Xiaomi က ယခုလအတွင်းအာဖရိကတွင် စမတ်ဖုန်းများကိုစတင်ရောင်းချမှာ
ဖြစ်ပြီးတောင်အာဖရိက ၊ နိုင်ဂျီးရီးယားနဲ့ ကင်ညာနိုင်ငံများမှာ ပထမဆုံး
ရောင်းချမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် စမတ်ဖုန်းများထဲမှာ Redmi 2 , Mi 4
တို့ ပါရှိမှာ ဖြစ်ပါတယ်။
Redmi 2 ကိုဒေါ်လာ ၁၆၀ နှင့် Mi 4 ကိုဒေါ်လာ ၃၂၀ ၀န်းကျင်ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ Xiaomi က အာဖရိကနိုင်ငံ ၁၄ ခုမှာ စမတ်ဖုန်းများကိုအဓိကရောင်းချနေတဲ့ Mobile In Africa Group နဲ့ ပူးပေါင်း ရောင်းချမှာ ဖြစ်ပါတယ်။ “ စမတ်ဖုန်းရောင်းအားတိုးတက်ကောင်းမွန်မယ့် နေရာဒေသအဖြစ် အာဖရိကကိုတွေ့မြင်မိပြီး အလွန်သက်သာတဲ့ ဈေးနှုန်းနဲ့ အရည်အသွေးမြင့်စမတ်ဖုန်းများကို အဲဒီနိုင်ငံ များမှာရောင်းချဖို့အတွက် MIA Group နဲ့ ပူးပေါင်းရတာလည်း အလွန် စိတ်လှုပ်ရှားနေပါတယ်” လို့ ရှောင်မီ ရဲ့ Global Strategy Director ဖြစ်သူ Raymond Tian ကပြောပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal