6/15/2016

♪ iOS 10 မှာ ဖုန်းထဲက built-in ပါပြီးသားဖြစ်တဲ့ Apple apps တွေကို uninstall လုပ်နိုင်ပြီ ♫


Apple ဟာ မနေ့က ဆန်ဖရန်စစ္စကိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ WWDC 2016 ပွဲမှာ iOS 10 ကို စတင်မိတ်ဆက် ပြသသွားခဲ့ပါတယ်။

iOS 10 မှာ user တွေ အကြိုက်တွေ့မယ့် feature အသစ်တွေ အများအပြားပါဝင်ပြီး၊ အမိုက်ဆုံး feature တစ်ခုကတော့ ဖုန်းထဲမှာပါပြီးသားဖြစ်တဲ့ Apple ရဲ့ apps တွေ (Maps, Calculator, Music, Videos စသဖြင့် apps တွေကို) ကိုယ်မကြိုက်ပါက uninstall လုပ်နိုင်တော့မှာဖြစ်ပြီး၊ တကယ်လို့ ပြန်သုံးချင်တယ်ဆိုရင်လည်း App Store ကနေ အလွယ်တကူ ဒေါင်းလုဒ်ပြန်ဆွဲကာ သုံးနိုင်မှာဖြစ်ပါတယ်။

Apple ရဲ့ App Store မှာ အဓိက iOS apps အကုန်လုံးပါဝင်လာပြီး၊ App ရဲ့ လုပ်ဆောင်မှုအသေးစိတ်အချက်အလက်တွေကို iPhone screenshot နဲ့အတူ ရှင်းရှင်းလင်းလင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ထူးဆန်းဖို့ကောင်းတာက၊ Apple ရဲ့ CEO Tim Cook ကော ၊ ဆော့ဖ်ဝဲဌာနအကြီးအကဲ Craig Federgihi ကော ဒီအချက်ကို စင်ပေါ်မှာထုတ်ဖော်ပြောကြားသွားခြင်းမရှိဘဲ၊ iOS 10 မှာ အသစ်ပါဝင်လာတဲ့ feature တွေကိုဖော်ပြထားတဲ့ presentation ပုံမှာတောင် ဒီအချက်ကို မဖော်ပြထားတာတွေ့ရပါတယ်။

apple-wwdc-20160613-2674.0

ဒါပေမယ့် ယနေ့ထွက်ရှိလာတဲ့ iOS 10 developer beta ကို ဒေါင်းလုဒ်ဆွဲပြီးသုံးနေတဲ့လူတိုင်း ဒီအချက်ကို အတည်ပြုပြောကြားပေးခဲ့ပြီး၊ တစ်ချို့ built-in apps တွေဖြစ်တဲ့ Messages တို့၊ Photos ၊ Camera တို့ကိုတော့ uninstall လုပ်နိုင်မှာမဟုတ်ပါဘူး။

Capture

Apple အနေနဲ့ အခုလို ဖုန်းထဲတပါတည်းပါတဲ့ apps တွေကို uninstall လုပ်တဲ့အခါ တွေ့လာနိုင်တဲ့ ပြဿနာလေးတွေကို ကူညီဖြေရှင်းပေးဖို့ help page တစ်ခုကိုလည်း လွှင့်ထားပြီဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ Weather app ကို uninstall လုပ်လိုက်ရင်၊ Notification Center မှာ weather အကြောင်း ဖော်ပြတော့မှာ မဟုတ်တဲ့အပြင်၊ သင့်ရဲ့ Apple Watch မှာလည်း weather ကို ဖော်ပြတော့မှာ မဟုတ်ပါဘူး။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com