနေနဲ့ ကံထူရှင်ရွေးချယ်လိုက်တဲ့အခါမှာ Honda Fit ကား ၂ စီးကို ကူပွန်နံပါတ် ၁၅၈၅၅၆ ပိုင်ရှင် ဦးသိန်းဌေး နှင့် ကူပွန်နံပါတ် ၁၉၇၁၅၆ ပိုင်ရှင် ကိုစိုးကိုကိုမြင့် တို့က ကိုယ်စီကံထူးသွားကြပြီး အခြား ဆုမဲများစွာကိုလည်း ကံထူးရှင်အသီးသီးက ကံထူးသွားကြပါတယ်။ Honda Fit ကား ၆ စီး အပါအဝင် အခြားဆုမဲပေါင်းများစွာ လည်း ကျန်သေးတာဖြစ်တဲ့အတွက် ကံမထူးသေးသူများအနေနဲ့လည်း ဇူလိုင်လ ဒုတိယရက်သတ္တပတ်အတွင်းမှာ ဒုတိယအကြိမ် ဖွင့်လှစ်ပေးသွားဦိးမှာ ဖြစ်တဲ့အတွက် ရင်ခုန်စွာနဲ့ စောင့်ဆိုင်းပေးကြစေလိုပါတယ်။” ဟု Samsung Myanmar ၏ Head of IT နှင့် Mobile ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

ကံထူးရှင်များအား Samsung Myanmar မှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်တော်ကြီးများ နှင့် စာနယ်ဇင်း၊ မီဒီယာများ ရှေ့တွင်သာမက Samsung Mobile Myanmar Facebook Page မှတစ်ဆင့် Live Video ဖြင့် တိုက်ရိုက်ထုတ်လွှင့်၍ ရွေးချယ်ပေးအပ်ခဲ့သည်။