ကျွန်တော်တို့ ပီစီအသစ်တစ်လုံးကို စတင်သုံးစွဲခါစမှာ
ပေါ့ပေါ့ပါးပါးနှင့် စွမ်းဆောင်ရည်ကောင်းကောင်း သုံးစွဲနိုင် သော်လည်း
အချိန်ကြာလာတာ နဲ့အမျှ ပြဿနာပေါင်းစုံတက်လာပါတယ်။ ဆော့ဖ်ဝဲလ်တွေများစွာ
တင်လာတဲ့အခါ CPU အတွက် Loading များစွာတက်လာသလို Memory မှာလည်း
နေရာ ယူလာသောကြောင့် စက်ကနှေးကွေးလာတာတွေ၊ ဖိုင်တွေ များစွာ စုပြုံလာသည့် အခါ
နေရာလွတ်များ ရှားပါးလာတာတွေ၊ Hardware တွေနဲ့ပတ်သက်သော Driver
တွေပျက်ကုန်တာ၊ up to date မဖြစ်တော့ တာတွေစသဖြင့်များစွာသော
ပြဿနာတွေကြုံတွေ့ရမှာပါ။ Windows အသုံးပြုတဲ့အခါ အဆိုပါပြဿနာများကြောင့်
စက် မကြာခဏဟန်းသွားတာ၊ ဆော့ဖ်ဝဲလ်အမြင့်တွေဖွင့်တဲ့အခါ တော်တော်နဲ့
တက်မလာ တာတွေ့ကြုံ တွေ့ရနိုင်မှာဖြစ်သလို အခြားများစွာသော အဆင်မပြေမှုများကို
တွေ့ကြုံ ရနိုင်မှာပါ။ ယခုဆောင်းပါးမှာတော့ အဆိုပါပြဿနာများကို ကာကွယ်နိုင်
စေဖို့ အတွက် လုပ်ဆောင်နိုင်သော နည်းလမ်းများကို စုစည်းဖော်ပြပေး
လိုက်ပါတယ်။
<သင့်ရဲ့ Hardware Driver များကို နောက်ဆုံးဗားရှင်းများသို့ Update လုပ်ပါ>
Drivers တွေဆိုတာက ဆော့ဖ်ဝဲလ်တွေဖြစ်ပြီး သင့်ရဲ့ကွန်ပျူတာထဲ မှာရှိသော Hardware အစိတ်အပိုင်းများအနေဖြင့် တစ်ခုနဲ့တစ်ခု ဘယ်လို ချိတ်ဆက်ရမလဲဆိုတာကို Windows ကိုပြောဆိုညွှန်ကြားကြပါတယ်။ တစ်ခုရှိတာက Windows Update လုပ်တိုင်း နောက်ဆုံးသော Driver ဗားရှင်းတွေကို Update လုပ်မသွားတဲ့အတွက် သင်ကိုယ်တိုင် လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ရှေးယခင်ကထွက်ရှိခဲ့သော Hardware များအတွက် သူတို့ရဲ့ Driver တွေဟာ Windows 10 လိုမျိုးနောက်ဆုံးထွက် OS တွေနဲ့ ကိုက်ညီဖို့ Update လုပ်ရမှာလည်းဖြစ်ပါတယ်။ တကယ်လို့ မိမိတို့က Driver တွေကို အမြဲ Update ဖြစ်နေစေဖို့ လွယ်လင့်တကူဆောင်ရွက်လိုပါက DriverEasy ကဲ့သို့သော ဆော့ဖ်ဝဲလ်လေးတွေကို အသုံးပြုနိုင်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲလ် ကို https://www.drivereasy.com/ မှာ အခမဲ့ Download ချပြီးသုံးစွဲနိုင်ကာ သင့်ရဲ့ပျောက်ကွယ်နေသော Driver တွေရှာဖွေ တာ၊ Update လုပ်တာတွေကို လုပ်ဆောင်နိုင်မှာဖြစ် ပါတယ်။ Scan ဖတ်လိုက်တာနဲ့ သင့်စက်ထဲမှာ ပျောက်ကွယ်နေတဲ့ Driver တွေရှာဖွေ ပေးနိုင်သလို Date အောက်နေတဲ့ Driver တွေ၊ ကိုက်ညီမှုမရှိတဲ့ Drivers တွေကိုဖော်ပြပေးနိုင်ပြီး ယင်းတို့ကို Download လုပ်ကာ Install လုပ်နိုင်မှာ ဖြစ်ပါတယ်။
<မလိုအပ်သော ဆော့ဖ်ဝဲလ်များ (Bloatware) များကိုဖယ်ရှားခြင်း>
မလိုအပ်သော ဆော့ဖ်ဝဲလ်များကို ဖယ်ရှားခြင်းကလည်း စက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပြီး ပါဝါစားသုံးမှုကို လျော့ကျစေမယ့် တကယ့်ကို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့က Control Panel ကနေ 'Programs and Feature'မှတစ်ဆင့် ပရိုဂရမ်တွေကို Uninstall လုပ်လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ ယင်းကဲ့သို့ Uninstall လုပ်ရာမှာ အချို့သော ဖိုင်တွေက မိမိတို့ရဲ့စက်ထဲမှာ ကျန်ခဲ့နိုင်တဲ့အတွက် မလိုအပ်ဘဲ နေရာစားနေတာတွေဖြစ်နိုင်မှာပါ။ အဲဒီအတွက် Uninstall လုပ်ရာမှာ Revo Uninstall အသုံးပြု နိုင်မှာဖြစ်ပါ တယ်။ ယင်းဆော့ဖ်ဝဲလ်ကို http://www. revouninstaller.com မှာ Download လုပ်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး သင့်ပီစီမှာရှိတဲ့ ပရိုဂရမ်တွေ၊ အသုံးမပြုတဲ့ Web browser toolbars တွေ၊ Expired ဖြစ်နေတဲ့ Trial ဗားရှင်း ဆော့ဖ်ဝဲလ်တွေ၊ Antivirus ပရိုဂရမ်တွေ စတာတွေကို အကြွင်းမဲ့ Uninstall လုပ်နိုင်မှာဖြစ်ပြီး မိမိတို့ အတွက် အသုံးတည့်တဲ့ဆော့ဖ်ဝဲလ်တွေကို မှားပြီး Uninstall လုပ်ပစ်မှာ လည်းမပူရပါဘူး။ ဘာကြောင့်လဲဆိုတော့ Revo က အလိုအလျောက် System Restore လုပ်ပေးတဲ့ အတွက် ပြန်လည်ရယူနိုင်စေမှာဖြစ်ပါတယ်။
<Ready Boost ကိုအသုံးပြုခြင်း>
Memory 2GB နှင့်အောက်သုံးထားပြီး SD အသုံးပြုမထားသော ပီစီအနိမ့် တွေနဲ့ Memory ကို Ready Boost ဆိုတဲ့ Virtual Memory ပံ့ပိုးမှုစနစ်ကို အသုံးပြုပြီး ပိုမိုမြန်ဆန်စေနိုင်မှာဖြစ်ပါတယ်။ Ready Boost Feature အနေဖြင့် သင့်ပီစီမှာ ရှိသော Hard Drive ကိုအသုံးမပြုဘဲ USB Flash Drive ကိုအသုံးပြုရမှာဖြစ်ပါတယ်။ USB အလွတ်တစ်ချောင်းကို ကွန်ပျူတာ မှာ ထိုးလိုက်ပြီးယင်းကို Right Click နှိပ်ကာ Ready Boost Tab အောက်မှာ Apply လုပ်နိုင်မှာဖြစ်ပါတယ်။ Use this device ကိုရွေးချယ်ကာ System speed အတွက် Reserve လုပ်ထားရမယ့် Memory ပမာဏကို ချိန်ညှိပြီး Apply လုပ်လိုက်ပါက မိမိ တို့ရဲ့ System ကိုအသုံးပြုတဲ့အခါ ပိုမိုမြန်ဆန်လာ တာကိုတွေ့ရမှာဖြစ်ပါတယ်။ USB 2.0 ရှိသော Devices များနဲ့ SD ကတ်များမှာ ဒီ Feature ကလုပ်ဆောင်ပြီး RAM ပမာဏနည်းပါးသော ပီစီများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
<သင့်ရဲ့ Drive ကိုပိုမိုမြန်ဆန်စေရန် Defrag လုပ်ပါ>
ကျွန်တော်တို့ရဲ့ Hard Drive မှာ ဖိုင်တွေကို ကော်ပီကူးတာ၊ ရွှေ့ပြောင်းတာ၊ ဖျက်ပစ်တာတွေလုပ်ဆောင်ကြလေ့ရှိရာ မှာ တဖြည်းဖြည်းနဲ့ Hard Drive မှာ ဖိုင်တွေက နေရာအနှံ့ပြန်ကြဲနေမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ ပြန့်ကြဲ နေသော ဖိုင်တွေကို တစု တစည်းတည်းကျစ်ကျစ်လျစ်လျစ်ဖြစ်ဖို့၊ စွမ်းဆောင်ရည်ပိုမိုမြန်ဆန်လာစေဖို့အတွက် Defrag လုပ်ရမှာဖြစ်ပါတယ်။ Windows မှာလည်း Defrag လုပ်ဖို့အတွက် Defrag Tool ပါဝင်ပေမယ့် အချို့သော Option တွေဖြစ်သော သီးခြားဖိုင်တစ်ခု (သို့မဟုတ်) Folder တစ်ခုကိုသာ လုပ်ဆောင်လိုပါက ယင်းလုပ်ဆောင်ချက်များကို လုပ်ဆောင် နိုင်သော Defraggler ကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲလ်ကို http://www.piriform/ com/defraggler မှာ Download လုပ်ပြီးအသုံးပြုနိုင် မှာဖြစ်ပါ တယ်။ တစ်ခုရှိတာက Fragmentation လုပ်တာဟာ SSD တွေရဲ့ စွမ်းဆောင်ရည်တွေကိုတော့ သက်ရောက်မှုမရှိပါဘူး။ ထို့ပြင် SD တွေ အတွက် သူတို့ရဲ့ သက်တမ်းကိုလျော့ကျစေနိုင်သော SD တွေကို ဘယ်တော့ မှ Defrag မလုပ်မိဖို့ သတိပြုရမှာဖြစ်ပါတယ်။
<Taskbar Previews အတွက် ပိုမိုမြန်ဆန်စေရန် Registry မှာ လုပ်ဆောင်ခြင်း>
ကျွန်တော်တို့အနေနဲ့ Taskbars ပေါ်မှာရှိနေသော Icon တွေကို ကူးပြောင်း အသုံးပြုရာမှာ မောက်စ်ကိုတင်လိုက်လျှင် Windows Preview ပေါ်လာရာ မှာ နှောင့်နှေးကြန့်ကြာမှုများ မဖြစ်စေရန်အတွက် Registry မှာ လုပ်ဆောင် ထားနိုင်မှာ ဖြစ်ပါတယ်။ ယင်းအတွက် Start ကိုနှိပ်ပြီး 'regedit' ကို search box မှာ ရိုက်ထည့်ကာ Enter ကိုနှိပ်လိုက်ပါ။ ဘယ်ဘက်မှာ ရှိသော Folder Menu Pane မှာရှိတဲ့ 'HKEY_CURRENT_ USER' ကို double click နှိပ်ပြီး 'Control Panel' ကိုရွေးချယ်ကာ 'Mouse" ကိုနှိပ်လိုက်ပါ။ ယခုအခါမှာတော့ ညာဘက်ခြမ်းမှာရှိတဲ့ 'Mouse Hover Time' ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ယင်းကို နှိပ်လိုက်တဲ့အခါ Windows အသစ်တစ်ခုကိုမြင်တွေ့ရမှာဖြစ်ပြီး Value Data Box ထဲမှာ သတ်မှတ်ထားသော ၄၀၀ ဆိုတာက Preview window pops up ကိုကြာစေတာဖြစ်ပြီး ၁၀၀ ကတော့ မြန်ဆန်စေတာ ဖြစ်ပါတယ်။ ချိန်ညှိပြီးတဲ့အခါ OK ကိုနှိပ်ပြီး သင့်ကွန်ပျူတာကို Restart ပြန်လုပ်ရမှာဖြစ်ပါတယ်။
<သင့်ရဲ့ အဖိုးတန် Data များကို ကာကွယ်နိုင်ရန် Hard Drive ကို Partition ပိုင်းပါ>
သင့်ရဲ့ အဖိုးတန် Data များကို Hard Drive မှာသီးခြား Partition ပိုင်းထား ပြီး သိမ်းဆည်းထားခြင်းဖြင့် အဆိုပါဖိုင်များကို ကာကွယ်ပေးနိုင်မှာဖြစ်ပါ တယ်။ Windows မှာလည်း Partition ပိုင်းဖို့ လုပ်ဆောင်နိုင်သော်လည်း လွယ်လင့်တကူ လုပ်ဆောင်နိုင်စေရန်အတွက် သီးခြား Tool တွေကို အသုံးပြုနိုင်မှာပါ။ ပေါ့ပေါ့ပါးပါးသုံးစွဲနိုင်တဲ့ Tool တစ်ခုကတော့ Minitool Partition Wizard ပဲဖြစ်ပါတယ်။ အဆိုပါ Tool http://www.partitionwizard.com/ မှာ Download လုပ်ပြီးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Partition လုပ်နေစဉ်ကာလမှာတော့ သင့်ရဲ့အရေးကြီးတဲ့ဖိုင် တွေကို Back up လုပ်ထားသင့်ပါတယ်။ ကိုယ့် Hard Drive တွေရဲ့ Size ကို ချုံ့နိုင်၊ ချဲ့နိုင်မှာလည်းဖြစ်ပါတယ်။ Partition အသစ် တွေဖန်တီးတာ၊ ဖျက်ပစ်တာ၊ ပေါင်းစပ်တာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
<All-in-one Windows Repair Gadget ကိုအသုံးပြုပါ>
Windows မှာဖြစ်တတ်တဲ့ ပြဿနာလေးတွေကို ဖယ်ရှားဖို့အတွက် Windows Repair Tool ကို tweaking.com ကနေ Download လုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ယင်း Tool ကို http://www.tweaking.com/content/page/ windows_repair_all_in_one.html မှာ Download လုပ်ပြီးအသုံးပြုနိုင်ကာ အသေးစားပြဿနာများမှသည် အကြီးစား ပြဿနာများအထိ ဖြေရှင်းပေး နိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့စက်ထဲ မှာ ပြင်ဆင်ရမယ့် အရာတွေကို စစ်ဆေးဖို့ Scan ဖတ်နိုင်ပြီး Start Repairs ကိုနှိပ်ကာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ All in one Windows repair tool ဖြင့် Unhide Non System Files, Repair Problems with .lnk(Shortcuts), File Association, WMI Windows Firewall, Windows Updates, CD/DVD Missing/ Not Working, Winsock & DNS Cache အစရှိသော ပြဿနာပေါင်းစုံကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါ တယ်။
အထက်ပါဆော့ဖ်ဝဲလ်များဖြင့် ဖြေရှင်းသကဲ့သို့ မိမိတို့ရဲ့ Hardware ပိုင်းအတွက် Casing အတွင်းအပူများကိုမလွန်ကဲအောင် ပန်ကာ၊ အအေးပေးစနစ်များတပ်ဆင်ထားတာ၊ ဖုန်စုပ်ထုတ်တာ စတာတွေကိုလည်း လုပ်ဆောင်ထားသင့်ပါတယ်။ Laptop ဆိုလျှင်လည်း အောက်မှာ အအေးခံ ပြားပေါ်၌တင်ပြီး အသုံးပြုတာတွေကိုလုပ်ဆောင်သင့်ပါတယ်။
Windows 10 မှာဆိုလျှင်တော့ Win+Q ကိုနှိပ်ပြီး 'Windows Performance' ကို ရိုက်ထည့်ကာ Enter နှိပ်ပြီး Performance ပိုင်းနဲ့ပတ်သက်လို့ ချိန်ညှိ ထားနိုင်မှာပါ။ 'Adjust for best Performance' option ကိုရွေးချယ်မယ် ဆိုလျှင်တော့ Visual Effects တွေကို Disable လုပ်သွားမှာဖြစ်ပါတယ်။ ပြီးလျှင် Apply ကိုနှိပ်ရမှာပါ။ အခြားသော Performance ပိုင်းနဲ့ ပတ်သက် တာတွေကိုလည်း ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ဒီလောက်ဆိုလျှင်တော့ Windows မှာဖြစ်လေ့ဖြစ်ထရှိသော ပြဿနာတော်တော် များများအတွက် အဆင်ပြေနိုင်စေမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်လျှင်တော့ အခကြေးငွေပေးပြီး ၀ယ်ယူသုံးစွဲရတဲ့ ဆော့ဖ်ဝဲလ်တွေကို လေ့လာဝယ်ယူသုံးစွဲမယ်ဆိုလျှင်တော့ Windows ကိုစိတ်ချမ်းချမ်း သာသာ နဲ့ အသုံးပြုနိုင်စေမှာပဲဖြစ်ပါတယ်။
ငြိမ်းချမ်း (BE-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal