11/07/2015

♪ “The Ultimate Convertible Device Face-Off” ♫


Apple ရဲ့အသစ်ထွက်လာတဲ့ iPad Pro ဟာစိတ်လှုပ်ရှားစရာ လုပ်ဆောင် ချက်တွေနဲ့ သုံးစွဲသူတွေကိုဆွဲဆောင်ထားပါတယ်။ ဘယ်လိုမှ ထင်မှတ် မထားတဲ့ လုပ်ဆောင်မှုအသစ်တွေကို iPad အသစ်မှာမြင်တွေ့ခဲ့ရပါပြီ။ သို့ပေမယ့် Apple ရဲ့အသစ်ထွက်ထုတ်ကုန်မှာ ပြိုင်ဘက်ကောင်း(ဟောင်း)ကြီးတစ်ဦးရှိနေပါတယ်။ သူကတော့ software လုပ်ငန်းဆိုင်ရာတွေမှာ အကြီးမားဆုံးသောဈေးကွက် ပိုင်ဆိုင်မှုရရှိထားတဲ့ မိုက်ကရိုဆောဖ့်ပဲ ဖြစ်ပါတယ်။ iPad Pro ထွက်ရှိခဲ့တဲ့အချိန်တုန်းက အခြားသောကုမ္ပဏီတွေ ကထုတ်လုပ်ထားတဲ့ တက်ဘလက်တွေအများအပြား ရှိနေပေမယ့်လည်း အားလုံးသောသူတွေရဲ့ခန့်မှန်းချက်တွေအရတော့ အဓိကပြိုင်ဘက်ဟာ Surface Pro ဖြစ်ပြီး surface ရဲ့ဈေးကွက်တွေကို ရယူပိုင်ဆိုင်သွားမယ့် တက်ဘလက်အဖြစ်သတ်မှတ်ထားကြပါတယ်။ အဲအချိန်မှာတော့ Microsoft ဟာ Pro3 မှာပဲရှိနေသေးပြီး Surface Pro4 မိတ်ဆက်ဖို့ရက်ပိုင်းလောက် အလို အချိန်မှာဖြစ်တာကြောင့် ပြောင်းလဲသွားမှုအတွက်ကြီးမားတဲ့ နှိုင်းယှဉ်ချက်တွေမထုတ်ပေးသေးပါဘူး။ ဒီနေ့မှာတော့ Surface Pro4 ဟာ ထွက်ရှိလာခဲ့သလို၊iPad Pro ဟာလည်း iPad တွေရဲ့သက်တမ်းတလျောက် ပြောင်းလဲမှုအရှိဆုံးတက်ဘလက်အဖြစ် ရပ်တည်နေခဲ့ပါပြီ။ ကုမ္ပဏီ၂ခုရဲ့ device တွေမှာဘယ်လိုကွာခြားချက်တွေရှိနေမှာလဲ။ ဒါဟာအရမ်းကို စိတ်ဝင်စားစရာကောင်းလွန်းလှပါတယ်။ Tablet အသစ်တွေမိတ်ဆက်တဲ့ အချိန်နဲ့မီဒီယာတွေရဲ့ စာရွက်တွေပေါ်ကရေးသားချက်တွေကို ကြည့်လိုက် မယ်ဆိုရင်တော့ (၂)မျိုးလုံးဟာ အကောင်းဆုံးဆိုတာတွေပဲဖြစ်နေလို့ ရွေးချယ်ရခက်စေနိုင်ပါတယ်။ ဒါကြောင့်အခု feature ကိုရေးသားချိန်မှာ Apple နဲ့ Microsoft တို့ရဲ့အဓိက ၀က်ဘ်ဆိုက်တွေမှာ ၀င်ရောက်ဖတ်ရှုရုံ သာမကဘဲ၊နိုင်ငံတကာနည်းပညာအဖွဲ့တွေရဲ့ Handson တင်ပြချက်တွေကို ပါလေ့လာပြီး အတတ်နိုင်ဆုံးရေးသားပေးလိုက်တာပါ။ သင့်မျက်စိရှေ့မှာသာ device နှစ်ခုကိုချထားလို့ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် အတော်လေး တူတယ်လို့တောင်ထင်သွားနိုင်ပါတယ်။
၁၂.၉လက်မရှိတဲ့ Pro မှာ Surface မှာသုံးထားတဲ့လုပ်ဆောင်ချက်တွေ အားလုံးထည့်သွင်းပေးထားလို့ပါ။ ဒါပေမယ့် iPad Pro က ပိုကြီးပြီးတော့ ပိုပေါ့ပါတယ်။ ကီးဘုတ်ကာဗာ၊Stylus လို့လည်းသတ်မှတ်နိုင်တဲ့ apple pencil ပါသုံးနိုင်မယ့် iPad Pro ကို apple ခေါ်လိုက်တဲ့နာမည်ကတော့ 2in1 device ဖြစ်ပါတယ်။ Mouse လုပ်ဆောင်ချက်တစ်ခုကလွဲလို့ laptop မှာ သုံးနိုင်မယ့်လုပ်ဆောင်ချက်အားလုံးကို လက်ခံပေးတာ ကြောင့်ဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်ထဲကိုကြည့်လိုက်မယ်ဆိုရင်တော့ Microsoft ရဲ့ Surface Pro တွေကဈေးကွက်ထဲမှာအတော်လေးကိုအခြေခိုင်တဲ့ ဈေးကွက် ဝေစု ကိုပိုင်ဆိုင်ထားပါပြီ။ တူညီမှုတွေရှိမယ်၊ကွာခြားချက်တွေရှိမယ် ဘယ်သူကဈေးကွက်ဦးဆောင်သွားမလဲဆိုတဲ့ ရင်ခုန်စရာတွေရှိနေနိုင်တယ်။ iPad Pro ဟာပိုရှည်ပြီးတော့ ပိုပါးတဲ့အတွေ့အကြုံသစ်ကိုရရှိမှာဖြစ်ပြီး surface Pro 4 မှာတော့ USB 3.0 တစ်ပါတည်းထည့်သွင်းပေးထားမှာ ဖြစ်တာကြောင့် အခြားသောအသုံးအဆောင်တွေနဲ့ချိတ်ဆက်သုံးနိုင်မှာပါ။ Pro 4 ရဲ့မျက်နှာပြင်ပုံရိပ်ဖော်ပြမှုမှာ ၁၂.၃ လက်မထိတွေ့ display ဖြစ်ပြီး 2736×1824 res နဲ့အတူ 267ppi ကို ရရှိမှာဖြစ်ပေမယ့်သူ့မှာ microsoft ရဲ့ pixelsense နည်းပညာကိုသုံးစွဲပေးထားမှာဖြစ်တာကြောင့် ပိုမိုသပ်ရပ်တဲ့ အရောင်တောက်ပမှုတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ iPad Pro ရဲ့ ၁၂.၉ လက်မမှာRetina display နည်းပညာကိုသုံးထားပြီး resolution ပိုင်းမှာလည်း ပိုမိုသာလွန်တာကိုတွေ့ရမှာဖြစ်ပါတယ်။
တက်ဘလက်နှစ်ခုလုံးဟာ ကီးဘုတ်ထောက်ပံ့မှုကိုရရှိစေမှာဖြစ်ပြီး ထိတွေ့ မျက်နှာပြင်ပေါ်မှာသုံးနိုင်မယ့် stylus ရဲ့ဖိအားအပိုင်းမှာတော့ apple Pencil ကပိုသာပါလိမ့်မယ်။ Apple ကိုဝယ်သုံးမယ်ဆိုရင်တော့ အသုံးအဆောင် ပစ္စည်းတွေအားလုံးဟာ ၀ယ်သုံးရပါလိမ့်မယ်။ Surface ကိုကိုင်မယ် ဆိုရင် တော့ stylus တစ်ပါတည်းထည့်သွင်းပေးမှာဖြစ်ပြီးစမတ်ကီးဘုတ်ကိုဝယ်ယူ သုံးနိုင်မှာဖြစ်ပါတယ်။ အားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်တော့ Surface Pro 4 ဟာport အပိုင်းနဲ့ပတ်သက်လာရင် USB3.0,MicroSD card,Mini display port တွေကိုသုံးနိုင်မှာဖြစ်ပြီး၊Pro ကိုသုံးမယ်ဆိုရင်တော့Lightning connector တစ်ခုကိုသာသုံးနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးပေါ် တက်ဘလက်နှစ်လုံးရဲ့ စွမ်းဆောင်နိုင်မှု၊ ကွာဟချက်တွေကို လေ့လာကြည့် လိုက်တဲ့အခါမှာတော့ . . .
<Vital stats >
<10 hours >
ဖျော်ဖြေရေးဆိုင်ရာတွေကို ဆက်တိုက်အသုံးပြုမယ်ဆိုရင် ၁၀နာရီခံနိုင်စွမ်း ရှိမယ်။
<6.9mm >
၆ .၉ မီလီမီတာအထူရှိပြီး ၁ .၅၇ ပေါင်အလေးချိန်ရှိပါတယ်။
<64>
keys 64 ခုဟာ သမားရိုးကျကီးဘုတ် များနဲ့မတူဘဲ ခလုတ်များကြားမှာ
နေရာ လွတ်မရှိပါဘူး။
<12.9 inches>
Pixels ပေါင်း ၅ .၆သန်းနဲ့အတူ iOS Device ထဲမှာ Res အမြင့်ဆုံး Retina Display ကိုပိုင်ဆိုင်ပါတယ်။
<Four Speaker Audio>
အရည်အသွေးမြင့်မားတဲ့ စပီကာအသစ်လေးလုံးပါရှိပြီး မျက်နှာပြင်လိုပဲ အသံအရည်အသွေးကို မြင့်မားအောင်ပြုလုပ်ထားပါတယ်။iPad Pro ဟာ ကိုင်တွယ်ထားတဲ့အပေါ်မူတည်ပြီး အသံကို ချိန်ညှိပေးနိုင်ပါတယ်။ ဂိမ်းကစားရင်ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ရင်ဖြစ်ဖြစ် iPad Pro ရဲ့ အသံဟာ အလွန်ကောင်းမွန်မှာပါ။
<Smart Covers & Silicone Cases>
iPad Proအတွက်Smart Covers နဲ့Silicone Cases ကိုအထူးပြုလုပ်ထားပါ တယ်။Smart Cover ကိုအကြမ်းခံတဲ့Polyure-thane နဲ့ပြုလုပ်ထားပြီးအညို နှင့်အဖြူရောင်နှစ်မျိုးထုတ်လုပ်ထားပါတယ်။Silicone Case ကသင့်iPad Pro ရဲ့အနောက်ကိုကာကွယ်ပေးမှာဖြစ်ပြီးSmart Cover နဲ့လွယ်ကူစွာ ချိတ်ဆက်ဖို့ဒီဇိုင်းထုတ်ထားပါတယ်။
<Apple iPad Pro>
<iSight and FaceTime HD Cameras>
လူတွေက iPad နဲ့ ဓါတ်ပုံရိုက်ကူးရတာကို နှစ်သက်ကြပါတယ်။ iPad Pro မှ iSight Camera မှာ လှပတဲ့ဓါတ်ပုံနဲ့ ဗီဒီယိုများရိုက်ကူးပေးနိုင်တဲ့ အဆင့်မြင့် Sensor ပါရှိပါတယ်။ Apple က ဒီဇိုင်းထုတ်ထားတဲ့ Image Signal Processor က Panorama or Burst or Timer Mode များထဲမှ ဘယ်အရာကို အသုံးပြု နေသည်ဖြစ်စေကောင်းမွန်တဲ့ ရလဒ်များကိုပေးစွမ်းမှာ ပါ။ 720p HD ဖြင့် Time-Lapse နဲ့ Slo-Mo Video များကိုလည်း ရိုက်ကူးနိုင်ပါတယ်။ ပိုမို ကြီးမားတဲ့ Viewfinder နဲ့အရင်ကထက်အသေးစိတ်ကျတာတွေကိုမြင်နိုင်ပါ တယ်။ အရှေ့ဘက် FaceTime HD Camera မှာလည်းကြီးမားတဲ့မျက်နှာပြင် နဲ့ အတူပိုမိုတိုးတက်လာတဲ့ Sensor ပါလာပြီး Video Calls များကိုခေါ်ဆိုနိုင် ပါတယ်။ အလင်းရောင်နည်းတဲ့ အခြေအနေသို့မဟုတ် Backlit Settings မှာတောင် ဓါတ်ပုံနဲ့ဗီဒီယိုများဟာ ကောင်းမွန်ပါတယ်။
<iOS 9>
iOS 9 ဟာကမ္ဘာမှာ အလုံခြုံဆုံးနဲ့အဆင့်အမြင့်ဆုံး Mobile Operating System ဖြစ်ပါတယ်။ iPad Pro ရဲ့မြင့်မားတဲ့စွမ်းဆောင်ရည်ကိုအကျိုး ရှိစွာအသုံးချမယ့် စွမ်းဆောင်ရည်များနဲ့အတူ iOS 9 က ဖန်တီးမှုနဲ့ အလုပ် တွင်ကျယ်မှုကို ပိုမိုတွန်းအားပေးပါတယ်။ Multitasking စွမ်းဆောင်ချက်က App နှစ်ခုကိုတစ်ပြိုင်တည်းမောင်းနှင်ပေးပါတယ်။ Siri, Spotlight Search အပါအ၀င် တိုးတက်လာတဲ့စွမ်းဆောင်ချက်များက iPad ကိုပိုလို့တောင် အသုံးဝင်စေပါတယ်။ iOS 9 နဲ့ iPad Pro ဟာ အလုပ်အတူတူတွဲဖက်လုပ်ဖို့ ဒီဇိုင်းထုတ်ထားတာပါ။
<Apple Pencil>
Apple Pencil ရဲ့ အလွန်လျင်မြန်တဲ့တုံ့ပြန်မှုဟာ အခြားတီထွင်ဖန်တီးမှု Tools များကနေခွဲထွက်သွားစေပါတယ်။ ဒါဟာ စောင့်ဆိုင်းရချိန်မရှိသလောက် ဖြစ်လို့ပါပဲ။ စာစရေးတဲ့အချိန်နဲ့ မျက်နှာပြင်ပေါ်မှာပေါ်တဲ့အချိန်ကြားမှ စောင့်ဆိုင်းရမှုဟာအလွန်လျင်မြန်ပါတယ်။ iPad Pro ကသင်ဟာ လက်ချောင်းကိုသုံးနေတာလား။ Apple Pencil ကို သုံးနေတာလား ဆိုတာ သိပါတယ်။ iPad Pro က Apple Pencil ကိုအာရုံခံမိတာနဲ့သူ့ရဲ့စနစ်က တစ်စက္ကန့် လျှင်အကြိမ် ၂၄၀ နှုန်းနဲ့ဒေတာတွေကိုဖမ်းယူပါတယ်။ ဒါဟာ လက်ချောင်း အသုံးပြုတာထက် နှစ်ဆဒေတာများကို ကောက်ယူနိုင်တာပါ။ အဲဒီဒေတာတွေ ကို Apple ရဲ့ Software နဲ့ပေါင်းပြီးစတင်ရေးဆွဲလိုက်ချိန်မှာ milliseconds အတွင်း မျက်နှာပြင်ပေါ်မှာပြသပေးပါတယ်။
<Apple iPad Pro: The Ultimate Convertible device>
Apple က iPad Pro တက်ဘလက်ကိုရောင်းချလိုက်ပါပြီ။ iPad Pro တွင် ၁၂.၉ လက်မမျက်နှာပြင်တပ်ဆင်ထားပြီး 2732x2048p Resolution ဖြစ်ပါ တယ်။ iPad Air 2 နဲ့တစ်လက်မလျှင် Pixels သိပ်သည်းဆတူညီပြီး 264ppi ဖြစ်ပါတယ်။ မျက်နှာပြင်မှာ ဘက်ထရီကို ချွေတာပေးနိုင်တဲ့နည်းပညာ ပါရှိပါတယ်။ iPad Pro အတွက်အထူးဒီဇိုင်းထုတ်ထားတဲ့ Apple Pencil လို့ခေါ်တဲ့ Stylus ပါရှိပြီး System Apps အားလုံးနီးပါးတွင် ပုံဆွဲခြင်း၊ စာရေးခြင်းများကိုပြုလုပ်နိုင်ပါတယ်။ Apple Pencil တွင် Lightning Port ပါရှိပြီး အားသွင်းပေးရမှာ ဖြစ်ပါတယ်။ iPad Pro ကို A9x Chip အသစ်က မောင်းနှင်မှာဖြစ်ပြီး Apple ရဲ့အဆိုအရ iPad Air 2 A8x ထက် Memory Bandwidth, Flash Storage Speed နဲ့ GPU Processing Power တို့မှာ နှစ်ဆပိုမိုကောင်းမွန်လာပြီး စွမ်းဆောင်ရည်အားလုံးကိုခြုံငုံကြည့်ရင် ၁.၈ဆ ပိုမိုတိုးတက်လာပါတယ်။ iPad Pro မှာ Touch ID နည်းပညာကို အသုံးပြု ထားပါတယ်။ အဲဒီအတွက်သင့်ရဲ့ Device ကို တစ်ချက်ထိရုံနဲ့ Unlock လုပ်နိုင်ပြီး အခြားလူတစ်ယောက်ကို သင့်ရဲ့ iPad ကို ပေးလိုက်ရင်တောင် သင့်ရဲ့ ကိုယ်ရေးကိုယ်တာဒေတာများ လုံခြုံပါတယ်။ Touch ID ကိုအသုံးပြု ပြီး iTunes, iBooks, App Store တို့မှာ လုံခြုံတဲ့ဈေးဝယ်ယူမှုများပြုလုပ်နိုင် ပါတယ်။iPad Pro ဟာ ယခင်နှစ်ထုတ် Portable PC များထက် ၉၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာပါ။ Pad Pro အတွက် Smart Keyboard ကိုလည်း ထုတ်လုပ်ပေးထားပြီး Surface Type Cover ကိုယှဉ်ပြိုင်ဖို့ဖြစ်ပါတယ်။ Smart Keyboard ဟာ External Keyboard ဖြစ်ပြီးသံလိုက် Smart Connector နဲ့ တက် ဘလက်မှာချိတ်ဆက်ရမှာပါ။ Microsoft နဲ့ ပူးပေါင်းပြီး MS Office မှာ Pencil ကိုကောင်းစွာအသုံးပြုနိုင်အောင်ဒီဇိုင်းထုတ်ထားပါ တယ်။ iPad Pro ကို iOS 9 က မောင်းနှင်မှာဖြစ်ပြီး Split Screen View စွမ်းဆောင်ချက်ပါရှိပါတယ်။
<စွမ်းဆောင်ရည်မြင့် Device အတွက် စွမ်းဆောင်ရည်မြင့် Chip>
iPad Pro ရဲ့အတွင်းပိုင်းမှာ 64-bit Desktop အဆင့် Architecture ဖြင့် ဖန်တီးထားတဲ့ တတိယမျိုးဆက် A9X Chip ထည့်သွင်းထားပါတယ်။ iPad Air 2 ရဲ့ CPU စွမ်းဆောင်ရည်ထက် ၁ .၈ ဆနှင့် Graphics စွမ်းဆောင်ရည်ထက် နှစ်ဆပိုမိုကောင်းမွန်ပါတယ်။ စွမ်းအင်အများဆုံးအသုံးပြုတဲ့ Apps များ တောင်ကောင်းစွာလည်ပတ်နိုင်ပါတယ်။
<Microsoft Surface Pro 4>
<Display & pen input>
Surface Pro4 ဟာမြင်ကွင်းစွမ်းဆောင်မှုအပိုင်းမှာကြီးမားတယ်လို့ မဆိုနိုင် ပေမယ့် ပုံရိပ်ဖော်ပြမှုပိုင်းမှာတော့ အရင်မျိုးဆက်ထက်ပိုမိုရှင်းလင်း တောက်ပမှုကိုရရှိစေမှာဖြစ်ပါတယ်။ Pixel ပိုင်းနဲ့ပတ်သက်ရင်စာသားတွေကို မြင်ကွင်းရှင်းရှင်းနဲ့မြင်ရစေဖို့၊ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို စွမ်းရည်ပြည့် အတွေ့အကြုံသစ်နဲ့ကြည့်နိုင်စေဖို့အတွက် ဖန်သားကိုနောက်ဆုံးပေါ် နည်းပညာတွေနဲ့ပြုလုပ်ထားပါတယ်။ Pixel sense display ဟာမျက်နှာပြင် ရဲ့ထိတွေ့တုံ့ပြန်နိုင်စွမ်းနဲ့ အတူ Pen ရဲ့ထောက်ပံ့နိုင်စွမ်းကိုပါတိုးမြှင့် ပေးမှာဖြစ်ပါတယ်။ Microsoft အနေနဲ့ Pen ရဲ့တုံ့ပြန်နိုင်မှုအစွမ်းအတွက် ၁၀၂၄ အဆင့်လောက်ထိပိုမြန်အောင်ပြု လုပ်ပေးထားပါတယ်။ စာရွက်ပေါ် မှာခဲတံနဲ့ရေးတဲ့ ပုံစံလိုမျိုးခံစားရနိုင်ပါတယ်။ လက်ရေးစနစ်နဲ့ပုံဆွဲတဲ့အခါမှာ ပိုကောင်းတဲ့စွမ်းဆောင်မှုနဲ့အတူ Pen ရဲ့ သက်သောင့်သက်သာ ကိုင်တွယ် နိုင်စွမ်းကိုပါပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
<Windows 10>
Windows 10 မှာ Mail နဲ့ Calender apps များကိုအထူးပြုပြင် ပြောင်းလဲ လုပ်ဆောင်ထားပါတယ်။ ပိုမိုမြန်ဆန်စွာဖြင့်တုံ့ပြန်မှုကောင်းကောင်းရရှိနိုင်ဖို့၊ မျက်နှာပြင်ပေါ်မှာသတင်းအချက်အလက်များကို ပိုမိုစုံလင်စွာဖော်ပြနိုင်ဖို့၊ မည်သည့်အရွယ်အစားမျိုးမဆိုရှိနေသော မျက်နှာပြင်များအားလုံးနဲ့ လိုက်လျောညီထွေရှိမယ့် interface ပုံစံကို အလိုအလျောက် ပြောင်းလဲ ဖော်ပြနိုင်စေဖို့တွေလုပ်ဆောင်ထားပါတယ်။ Cortana ဖြင့် OS ရဲ့ search functions များကိုလုပ်ဆောင်ပေးနိုင်မှာဖြစ်ပြီး သင့်ရဲ့ကိုယ်ရေး အချက်အလက်များကို ရယူအသုံးပြုပြီး၊ Bing ရှာဖွေရေးအင်ဂျင်ဖြင့် သင်ရှာဖွေလိုသောအချက်အလက် များကိုတိကျစွာရှာပေးနိုင်မှာဖြစ်သလို အခြားသောအသုံးတည့်လုပ်ဆောင်မှုများစွာကို လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါ တယ်။
<Typing experience>
Microsoft ရဲ့အသစ်ထုတ်လုပ်ထားမယ့် Type Cover ဟာ အခြားကာဘာ တွေအတိုင်း ပေါ့ပါးစွာသယ်ဆောင်သွားနိုင်မှာဖြစ်ပြီး ကီးဘုတ်တွေ နေရာမှာ အကောင်းဆုံးအစားထိုးပါလိမ့်မယ်။ Type Cover မှာ trackpad ကို သုံးလို့ ရမှာဖြစ်တဲ့အပြင်အရင်ထွက်ရှိထားတာတွေထက် ၄၀ရာခိုင်နှုန်းလောက် ပိုရိုက်ရတာအဆင်ပြေလာပါတယ်။ ကီးတွေကိုမရိုက်ချင်တဲ့အချိန်မှာတော့ display ပေါ်မှာ Pen ကိုအသုံးပြုပြီးတော့ desktop software တွေကိုသုံးနိုင် ပါလိမ့်မယ်။ အလေးချိန်ကလည်း၇၆၆ဂရမ်သာရှိမှာဖြစ်တာကြောင့် ပိုက်ဆံ အိတ်တစ်ခုကို ကိုင်တွယ်ထားသလိုမျိုးပေါ့ပါးတဲ့ သယ်ဆောင်မှုကို ရရှိစေ မှာပါ။
<Performance>
Microsoft အနေနဲ့ surface သုံးတဲ့သူတွေကိုရွေးချယ်ခွင့် ၂ခုပေးထားပါ တယ်။ အဲဒါကတော့spec အမြင့်စားကိုကြိုက်တဲ့သူတွေဟာ Core i7, i5 ကိုအသုံးပြုနိုင်ပြီး၊ အလယ်အလတ်ဆင့်သုံးတဲ့သူတွေကတော့ CoreM နဲ့ surface ကိုသုံးနိုင်ပါလိမ့်မယ်။ 8GB RAM ကိုသုံးနိုင်မယ့် i5 ဟာ အသင့်တော်ဆုံးဖြစ်ပြီး၊သိုလှောင်မှုပမာဏဟာ256GBကိုရရှိမှာဖြစ်ပါတယ်။
<9 hours>
ဘက်ထရီဟာတစ်ကြိမ်အားသွင်းရုံနဲ့ videoကြည့်ရှုမှုတွေကို သက်တမ်းကြာ စွာပြုလုပ်နိုင်ပါလိမ့်မယ်။
<8.45mm>
ကိုယ်ထည်ပိုင်းကိုကြည့်မယ်ဆိုရင်ပေါ့ပါးမှုနဲ့အတူသပ်ရပ်တဲ့ဒီဇိုင်းကိုပါပိုင် ဆိုင်မှာပါ။
<78>
Type Cover ကိုသုံးတဲ့သူတွေဟာကီးတွေသွက်လက်စွာသုံးနိုင်ဖို့ အရေ အတွက် များများပါဝင်လာမှာပါ။
<12.3inches >
ပါးလွှာတဲ့Pro 4 ဟာသင့်အတွက် Pixel sense display ကိုပါထပ်မံပံ့ပိုးထား ပါတယ်။
<Kick Me,Quick>
Surface မှာလိုအပ်သလိုပြင်ဆင် ပြောင်းလဲသုံးစွဲနိုင်တဲ့ kickstand နဲ့ တွဲဖက်သုံးနိုင်မှာဖြစ်ပါတယ်။ ဘယ်လိုထောင့်မျိုး ကမဆို display ကို မြင်တွေ့သုံးစွဲနိုင်စေမှာပါ။၁၅၀ဒီဂရီအထိလှည့်လည် သုံးနိုင်မှာပါ။
<Believe the type>
ခွဲခြမ်းစိတ်ဖြာခြင်းဆိုတာကို Pro 4မှာတွေ့ရမှာပါ။ Display ကို ကာကွယ်နိုင် စေဖို့အတွက်တက်ဘလက်ကိုသိမ်းဆည်းတဲ့အိတ်တစ်ခုအနေနဲ့ရှိနေမှာပါ။ သင့်တင့်တဲ့ backlit keysတွေကိုပါသုံးနိုင်မှာပါ။ အောက်ဆုံးဘက်မှာတော့ track - pad ဟာမောက်စ်တစ်ခုအဖြစ်အသုံးဝင်ပါလိမ့်မယ်။

<SURFACE PRO 4: Yes, it can really replace your laptop>
တက်ဘလက်တွေရဲ့ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာစေခဲ့ပါပြီ။ Surface မတိုင် ခင်က apple ဟာ iPad Pro ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီအချိန်မှာ သုံးစွဲသူ တွေအနေနဲ့ မိုက်ကရိုဆောဖ့်ဘယ်လိုလုပ်မလဲဆိုတာစောင့်ကြည့်နေခဲ့ကြ ပါတယ်။ ဘာကြောင့်လဲဆိုရင် iPad Pro ရဲ့Pen ပါဝင်လာမှုတွေဟာ Surface ဈေးကွက်ကိုလုံးဝထိခိုက်သွားနိုင်တာကြောင့်ပါ။ အခုတော့ Surface Pro 4 ဟာဝင်းဒိုးသုံးစွဲသူတွေလက်ထဲကိုရောက်ရှိပါတော့မယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၉၉ ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ၁၂.၃ လက်မ မျက်နှာပြင်အကျယ်အ၀န်းနဲ့ ဘေးဘောင်တွေက ပိုကျဉ်းလာမှာဖြစ်ပါတယ်။ နည်းပညာသုံးသပ်နှိုင်းယှဉ်ချက်တွေအရတော့ အရင်ထွက်ခဲ့တဲ့ surface 3 ထက် ၃၀% နှုန်းပိုမြန်ဆန်ပြီး၊MacBook Air ထက် ၅၀% နှုန်းနီးပါးပိုမြန်ဆန် မယ်လို့ဆိုပါတယ်။ စွမ်းဆောင်ရည်ပိုင်းလုပ်ဆောင်နိုင်မှုတွေမှာ ကောင်းမွန်မှု တစ်ခုတည်းတင်မကပါဘူး။ လက်တော့အနေနဲ့သုံးစွဲမယ်ဆိုရင်တော့ ကီးဘုတ်ပါဝင်တဲ့ Dock နဲ့ ချိတ်ဆက်သုံးနိုင်မှာပါ။ အလေးချိန်ကတော့ 786g ရှိမှာဖြစ်ပါတယ်။
မိုက်ကရိုဆော့ဟာသုံးစွဲသူတွေကိုရွေးချယ်မှုများစွာလည်းပေးထားပြီး ဘက်ထရီရဲ့စွမ်းဆောင်နိုင်မှုဟာ ၉ နာရီနီးပါးခံနိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက်ကတော့ 5MP အရှေ့ဘက်ကင်မရာနဲ့အတူ၊ auto-focus လုပ်ဆောင် ချက်သုံးနိုင်မယ့် 8MP အနောက်ဘက်ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Surface Pen ဟာ မွမ်းမံ ပြင်ဆင်မှုအပိုင်းမှာ ပိုကောင်းလာပြီး Note တွေကိုသွက်လက်စွာရေးသားနိုင်လာပါလိမ့်မယ်။ သိုလှောင် သိမ်းဆည်းမှုအတွက် Solid state drive (SSD) တွေကို တပ်ဆင် ထားမှာပါ။ USB 3.0 ထောက်ပံ့မှုနဲ့အတူ mini display port ကိုလည်း သုံးနိုင်မှာ ဖြစ်ပါတယ်။
<Size>
Tablet နှစ်မျိုးလုံးကို ကြည့်လိုက်မယ်ဆိုရင်အနည်းငယ်လောက်သာ ထူးခြားတဲ့ကွာခြားချက်တွေရှိပြီးapple ကိုသုံးသူတွေကတော့ ကီးဘုတ်ကို ၀ယ်ယူသုံးစွဲနိုင်ပါလိမ့်မယ်။ Device နှစ်မျိုးလုံးကတော့ ကြီးမားတဲ့ တက်ဘလက်တွေလို့ သတ်မှတ်ရမှာပါ။ တိုင်းတာချက်တွေ အရတော့iPad Pro ဟာsurface Pro4 ထက်၅% နှုန်းလောက်ပိုရှည်ပြီး၊ ၁၀%လောက် ပိုကျယ်ပါလိမ့်မယ်။ ၁၈% လောက် ပိုပါးတာကိုတွေ့ရမှာဖြစ်ပါတယ်။ အရွယ်အစားကွာခြားချက်ကိုကြည့်လိုက်မယ်ဆိုရင်လည်း ၁၂လက်မ မျက်နှာပြင်ရဲ့ ၈၇% လောက်သာ surface မှာသုံးနိုင်မှာဖြစ်ပြီး Pro မှာတော့ ၁၀၀% အပြည့်သုံးနိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင်ပုံရိပ်ဖော်ပြနိုင်စွမ်း မှာလည်း iPad Pro ရဲ့ ပုံရိပ်ဖော်ပြနိုင်မှုက ပိုသာနေတာကိုတွေ့ရမှာဖြစ်ပါ တယ်။ အရွယ်အစားအရကြည့်လိုက်မယ်ဆိုရင်တော့ iPad Pro(6.9mm) ဖြစ်ပြီး Pro4 ကတော့ 8.5mm ဖြစ်နေတာကြောင့် 0.2mm နီးပါးလောက် ပိုထူနေပါတယ်။
<Build>
အလေးချိန်ကတော့ အနည်းငယ်လောက်သာကွာခြားချက်ရှိမှာဖြစ်ပါတယ်။ Surface ဟာCore i7,i5 ဗားရှင်းတွေထက် Core M ဗားရှင်းက အလေးချိန် ပိုများပါလိမ့်မယ်။ iPad Pro မှာတော့ ဆယ်လူလာဗားရှင်းဟာ wifi ထက် ၁၀ဂရမ်လောက်ပိုလေးမှာ ဖြစ်ပါတယ်။ တည်ဆောက်ထားမှု အရ တက်ဘလက် နှစ်မျိုးမှာမက်ဂနီ ဆီယမ်နဲ့ အလူမီနီယမ်ကိုယ်ထည်တွေကို တွေ့ရမှာဖြစ်ပါတယ်။ Apple ကိုကြည့်လိုက်မယ်ဆိုရင် သူ့မှာ kickstand တစ်ပါတည်း ထည့်သွင်းမပေးလာသေးပါဘူး။ ဒီကွာခြားချက်မှာတော့ Surface က ပိုသာသွားသလိုထင်ရပါတယ်။ Surface ဟာအရောင် ရွေးချယ်ခွင့်ရမှာ မဟုတ်ဘဲ ငွေရောင်တစ်မျိုးတည်းသာထွက်ရှိမှာပါ၊ Apple ကိုသုံးမယ်ဆိုရင်တော့ အရောင်သုံးမျိုးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

<Display>
မျက်နှာပြင်ပုံရိပ်ဖော်ပြနိုင်စွမ်းကိုကြည့်လိုက်မယ်ဆိုရင်တော့ Pro ရဲ့ Screen ဟာ၁၄% လောက် မှန်ကန်တဲ့ စွမ်းဆောင်နိုင်မှုကိုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Surface က (12.3in)ဖြစ်ပြီး iPad Pro က (12.9in) ရှိမှာဖြစ်ပါတယ်။ ပုံရိပ်တစ်ခုရဲ့ဖော်ပြနိုင်စွမ်းလို့ သတ်မှတ်နိုင်တဲ့အရောင် resolution ပိုင်းနဲ့ပတ်သက်လာရင်လည်း surface (2736x1824) ဟာ iPad Pro(2732x2048) နဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင်ပုံရိပ်ဖော်ပြမှုအပိုင်းမှာအားနည်းတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်ထပ်ထူးခြား ချက်လို့ ဆိုနိုင် တာကတော့ Pro မှာ သုံးစွဲသူတွေစတင် မြင်တွေ့ရတော့မယ့် Pencil ပဲ ဖြစ်ပါတယ်။ Stylus လို့ဆိုတဲ့ Pen တွေဟာတခြားထုတ်ကုန်တွေမှာ အစောပိုင်းထဲထည့်သွင်းလာခဲ့တာဆိုပေမယ့် apple ကတော့ အခုမှ ထည့်သွင်းပေးလာခဲ့တာပါ။ မိုက်ကရိုဆောဖ့်ဟာSurface Pro 4 ကိုဝယ်ယူ လိုက်တာနဲ့ Pen ကိုတစ်ပါတည်းသုံးစွဲ နိုင်မှာဖြစ်ပြီး၊Apple Pencil ကိုအသုံးပြု ချင်တယ်ဆိုရင်တော့ ၉၉ ဒေါ်လာကုန်ကျမှာဖြစ်ပါတယ်။

<Facial recognition>
ဒီလုပ်ဆောင်နိုင်စွမ်းအတွက်ကတော့ Surface Pro 4 မှာ ထောက်ပံ့မှုအနေနဲ့ windows 10 ရဲ့ Hello လုပ်ဆောင်ချက်ကိုသုံးနိုင်မှာဖြစ်ပြီး၊ တက်ဘလက် ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး သင့်မျက်နှာလေးတစ်ချက်ပြလိုက်တာနဲ့ Log ပြုလုပ်လို့ရနိုင်မှာဖြစ်ကာ သင့်ရဲ့ လက်ချောင်း၊Password တွေလိုအပ်တော့ မှာမဟုတ်ပါဘူး။ Apple မှာတော့ surface နဲ့ခြားနားစွာပဲ fingerprint sensor ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ မိုက်ကရိုဆောဖ့်ကိုသုံးမယ်ဆိုရင်တော့ ဒီလုပ်ဆောင်ချက်အတွက်ခေါင်းကိုက်စရာရှိနေပါတယ်။ အဲဒါကတော့ လက်ဗွေလုပ်ဆောင်ထည့်သွင်းထားတဲ့ ကီးဘုတ်ကိုဝယ်ယူသုံးစွဲရမှာဖြစ်ပါ တယ်။ iPhone တွေကိုနှစ်သက်ရင်းစွဲနဲ့ iPad နှစ်ခြိုက်သူတွေအတွက် ကတော့ Touch ID နည်းပညာရှိနေပါတယ်။ တက်ဘလက်ရဲ့ Home button မှာထည့်သွင်းပေးထားတဲ့ Touch ID နည်းပညာဟာအခြားသော OS တွေမှာထည့်သွင်းပေးထားတဲ့ လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်တွေထက် ပိုကောင်းမွန်တာကိုတွေ့ရမှာပါ။ iPad Pro ရဲ့ 128GB ကိုဝယ်ယူလိုက်မှ သာLTE ဗားရှင်းကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။

<Keyboard>
ကျွန်တော်တို့အသုံးပြုနေတဲ့ တက်ဘလက်တွေဟာ တဖြည်းဖြည်းနဲ့ hybrid ဘက်ကိုဦးတည်လာခဲ့ပါပြီ။ Surface တွေမှာတော့အစောပိုင်းထဲက ပြောင်းလဲလာခဲ့တာပါ၊ iPad Pro အတွက်ကတော့ အခုမှစတင်ခံစား ရမှာ ဖြစ်ပါတယ်။ ကီးဘုတ်အတွက် ကုန်ကျစရိတ်တွေတော့ရှိနေပါတယ်။ surface($130)နှင့်Pro($169) နဲ့ ၀ယ်ယူတပ်ဆင်ရမှာပါ။ Trackpad ပိုင်းနဲ့ ပတ်သက်လာရင်တော့ ကြီးမားတဲ့ကွာခြားချက်တွေရှိနေမှာဖြစ်ပါတယ်။ surface ရဲ့ကီးဘုတ်ဒီဇိုင်း ဟာ ပုံမှန် laptop တွေမှာ သုံးတဲ့ပုံစံအတိုင်း ခံစား ရစေဖို့အတွက် glass trackpad ကိုထည့်သွင်းပေးထားပြီး apple ရဲ့ကီးဘုတ် မှာတော့ပါဝင်လာခြင်းမရှိပါဘူး။ တက်ဘလက်တွေကိုလက်တော့အဖြစ် ပြောင်းလဲသုံးစွဲနိုင်စေမယ့် အရာကတော့ mouse ပဲဖြစ်ပါတယ်။ ဒါပေမယ့် iPad Pro မှာမောက်စ်လုပ်ဆောင်ချက်ဟာ အရာထင်မှာ မဟုတ်သလို သုံးစွဲ လို့လည်းမရနိုင်ပါဘူး။ ထိတွေ့မျက်နှာပြင်ပေါ်မှာ လက်ချောင်းလေး တွေသုံးစွဲပြီးဖြစ်စေ၊ Pencil ရဲ့ ထိတွေ့မှုတွေကနေ တစ်ဆင့်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

<Desktop apps>
Surface ဟာမိုက်ကရိုဆောဖ့်ရဲ့ထုတ်ကုန်ဆိုတာကိုကျွန်တော်တို့ အနေနဲ့ လုံးဝမေ့ထားဖို့မသင့်ပါဘူး။ windows software အပိုင်းမှာအရမ်းအောင်မြင် နေတဲ့ Microsoft ဟာ desktop app တွေကို surface ဆီကို သယ်ဆောင် ပေးလာပါတယ်။ ဒါဟာ tablet နှစ်မျိုး အတွက်ကွာဟချက်လို့ သတ်မှတ်နိုင် ပါတယ်။ Pro မှာလည်း surface လိုမျိုးdesktop apps တွေမပါပေမယ့် တကယ့်ကိုပုံရိပ်တည်းဖြတ် app တွေအား pencil ကိုသုံးပြီးတော့ပြုလုပ် နိုင်ပါလိမ့်မယ်။ Apple store ပေါ်မှာရှိနေတဲ့ apps တွေဟာ အကောင်းဆုံး အသုံးချနိုင်စွမ်းကိုပေးပါလိမ့်မယ်။ split-screen လုပ်ဆောင်ချက်ကိုလည်း device နှစ်ခုလုံးမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Apple ရဲ့အသစ်ထွက်ထားတဲ့ iOS 9 ဟာ app နှစ်ခုကို တစ်ပြိုင်နက်သုံးနိုင်စေပါလိမ့်မယ်။ ထိုနည်းတူစွာပဲ windows မှာလည်း snap ဆိုတဲ့လုပ်ဆောင်ချက် လေးကိုအသုံးပြုပြီးတော့ surface ပေါ်မှာ split-screen ပြုလုပ်နိုင်ပါလိမ့်မယ်။ ကန့်သတ်ချက်တွေရှိ နေတဲ့ windows ကြောင့်တော့ iOS ဟာနိုင်ငံတကာဈေးကွက်မှာ ပို အောင်မြင်နိုင်ပါတယ်။
<Performance>
Surface မှာintel ရဲ့ဆဌမမျိုးဆက်ပရိုဆက်ဆာလို့ သတ်မှတ်နိုင်တဲ့ Core i5,i7 တို့ကိုထည့်သွင်းတည်ဆောက်ပေးထားပါတယ်။ ဒါဟာ တက်ဘလက် တစ်လုံးရဲ့ လုပ်ဆောင်နိုင်မှုတွေကို အဆုံးစွန်ထိထောက်ပံ့ပေးသွားမယ် ဆိုတဲ့သဘောတရားအဖြစ် သတ်မှတ်နိုင်ပါလိမ့်မယ်။ 64bit Dualcore ပရိုဆက်ဆာရဲ့ အစွမ်းကြောင့် app တွေ ဖွင့်လှစ်သုံးစွဲရတာ ပိုမို သွက်လက် ပါလိမ့်မယ်။ Apple မှာတော့A9X 64bit chip ကိုထည့်သွင်းထားကာ iOS 9 နဲ့ပေါင်းစပ်အလုပ်လုပ်မှာဖြစ်ပြီး CPU စွမ်းဆောင်ရည်တွေပိုမို ကောင်းမွန် လာမှာဖြစ်ပါတယ်။ Entry-level သုံးစွဲမယ့်သူတွေအတွက်ကတော့ Core M သုံးထားတဲ့ Surface ကိုဝယ်ယူနိုင်ပါလိမ့်မယ်။ RAM ပိုင်းနဲ့ပတ်သက်လာရင် တော့ဈေးနှုန်းအနေအထားပေါ်မူတည်ပြီးတော့ surface မှာ ရွေးချယ်စရာ
(၃)မျိုးရှိပါတယ်။ Apple မှာတော့အဲလိုမျိုးတွေရှိမှာမဟုတ်ပါဘူး။ နောက်ထပ် အချက်အလက်သိုလှောင်နိုင်မှုနဲ့ပတ်သက်လာရင်လည်း GB များများ လိုချင်ရင်များတဲ့ Pro ကိုဝယ်သုံးရမှာဖြစ်ပြီး Surface ရဲ့အားသာချက် ကတော့ SD slot ထည့်သွင်းပေးထားတာပါ။

<USB Port>
Surface မှာ USB 3.0 ပေါက်တစ်ခုပါဝင်လာမှာဖြစ်ပြီး ဒါဟာလုပ်ငန်း ဆောင်ရွက်ချက်တွေပြီးမြောက်စေဖို့ကာကွယ်ပေးမှာဖြစ်ပါတယ်။ Surface သုံးစွဲသူအနေနဲ့ PC အသုံးအဆောင် ပစ္စည်းတွေနှင့် ချိတ်ဆက်၍ဖြစ်စေ၊ external harddriveတွေနဲ့ ချိတ်ဆက်သုံးစွဲမှုပြုလုပ်ချင်တဲ့အချိန်တွေမှာ 3.0port ကကူညီပေးမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို တစ်ပြိုင်နက် တည်းသုံးချင်တယ်ဆိုရင်တော့ adapter ၀ယ်ယူရပါလိမ့်မယ်။ video out အပိုင်းနဲ့ပတ်သက်လာရင်တော့ surface မှာသုံးစွဲသူတွေအတွက် Mini display port ထည့်သွင်းပေးထားပြီး၊ iPad Pro ကိုသုံးစွဲတဲ့သူတွေကတော့ lightning ကနေ HHMI ကိုပြောင်းပေးတဲ့ adapter ၀ယ်ယူရပါလိမ့်မယ်။ ဒါမှသာပိုကြီးတဲ့မျက်နှာပြင်ပေါ်ကိုပေးပို့ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Apple TV ပိုင်ဆိုင်သူတွေကတော့ airplay လုပ်ဆောင်ချက်ကိုသုံးစွဲပြီးတော့ TV အဖြစ်ခံစားနိုင်ပါလိမ့်မယ်။ ကုမ္ပဏီနှစ်ခုလုံးကထုတ်လုပ်တဲ့ တက်ဘလက် တွေဟာ streaming ပိုင်းထောက်ပံ့မှုမှာလည်းမညံ့ခဲ့ပါဘူး။ Apple က ဒီအပိုင်းမှာရှေ့ကြိုရောက်တယ်လို့ပြောနိုင်ပေမယ့်အခုဆိုရင် surface မှာMiracast ထောက်ပံ့မှုရှိနေပါပြီ။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download