6/09/2016

♪ “KENBO Fly One” ♫


ဂီတကမ္ဘာထဲသို့ သွားရောက်လည်ပတ်ချင်သူများ၊ ကြီးမားတဲ့မျက်နှာပြင်ရှိပြီး သတ္တုကိုယ်ထည်ဒီဇိုင်းနဲ့ လှပတဲ့ဖုန်းကိုမှ စမတ်ကျကျ ကိုင်ဆောင်အသုံးပြု လိုသူများ၊ ဂိမ်းနဲ့အင်တာနက် အသုံးပြုတဲ့အခါ ထစ်ငေါ့ခြင်းမရှိ သွက်လက်စွာ ကစားလိုသူများအကြိုက်ဖြစ်စေမယ့် Fly One ကို KENBO Smartphone ကနေ အသစ်ထပ်မံထုတ်လုပ်လိုက်ပါတယ်။

Fly One ဖုန်းရဲ့ ကိုယ်ထည်ကို Air Aluminium နဲ့ နှစ်သက်စွဲမက်ဖွယ်ကောင်းတဲ့ Metal Line ဒီဇိုင်းတို့ကို ပေါင်းစပ်ကာ ပြုလုပ်ဖန်တီးပေးထားပါတယ်။ ဖုန်းတစ်လုံးမှာ အသံပိုင်း ဆိုင်ရာ စနစ်များကို ပိုမိုထူးခြားကောင်းမွန်စွာ ရရှိခံစားနိုင်ဖို့ Dual Speaker, Dual MIC, Dual PA, Dual Side Operation အစရှိတဲ့ Dual (နှစ်မျိုးဖြစ်သော) စနစ်များနဲ့ ပြုလုပ်ပေးထားလို့ ဖုန်းကို ပုံမှန်စကားပြောနေကြအတိုင်း သာမကဘဲ ဖုန်းကိုအထက်အောက် ပြောင်းပြန်အနေအထားနဲ့ပါ စကားပြော လို့ရမှာ ဖြစ်ပါတယ်။

Dual Speaker ပါဝင်လို့ ပိုမိုကျယ်လောင်တဲ့အသံကို ထုတ်ပေးနိုင်တဲ့အပြင် စွမ်းဆောင်ရည်မြင့် Speaker များကို အသုံးပြုထားလို့ အသံစစ်ထုတ်ပေးတဲ့စနစ်များ ပါဝင်ပြီး ဆူညံသံ (noise) များကို ဖယ်ရှား ပေးကာ ကြည်လင်ကောင်းမွန်တဲ့ အသံများရရှိစေမှာပါ။ အသံပိုင်း ဆိုင်ရာ တွင် Auro 3D Audio စနစ် ပါဝင်တဲ့အတွက် သာမန် 2D သံစဉ်များ နားထောင်ရတာနဲ့မတူညီဘဲ ပိုမိုထူးခြားကောင်းမွန်တာကို တွေ့မြင်ရမှာ ဖြစ်ပြီး ကွဲပြားတဲ့အသံများကို ခံစားထိတွေ့နိုင်မှာဖြစ်ပါတယ်။ Fly One ရဲ့ မျက်နှာပြင်မှာ 5.5 inch ရှိတဲ့အပြင် မျက်နှာပြင်ကို ကြည်လင်တောက်ပတဲ့ ရုပ်ထွက်တွေနဲ့ အရောင်အသွေးပေါင်းစုံကို အနုစိတ်ပုံဖော်ပေးနိုင်တဲ့ Sharp အမျိုးအစား Screen ကို တပ်ဆင်ပေးထားပါတယ်။

1280 × 720 Pixels အထိ ရုပ်ထွက်ရရှိနိုင်တာမို့ အရည်အသွေးမြင့်မားတဲ့ Movie များကြည့်တဲ့ အခါမှာ High Definition အထိ ရုပ်ထွက်ထုတ်ပေးမှာပါ။ စွမ်းဆောင်ရည် မြင့်မားတဲ့အပြင် တွက်ချက်အဖြေထုတ်မှုတွေကို သွက်လက်မြန်ဆန်စွာ ပြုလုပ်ပေးနိုင်အောင် Quad Core 1.3GHz Processor ကိုထည့်သွင်း ပေးထားပါတယ်။ RAM 2GB ပါဝင်လို့ Application Game နဲ့ အင်တာနက် တို့ကို တစ်ပြိုင်တည်း အသုံးပြုချိန်မှာပင် သွက်လက်မြန်ဆန်တဲ့ ထိတွေ့မှုကို ခံစားရရှိစေမှာဖြစ်ပါတယ်။

ကင်မရာပိုင်းဆိုင်ရာမှာလည်း ပိုမိုကောင်းမွန် စေဖို့ ပြုလုပ်ထားပြီး အရှေ့ဘက်တွင် 5MP နဲ့ အနောက်ဘက်တွင် 8MP ပါဝင်မှာဖြစ်ပါတယ်။ အရှေ့နဲ့အနောက်ဘက် နှစ်ဖက်စလုံးမှာ အလင်းရောင် အားကောင်းမွန်တဲ့ Flash light မီးတစ်လုံးစီကို ထည့်သွင်းပေးထားလို့ အလင်းရောင် ကောင်းစွာမရရှိတဲ့ ညအချိန်များမှာပင် ကောင်းမွန်စွာ ဓာတ်ပုံရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။ ဖုန်းအတွင်းမှာ Micro အမျိုးအစား SIM Slot နှစ်ခုပါဝင်လို့ Dual SIM အနေနဲ့ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် GSM နဲ့ WCDMA မိုဘိုင်းကွန်ရက်တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

<Specification>
Network - GSM/WCDMA
Processor - Quad Core 1.3 GHz
Screen - 5.5 inches
Camera - 8 MP+ 5MP
Bluetooth - Yes
Storage - 16 GB
OS - Android OS, v6.0
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com