11/14/2015

♪ “SUPERPHONE FACE-OFF” ♫


နှစ်စဉ်နှစ်တိုင်းမှာပဲ Android စမတ်ဖုန်းတွေဟာ ပိုမိုတိုးမြှင့်ထားတဲ့ လုပ်ဆောင်ချက်အသစ်တွေ ဖန်တီးမှု အားကောင်းလာတဲ့ ဒီဇိုင်းပုံစံ တွေပေါင်းစပ်ပြီး စမတ်ဖုန်းသုံးစွဲသူ တွေကိုဆွဲဆောင်လေ့ရှိပါတယ်။ ကမ္ဘာ့ မိုဘိုင်းဈေးကွက်ရဲ့ Android ဖုန်းတွေထဲမှာ အင်အားအကောင်းဆုံးကတော့ Samsung ဖြစ်ပြီး အခြားဖုန်းတွေကလည်း သက်ဆိုင်ရာနိုင်ငံတစ်ခုချင်းစီမှာ ဈေးကွက်ဝေစုတွေကိုပိုင်ဆိုင်ထားကြပါတယ်။ ကုမ္ပဏီတစ်ခုချင်းစီအလိုက် မွမ်းမံခြယ်သမှုတွေနဲ့ထွက်လာတဲ့ ဖုန်းတွေဖြစ်တာကြောင့်မတူကွဲပြား တဲ့လုပ်ဆောင်ချက်တွေတော့ရှိနေပါတယ်။ ဒါက လည်းမိုဘိုင်းဖုန်းသုံးစွဲ သူတွေအနေနဲ့ လွယ်လင့်တကူမှတ်သားသိရှိနိုင်ပါတယ်။ Samsung ဖုန်းဆိုရင်ဘယ်လို လုပ်ဆောင်ချက်တွေကောင်း တယ်၊ HTC ဖုန်းတွေဆိုရင် ဘယ်လိုလုပ်ဆောင်ချက်တွေကောင်းတာတွေအပြင် တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေထဲမှာမှ OS ကို ပြန်လည်ဆန်းသစ်တီထွင်လာမှုတွေပါ တွေ့လာရမှာဖြစ်ပါတယ်။ ဘယ်သူက အကောင်းဆုံးဆိုတာကို ပြောတာ ထက်စာရင် စမတ်ဖုန်းတစ်လုံးချင်းစီမှာထည့်ပေးထားတဲ့ လုပ်ဆောင်ချက် တွေကိုနှိုင်းယှဉ်လေ့လာကြည့်တာက ပိုကောင်းမွန်နိုင်ပါတယ်။
လက်ရှိအချိန်မိုဘိုင်းဖုန်းဈေးကွက်ထဲကိုကြည့်လိုက်မယ်ဆိုရင် Samsung ရဲ့နောက်ဆုံးပေါ်စမတ်ဖုန်း S6 edge plus,HTC One A9, Sony Xperia Z5, OPPO R7 Plus တို့လိုဖုန်းတွေဟာဝယ်ယူကိုင်တွယ်လို့ရနိုင်နေပါပြီ။ ခြွင်းချက် အနေနဲ့ HTC A9 ကိုတော့အချိန်အနည်းငယ်စောင့်ရ ပါလိမ့်ဦးမယ်။ ကုမ္ပဏီတွေရဲ့နောက်ဆုံးပေါ်ထွက်ရှိလာသမျှ ဖုန်းတွေဟာ ဘယ်လိုအချိန်၊နေရာမျိုးမှာဖြစ်စေအသေးစား PC လေးလို အသုံးဝင်နိုင် မှာဖြစ်တဲ့အပြင်၊ ကင်မရာတစ်လုံးလိုလည်းရိုက်ကူးမှတ်တမ်းတင်နိုင်ပါ လိမ့်မယ်။ ဈေးနှုန်းနဲ့လုပ်ဆောင်နိုင်စွမ်းကိုယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ အချို့ဖုန်းတွေဟာ အရမ်းမြင့်မားတဲ့တန်ဖိုးမှာရှိနေပြီး၊ အချို့ဖုန်းတွေက တော့သုံးစွဲသူတွေတတ်နိုင်မယ့် ဈေးတန်းတစ်ခုမှာရှိနေပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေကထုတ်လိုက်တဲ့ ဖုန်းတွေထဲမှာ ဘယ်ဖုန်းကဘုရင်အဖြစ် ဈေးကွက်ပိတ်သိမ်းချိန်မှာ ဦးဆောင်သွားမလဲဆိုတာစိတ်ဝင်စားစရာပါပဲ . . .
<Samsung>
မျိုးဆက်သစ်စမတ်ဖုန်းထုတ်လုပ်မှုမှာ Samsung ဟာ အတော်လေး ရှေ့တန်းရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ UI အပိုင်းကို ကြည့်လိုက် မယ်ဆိုရင် သိပ်ထင်ပေါ်ကျော်ကြားမှုမရှိပေမယ့် သူ့မှာထည့်သွင်း ပေးလေ့ ရှိတဲ့လုပ်ဆောင်ချက်တွေနဲ့ ဖုန်းကိုတည်ဆောက်လေ့ရှိတဲ့ဒီဇိုင်းတွေကြောင့် နာမည်ကျော် အမှတ်တံဆိပ်အဖြစ် ကမ္ဘာ့ဈေးကွက်မှာရပ်တည်နေပါတယ်။ ထပ်မံထုတ်လုပ်ထားတဲ့ S6 တွေဆိုရင်ဒီဇိုင်းပိုင်းတင်သာမကဘဲ လုပ်ဆောင်နိုင်မှုပိုင်းမှာလည်း အရမ်းကိုခေတ်ရှေ့ပြေးလွန်းပါတယ်။ S6 edge ဟာမိုဘိုင်းဖုန်းတွေအတွက် ပြောင်းလဲလာခဲ့တဲ့ display မြင်ကွင်း ဒီဇိုင်းနဲ့အတူ hardware လုပ်ဆောင်နိုင်မှု မှာလည်း အရင်ထွက်ထား တဲ့ဖုန်းတွေထက်မျိုးဆက်သစ်ဟာပိုသာပြီး ၅.၇ လက်မမျက်နှာပြင် အကျယ် အ၀န်းရှိမှာဖြစ်ပါတယ်။ ပြီးတော့ သူ့မှာပါဝင်လာခဲ့တဲ့ Edge လုပ်ဆောင်ချက်လည်း ပိုမိုအဆင့်မြင့်လာပါတယ်။ အဓိကပြောင်းလဲမှု ကတော့ dual-edge မျက်နှာပြင်သုံးစွဲနိုင်မှုပဲဖြစ်ပါတယ်။ ဖုန်းရဲ့ screen ပေါ်ကနေ စာမရိုက်ချင်တဲ့သူတွေအတွက်တော့ keyboard ကိုသုံးစွဲနိုင် ပါလိမ့်မယ်။
<HTC >
ထိုင်ဝမ်စမတ်ဖုန်းထုတ်လုပ်သူအနေနဲ့ သူတို့ရဲ့ထုတ်လုပ်မှု ပုံစံကို ပြောင်းလဲ လိုက်ပါတယ်။ အဲ့ဒါကတော့ M series တွေနဲ့ ဒီဇိုင်းပုံစံပြောင်းလဲတဲ့ A9 ကို မိတ်ဆက်ပေးလိုက်တာပါ။ အများအမြင်မှာတော့ ဒီဖုန်းဟာ iPhone နဲ့ဆင်တူ တယ်ဆိုပေမယ့် သူ တို့ရဲ့အစောပိုင်းကာလမှာတုန်းက ထုတ်လုပ်ခဲ့တဲ့ဖုန်း ကိုသာပြန်လည်မွမ်းမံလိုက်တာဖြစ်တယ်လို့ တရားဝင်သတင်း ထုတ်ပြန်ထား ပါတယ်။ ကိုယ်ထည်ဒီဇိုင်းပိုင်းမှာကြည့်လိုက်မယ်ဆိုရင် m7 ကို အနည်းငယ် ပြောင်းလဲထားတဲ့ပုံစံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ လက်ဗွေဖတ်စနစ် ပါဝင် လာတာနဲ့ ပိုမိုကျစ်လျစ်တဲ့ကိုယ်ထည်အချိုးအစားပဲကွာခြား သွားတာလို့ဆို ပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာ အမြဲတမ်းထည့်သွင်းပေးလေ့ရှိတဲ့ Boomsound စပီကာကိုတော့ လုံးဝဖယ်ရှားပစ်လိုက်ပါပြီ။ ကင်မရာပိုင်းနဲ့ ပတ်သက်ရင်တော့ အနည်းငယ်ဝိတ်လျှော့လိုက်တယ်လို့ ထင်စရာရှိပါတယ်။ HTC ဖုန်း အသစ်ဟာလတ်တလောထွက်ထားတဲ့ စမတ်ဖုန်းတွေနဲ့ နှိုင်းယှဉ် လိုက်မယ်ဆိုရင်ဈေးနှုန်းကလည်းအတော်လေးသက်သာနေမှာပါ။
<OPPO>
ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်အတွင်းကို ၀င်ရောက်ခဲ့တာ အချိန်သိပ်မကြာ သေးပေမယ့် လက်ရှိအချိန်မှာတော့ခိုင်မာတဲ့ စမတ်ဖုန်းရောင်းချမှုကို ပိုင်ဆိုင်ထားတဲ့ တရုတ်ကုမ္ပဏီတစ်ခုဆိုရင်ပိုမှန်ပါလိမ့်မယ်။ သူတို့ထည့်သွင်း ပေးလိုက်တဲ့ OS ရဲ့လုပ် ဆောင်နိုင်မှုတွေကြောင့် ပိုမိုလူသိများလာတယ် လို့ပြောရင်ပိုမှန်ပါ လိမ့်မယ်။ ကိုယ်ထည်ရဲ့ချောမွတ်တဲ့ အနေအထားကို ရရှိစေဖို့အတွက်တိုက်ချွတ်မှုအကြိမ်ပေါင်း(၄၈)ကြိမ်တောင် ပြုလုပ်ပေးထား ပါတယ်။ သတ္တုပါဝင်မှုအချိုးကလည်း ၉၂% ကျော်ရှိမှာဖြစ်ပါတယ်။ OPPO N3 ရဲ့ပုံစံနဲ့ဆင်တူပြီး၊ ချော မွတ်ပြေပြစ်တဲ့ အသွင်အပြင် ဒီဇိုင်းကသာကွဲပြား သွားစေမှာဖြစ်ပါတယ်။ R7 Plus ရဲ့ပင်မကိုယ်ထည်ကို စနစ်တကျဒီဇိုင်း ပြုလုပ်ထားတာဖြစ်ပြီး၊ ဘက်ထရီဟာ ၃၀ မိနစ်ကြာအားသွင်းလိုက်မယ် ဆိုရင်တော့ ၀ အခြေအနေကနေ ၇၅% အထိစွမ်းအားဖြည့်သွင်းပေး သွားမှာဖြစ်ပါတယ်။
<Huawei>
Huawei ဟာ ပြည်တွင်းဈေးကွက်မာခိုင်မာတဲ့ဝေစုကိုပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ အစောပိုင်းကာလတုန်းက တန်ဖိုးသက်သာ တဲ့ဖုန်းတွေနဲ့ဈေးကွက်ကို ၀င်ရောက်လာခဲ့ပေမယ့်နောက်ပိုင်းမှာတော့ high-end ဖုန်းတွေကိုသာဈေးကွက်အတွင်းတင်သွင်းပါတော့တယ်။ ပြည်တွင်း ဈေးကွက် အနေအထားအရကြည့်လိုက်မယ်ဆိုရင် ဈေးသက်သာတဲ့အခြား china brand တွေဝင်ရောက်လာတာကြောင့်လည်းဖြစ်နိုင်သလို နိုင်ငံတကာ ဈေးကွက်မှာ high-end အမှတ်တံဆိပ်တစ်ခုအနေနဲ့ ရပ်တည်ချက် ပြောင်းလာမှု လို့လည်း ထင်မြင်ပါတယ်။ အခုလည်း P8 ကို ဒီဇိုင်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူကျစ်လျစ် တဲ့ကိုယ်ထည်ကိုပါမြင်ရ မှာဖြစ်ပါ တယ်။ Ascend P7 နဲ့ဒီဇိုင်းပိုင်းဆိုင်ရာလုံးဝကွဲပြားသွားပါတယ်။ အရင်ထွက် ခဲ့တဲ့ P line ascend ဖုန်းတွေနဲ့လုံးဝကွဲပြားသွားပြီး မိုဘိုင်းဖုန်းလောက ရဲ့သုံးသပ်သူတွေကတော့ ထွက်ရှိလာတဲ့ဒီဇိုင်းအသစ်ကို iPhone နဲ့ Sony ကုမ္ပဏီနှစ်ခုရဲ့ပုံစံနှစ်ခုကိုအချိုးညီညီ ပေါင်းစပ်ထားတဲ့ဖုန်းလို့ ဆိုကြပါတယ်။
<Samsung Galaxy S6 edge plus>
နောက်ဆုံးထွက်ရှိထားတဲ့ android OS 5.1 ထည့်သွင်းပေးထားတဲ့ အပြင်မျက်နှာပြင်ပါဝင်မှုအနေနဲ့ 5.7inches QHD (1440× 2560) pixels ဖြစ်ပြီး၊ ဖန်သားပြင်စွမ်းဆောင်မှုကတော့ Super-AMOLED ဖြစ်ပါတယ်။ တိကျတဲ့ပုံရိပ်ဖော်ပြနိုင်စွမ်းအတွက်ကတော့ 518ppi ဖြစ်ပါတယ်။ 16MP ကို f1/.9 နဲ့သုံးစွဲနိုင်မှာဖြစ်ပြီး၊ လုပ်ဆောင်ချက်တွေအတော်လေး ကောင်းမွန် အောင်၊ အဆင့်မြှင့်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အရှေ့ဘက် ကင်မရာ ငယ်ကိုလည်း 5MP သာတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ ကင်မရာနဲ့ ပတ်သက်တဲ့ app သုံးစွဲမှုအပိုင်းတွေမှာလည်း ပိုမိုအဆင့်အတန်း မြင့်လာပါ လိမ့်မယ်။ fingerprint-sensor သုံးစွဲနိုင်စွမ်းကြောင့် ကိုယ်ရေးကိုယ်တာ နဲ့ပတ်သက်တဲ့လုံခြုံရေးတွေကို အပြည့်အ၀စွမ်းဆောင်ပေးပါလိမ့်မယ်။ live boardcast လိုလုပ်ဆောင်မှုတွေကိုလည်း သုံးစွဲနိုင်ပါလိမ့်မယ်။ ကွန်ရက် ချိတ်ဆက်မှုအပိုင်းနဲ့ပတ်သက်ရင်လည်း မြန်ဆန်တဲ့စွမ်းဆောင်နိုင်မှုဖြစ်တဲ့ 4G LTE cat.9 ကိုသုံးထားတာကြောင့် အွန်လိုင်းပေါ်က လိုချင်တဲ့အချက် တွေကို ရယူချိန်မှာမိနစ်ပိုင်းအတွင်း download ပြုလုပ်နိုင်ပါလိမ့်မယ်။ Samsung ရဲ့အသစ်ထွက်စမတ်ဖုန်းတွေကို ၀ယ်သုံးမယ့်သူတွေအတွက် နောက်ထပ်ရင်ခုန်စရာအချက်တွေရှိနေပါသေးတယ်။ အဲဒါကတော့ ဘလက် ဘယ်ရီဖုန်းတွေမှာသုံးနေတဲ့ QWERTY ကီးဘုတ်စတိုင်ကာဗာမျိုးကို သုံးနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်လုပ်ဆောင်ချက်ကတော့ sidesync ဖြစ်ပြီး PC နဲ့စမတ်ဖုန်းကို ချိတ်ဆက်သုံးစွဲနိုင်စေမှာဖြစ်ပါတယ်။ PC မှာသုံးလိုက်တဲ့ အရာတွေ ဟာစမတ်ဖုန်းမှာပါလိုက်လံဖော်ပြပေးမှာဖြစ်ပါတယ်။
အင်တာနက် သုံးစွဲမယ်ဆိုရင်တော့ browser မှာ facebook, Google, YouTube, Yahoo, Wikipedia, Amazon တို့ကိုမြန်ဆန်သွက်လက်စွာ ၀င်ရောက်သုံးနိုင်စေဖို့အတွက်Quick access လုပ်ဆောင်မှုကို ထည့်သွင်း ပေးထားပါတယ်။ အချက်အလက်တွေသိုလှောင်သိမ်းဆည်းတဲ့ အပိုင်းမှာ တော့ 32/64GB ကို ရွေးချယ်ဝယ်ယူရမှာဖြစ်ပြီး၊ ထပ်မံတိုးမြှင့်နိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။ Micro-SD card လုပ်ဆောင်နိုင်မှုကိုထောက်ပံ့ မပေးထား တာကြောင့်ဖြစ်ပါတယ်။ ဖုန်းတစ်လုံးရဲ့ လုပ်ဆောင်နိုင်မှုလို့ဆိုနိုင်တဲ့ ဘက်ထရီစွမ်းဆောင်နိုင်မှုအပိုင်းအတွက်ဆိုရင်တော့ 3000mAh စွမ်းအားကို သုံးနိုင်မှာဖြစ်ပြီး၊ အားသွင်းမြန်တဲ့နည်းပညာကိုပါ ထည့်သွင်းပေးထား ပါတယ်။
Display : 5.7 inch
Processor : QC 1.5GHz & QC 2.1GHz
Battery : Li-Po 3000 mAh
Galaxy S6 Edge+ မှာ dual-edge display ကိုသုံးစွဲနိုင်မှာဖြစ်ပြီး ပါဝင်လာတဲ့လုပ်ဆောင်ချက်အသစ်ကတော့ App Edge လို့ခေါ်တဲ့ UI feature လေးပဲဖြစ်ပါတယ်။ ပထမလုပ်ဆောင်ချက်ကိုတော့ edge pople လို့သတ်မှတ်ထားပြီး ဖုန်းခေါ်ဆိုမှုတွေ၊ စာသားမက်ဆေ့ခ်ျတွေကို လွယ်လွယ် ကူကူကြည့်ရှုနိုင်မယ့်နည်းလမ်းပါ။ ဖုန်းပိုင်ဆိုင်တဲ့သူရွေးချယ်ထားတဲ့ contact ထဲမှာရှိတဲ့ လူ ၅ ဦးရဲ့မက်ဆေ့ခ်ျတွေ၊ call တွေရော မြင်တွေ့နိုင်စေ မှာဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး မတူညီစေဖို့အတွက် ကွဲပြားတဲ့ အရောင် တွေနဲ့ သတ်မှတ်ထားနိုင်ပြီး၊ Screen ပိတ်ထားချိန်မှာတောင်မှ ဘေးဘက် ဘောင်မှာ လာပေါ်နေမှာဖြစ်ပါတယ်။ဖုန်းရဲ့အောက်ခြေဘက်မှာ ပါဝင်တဲ့ home button ဟာ သင့်အတွက် fingerprint သုံးစွဲဖို့ဖြစ်ပါတယ်။ Samsung Pay လို လုပ်ဆောင်ချက်အသစ်တွေလိုမကဘဲ အလုံးစုံသောလုံခြုံရေး ဆိုင်ရာကိစ္စရပ်တွေအတွက်ပါ အဆင်ပြေစေမှာဖြစ်ပါတယ်။ Fingerprint Sensor ကိုသုံးစွဲရတာဟာ edge ထက် ပိုမိုသွက်လက်လာပါလိမ့်မယ်။
<Huawei P8>
Huawei P8ကိုရိုးရိုးရှင်းရှင်းသုံးစွဲလိုသောသုံးစွဲသူများသာမက နည်းပညာ အသစ်အဆန်းကိုသုံးစွဲလိုသောသုံးစွဲသူများပါအသုံးပြုနိုင်စေရန်2680mAh ဘက်ထရီနှင့်Kirin 930 Octa-Core-64-bit chipset တို့ကိုထည့်သွင်း ထားသောကြောင့်ပုံမှန်လုပ်ဆောင်ချက်များထက်၂၀% ပိုမိုမြန်ဆန် စေမည် ဖြစ်သည်။မျက်နှာပြင်ပုံရိပ်ဖော်ပြမှုကိုအကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့် full HD (1080x 1920)ကိုပေးစွမ်းထားပါတယ်။Display ကတော့IPS LCD ဖြစ်ပြီး၊၅.၂လက်မမျက်နှာပြင်မှာပုံရိပ်တွေကိုအသေးစိတ်မြင်တွေ့နိုင်ဖို့424 ppi နဲ့ ထောက်ပံ့ပေးထားပါတယ်။Touch အသုံးပြုမှုအပိုင်းမှာလည်း ဘက်ထရီစွမ်းအားကို ချွေတာနိုင်စွမ်းရှိစေမယ့်နည်းပညာကိုသုံးထားပြီး၊ မျက်နှာပြင်ရဲ့နေရာတစ်ခုကိုထိတွေ့သုံးလိုက်တာနဲ့အဲနေရာလေးအတွက် သာစွမ်းအားကုန်ခန်းစေမှာပါ။Ascend P7 နဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ မျက်နှာပြင်ပိုင်းမှာ0.2 inches လောက်ပိုပြီးတော့မြင်ကွင်းကျယ်ဖြစ်သွားမှာ ပါ။ PPI အပိုင်းမှာတော့P8 ကပိုနည်းသွားပါတယ်။P8မှာOcta-core ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။RAMကတော့3GB DDR3 ထောက်ပံ့ ပေးထားပါတယ်။HiSilicon Kirin 930 ရဲ့ပေါင်းစပ်မှုကတော့Quad-core 2 GHz Cortex-A53 နဲ့Quad-core 1.5 GHz Cortex-A53 တို့ပူးတွဲအလုပ်လုပ် မှာဖြစ်ပါတယ်။ဆူညံသည့်ပတ်ဝန်းကျင်တွင်ရောက်ရှိနေပါကပုံမှန်ထက် ၅၈% အသံချဲ့နိုင်ပြီးလေတိုက်သည့်ပတ်ဝန်းကျင်တွင် ရောက်ရှိနေပါက Single Mic နားကြပ်ဖြင့်သော်လည်းကောင်း၊ဟန်းဆက်ဖြင့်သော် လည်းကောင်း၊အသုံးပြုခြင်းဖြင့် လေတိုက်သည့်အသံကို၉၀% ဖယ်ရှားပေးနိုင်သည်။ (DSLR ကင်မရာများတွင်ပါဝင်သောနည်းပညာ)များကိုထည့်သွင်းထားပြီးအရှေ့ကင်မရာ5 Mega Pixels,အနောက်ကင်မရာ 13 Mega Pixels ပါဝင်သည့်အတွက်ညဘက်တွင်ပါအလင်းအမှောင် ဟာ အမှန် ထွက်ရှိနိုင်မည်ဖြစ်သည်။ထို့ပြင်ထပ်မံထည့်သွင်းပေးထားသောLight Painting နှင့်Director Mode တို့ကသုံးစွဲသူများအနေဖြင့်မိမိတို့၏ လက်များဖြင့် ဖန်တီးမှုများကိုပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်သည်။ Director Mode ပါဝင်သောAndroid ဖုန်း၃လုံးနှင့်filming group တစ်ခုကိုဖန်တီးနိုင်ပြီး မတူညီသော မြင်ကွင်းအမျိုးမျိုးကို ပြောင်းလဲရိုက်ကူးနိုင်မှာပါ။
Display : 5.2 inch
Processor : QC 2 GHz & QC 1.5 GHz
Battery : Li-Ion 2680 mAh
P8မှာကင်မရာကိုလုံးဝအဆင့်မြှင့်တင်မှုတွေ ပြုလုပ်လိုက်ပါတယ်။ကမ္ဘာ့ ပထမဆုံး4 color (RGBW)သုံးထားတဲ့ကင်မရာဖြစ်တာကြောင့်ပုံရိပ် အရည်အသွေးတောက်ပမှုကို၃၂% အထိမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ပုံရိပ်ဖမ်းယူမှုပိုင်းအတွက်လည်းDSLR ကင်မရာအဆင့်လောက်ထိရိုက်ကူး နိုင်စေမှာဖြစ်ပါတယ်။Light painting mode လုပ်ဆောင်ချက်ကmanual ကင်မရာရဲ့shutter အားအလင်းရောင်တွေကိုပိုမိုဖမ်းယူနိုင်အောင် ပြုလုပ် ပေးမှာဖြစ်ပါတယ်။Director mode ကလည်းဗီဒီယိုတွေရိုက်တဲ့အခါမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်လိုအသုံးချနိုင်စေမှာဖြစ်ပါတယ်။ 13MP ကင်မရာနဲ့ပုံရိပ်တွေဖမ်းယူလိုက်မယ်ဆိုရင်ရနိုင်မယ့်အရည်အသွေးက တကယ်မြင့်မားတဲ့pixels ပါပဲ။Dualtone ရဲ့အစွမ်းကတော့မညီမျှတဲ့ ပတ်ဝန်းကျင်အလင်းရောင်တွေကိုချိန်ညှိပေးမှာပါ။အရှေ့ဘက်ကင်မရာကို တော့Selfie သမားတွေအကြိုက်8MPတပ်ဆင်ထားပြီးမျက်နှာအားလုံး ကိုမှတ်မိသိရှိနိုင်ပြီးရှင်းလင်းတဲ့ရုပ်ထွက်နဲ့ဖုန်းရဲ့မျက်နှာပြင်အပြည့်ရရှိနိုင်ပါလိမ့်မယ်။အလင်းရောင်မညီမျှ မှုတွေကိုလည်း၇၈% လောက်လျှော့ချပေး ပါလိမ့်မယ်။
<HTC One A9>
ဒီဇိုင်းပိုင်းဆိုရင်တည်ဆောက်မှုမှာHTC အနေနဲ့သထ္တုကိုယ်ထည်ရဲ့ ဘေးထောင့်အ၀ိုက်လေးတွေဟာလုံးဝedge-to-edge ပါပဲ။ပါဝါခလုတ်ဟာ ဘေးဘက်ကိုရောက်ရှိသွားပြီးvolume ခလုတ်တွေတပ်ဆင်ထားတဲ့ပုံစံ လည်းပြောင်းလဲသွားခဲ့ပါတယ်။အဓိကပြောင်းလဲသွားမှုကတော့လက်ဗွေဖတ်စနစ်ကိုထည့်သွင်းပေးထားပါ တယ်။full HD(1080x1920) ကို ပေးစွမ်း ထားပြီး Display ပိုင်းမှာတော့M9မှာလိုSuper LCD3 ကိုမသုံးတော့ဘဲနဲ့ AMOLED ကိုသုံးထားပါတယ်။၅လက်မမျက်နှာပြင်မှာပုံရိပ်တွေကို အသေး စိတ်မြင်တွေ့နိုင်ဖို့441ppi နဲ့ ထောက်ပံ့ပေးထားပါတယ်။HTC One A9 နဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ပုံစံဒီဇိုင်းပိုင်းမှာအတော်လေးကွာဟသွားမှာကိုတွေ့ရမှာဖြစ်ပါတယ်။ ကင်မရာတပ်ဆင်ထားတဲ့ပုံစံကကြည့်လိုက်တာနဲ့ ခွဲခြားမှတ်မိနိုင်ပါတယ်။အသေးစိတ်ကြိုးစားထားတဲ့အချောသပ်လုပ်ဆောင်မှုတောင်ကိုင်တွယ်ရတာ ပိုကောင်းလာပါတယ်။ဂိမ်းတွေဆော့ကစားတဲ့အခါမှာ ကြည်လင်ပြတ်သားတဲ့ပုံရိပ်ဖော်ပြနိုင်မှုကိုရရှိစေမှာဖြစ်ပြီးကိုယ်ထည်အချိုးကတော့145.8x 70.8 x 7.3 mm ရှိမှာဖြစ်ပါတယ်။ထိတွေ့မျက်နှာပြင်ရဲ့ ပိုမိုအကြမ်းခံသွားတဲ့အပိုင်းကတော့Gorilla Glass 4ကိုဖုံးအုပ်ကာကွယ် ပေးထားတာကြောင့် ပြုတ်ကျသွားရင် တောင်ကွဲအက်ခြင်းရှိတော့မှာ မဟုတ်ပါဘူး။ဓာတ်ပုံတွေရိုက်ကူးတဲ့အခါမှာပုံရိပ်အရည်အသွေး4128 x3096p နဲ့ရနိုင်မှာဖြစ်ပြီး၊ Pro mode ကိုသုံးပြီးရိုက်မယ်ဆိုရင်RAW အရည်အသွေးနဲ့ရရှိနိုင်မှာပါ။ကင်မရာအရည်အသွေးကိုပိုကောင်းသွား စေဖို့အတွက်dual-led(dual-tone)flash ထောက်ပံ့မှုလည်းတပ်ဆင် ပေးထား ပါတယ်။
Google ရဲ့နောက်ဆုံးထွက်OSဖြစ်တဲ့6.0(Marshmallow) ကိုအစောဆုံး သုံးရမှာဖြစ်ပါတယ်။HTC One A9 မှာOcta- core ပရိုဆက်ဆာကို သုံးစွဲနိုင် မှာဖြစ်ပါတယ်။Snapdragon 617 ရဲ့ပေါင်းစပ်မှုကတော့Quad-core 1.5 GHz Cortex-A53 နဲ့quad- core 1.2 GHz Cortex-A53 တို့ပူးတွဲ အလုပ် လုပ်မှာဖြစ်ပါတယ်။2150 စွမ်းအားကိုသာထည့်သွင်းထားပြီးဆက်တိုက် ပြောဆိုနိုင်စွမ်းအတွက်တော့၁၆နာရီနီးပါးနဲ့အသင့်အနေ အထားအတွက် ကတော့၄၃၂နာရီနီးပါးဖြစ်ပါတယ်။သီချင်းနားထောင်မယ်ဆိုရင်တော့နာရီ ၆၀နီးပါးခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်အခုနောက်ဆုံးထွက် Android 6.0 ဟာဘက်ထရီပိုင်းဆိုင်ရာအတွက်လုံးဝထောက်ပံ့မှုကောင်း ဖြစ်လာတော့မှာလို့ဆိုပါတယ်။
Display : 5.0 inch
Processor : QC 1.5 GHz & QC 1.2 GHz
Battery : Li-Ion 2150 mAh
DAC နည်းပညာကြောင့်16-bit အသံဖိုင်တွေကို24-bitအသံနှုန်းနဲ့ ပြောင်းလဲ ၍ ပေးထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။စမတ်ဖုန်းကထွက်လာတဲ့အသံလှိုင်း တွေဟာစူးရှကျယ်လောင်မှုတွေ ကိုထိန်းချုပ်ပေးပြီးတော့ညက်ညောတဲ့အသံတွေအဖြစ်ထုတ်ပေးမှာပါ။လက်ရှိ ဈေးကွက်ထဲမှာရှိနေတဲ့ ဖုန်းတွေရဲ့ အသံ အရည်အသွေးထက်ပိုကောင်းလာစေဖို့အတွက်Dolby audio အသံပတ်လည် ပြေးစနစ်ကြောင့်အသံထိန်းညှိစက်တွေကထုတ်လွင့်ပေးတဲ့အသံလှိုင်းလို ခံစားရမှာပါ။24 Bit hight Res ထောက်ပံ့မှုကြောင့်သီချင်းသံ တွေကို နားဆင်တဲ့အခါမှာCD အရည်အသွေးအတိုင်းကိုရရှိနိုင် စေလိမ့်မယ်။Audio နားဆင်ခံစားမှုအတွေ့အကြုံသစ်တွေပေးစွမ်းမှာပါ။ကင်မရာ ရိုက်ကူးမယ် ဆိုရင်Auto (သို့) Pro mode ကြိုက်တဲ့ပုံစံနဲ့ရိုက်ကူးနိုင်ပါလိမ့်မယ်။ ပုံရိပ်တွေ ကိုရိုက်ကူးသိမ်းဆည်းချိန်ဟာ0.1 sec သာကြာမှာဖြစ်ပါတယ်။Pro ကို သုံးစွဲမယ် ဆိုရင်တော့photo တွေရဲ့exposure values တွေကိုပါသတ်မှတ် နိုင်ပါမယ်။
<OPPO R7 plus>
OPPO R7 plusဟာ6” မျက်နှာပြင်နဲ့အတူFull HD ဖော်ပြနိုင်စွမ်း1920 × 1080p အရည်အသွေးကိုရရှိစေမှာဖြစ်ပါတယ်။တိကျတဲ့ပုံရိပ်ဖော်ပြနိုင်စွမ်း အတွက်367ppi က ထောက်ပံ့ပေးမှာဖြစ်ပြီး၊မျက်နှာပြင်ကာကွယ်နိုင်စွမ်း အတွက် Gorilla Glass 3 ဖုံးအုပ်ပေးထားပါတယ်။သူ့ရဲ့အသွင်အပြင်ဒီဇိုင်း ဟာ ပိုမိုတည်ငြိမ်လာခဲ့ပြီးHD Video တွေ၊Game တွေကိုရှင်းလင်းပီသတဲ့ မျက်နှာပြင်ပေါ်မှာအကောင်းဆုံးဆော့ကစားနိုင်မှာဖြစ်ပါတယ်။အချက် အလက် တွေသိုလှောင်သိမ်းဆည်းနိုင်ဖို့အတွက်32GB ဖြစ်ပြီး၊3GB RAM ထောက်ပံ့ပေးထားပါတယ်။ဓာတ်ပုံတွေဗီဒီယိုတွေကိုအကောင်းဆုံးရိုက်ကူး နိုင်တဲ့ကင်မရာအမျိုး အစားဖြစ်တာကြောင့်အချက်အလက်အများအပြားထည့်သွင်းလိုသူတွေအတွက်လည်းSD Card ကနေ128GB အထိတိုးမြှင့်နိုင်ဦး မှာဖြစ်ပါတယ်။Android OS ပေါ်မှာအခြေခံပြီးရေးဆွဲထားတဲ့Color OS 2.1 ကိုရရှိသုံးစွဲနိုင်မှာဖြစ်ပါတယ်။Sensor သုံးစွဲမှုတွေကိုအဓိကထား ထောက်ပံ့ ပေးထားတဲ့ဒီOS ကြောင့်သုံးစွဲသူအနေနဲ့Gesture လုပ်ဆောင်ချက် အများ အပြားကိုထိန်းချုပ်နိုင်ပါလိမ့်မယ်။သင့်အတွက်အရေးကြီးတဲ့သူတွေရဲ့ ဖုန်းနံပါတ်တွေကိုသင်္ကေတတစ်ခုအနေနဲ့သတ်မှတ်ထားတယ်ဆိုရင်ဖုန်းကိုဘာပဲလုပ်နေနေရုတ်တရက် ဖုန်းဆက်ချင်တယ်ဆိုရင်ဖုန်းရဲ့အပေါ်ဘက် ထောင့်ကိုဆွဲချပြီးသုံးစွဲသူသတ်မှတ်ထားတဲ့သင်္ကေတကိုဆွဲ လိုက်ရုံနဲ့ ခေါ်ဆို ချင်တဲ့နံပါတ်ကိုအလွယ်တကူ ခေါ်ဆိုနိုင်မှာပဲဖြစ်ပါတယ်။
အဓိက အားသာချက်ကတော့ မြန်မာနိုင်ငံဈေးကွက်အတွက်ထုတ်လုပ် ထားတဲ့ဖုန်းဖြစ်တာကြောင့် မြန်မာစာစနစ်ကိုတစ်ပါတည်းထည့်သွင်း ပေးထားတာဖြစ်ပါတယ်။Dual Sim အသုံးပြုနိုင်မှာဖြစ်ပြီး၊Qualcomm MSM8939 Snapdragon 615 ကိုသုံးစွဲထားပါတယ်။Game ကစားတဲ့အခါမှာ မြန်မြန်ဆန်ဆန် ဖော်ပြနိုင်စေဖို့အတွက်ကတော့Adreno 405 Graphic စွမ်းအားကိုပေးအပ်ထားပါတယ်။ဘက်ထရီစွမ်းအားဟာ4100mAh ဖြစ်ပြီး တော့ပိုမိုကြီးမားတဲ့ ဘက်ထရီနဲ့အတူ၅မိနစ်ကြာအားသွင်းရုံနဲ့ဆက်တိုက် ပြောဆိုမှုကို၂နာရီကြာသုံးစွဲနိုင်မှာပါ။
Display : 6.0 inch
Processor : QC 1.5 GHz & QC 1 GHz
Battery : Li-Po 4100 mAh
ကင်မရာလုပ်ဆောင်ချက်အသစ်၅ခုကိုလည်းထပ်မံထည့်သွင်းပေးထား ပါတယ်။လုပ်ဆောင်ချက်တွေကတော့ဓါတ်ပုံတွေရိုက်ကူးတဲ့အခါမှာGIF File အရည်အသွေးနဲ့ရရှိနိုင်စေဖို့Super GIF ၊မိမိကိုယ်ကို ပြန်လည်ရိုက်ကူးတဲ့ အခါမှာမှန်ကန်တဲ့အလင်းရောင်နဲ့ရုပ်ထွက်ကောင်းတဲ့ပုံရိပ်ရဖို့အတွက်Selfie Flash တို့အပြင်Double Exposure 2.0, Gorgeous Filter နဲ့Quick Motion တို့ကိုသုံးစွဲနိုင်မှာပါ။ နောက်ကျောဘက်မှာတပ်ဆင်ပေးထားတဲ့ ကင်မရာ ဟာ13MPအရွယ်အစားရှိပြီး၊ပုံရိပ်တွေကိုUltra-HD အရည်အသွေးဖြစ်တဲ့ 4128 x 3096p ရအောင်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။အခြားစမတ်ဖုန်းတွေမှာ ပါဝင်မှုမရှိသေးတဲ့လုပ်ဆောင်ချက်ဖြစ်တဲ့ Laser Autofocus, Schneider-Kreuznach optics တို့ကိုထောက်ပံ့ပေးထားပါတယ်။အရှေ့ဘက် ကင်မရာ ငယ်ကတော့8MPအရွယ်အစားဖြစ်တာကြောင့်Selfie ပုံရိပ်တွေကိုထင်ရှား ပြတ်သားစွာရိုက်ကူးနိုင်မှာဖြစ်ပါတယ်။Pure Image နည်းပညာ ကလည်း ပုံရိပ်နှစ်ခုယှဉ်တွဲရိုက်ကူးတဲ့အခါမှာပိုမိုရှင်းလင်းပီသတဲ့ရုပ်ထွက်ရအောင် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
<Sony Xperia Z5 >
Z5 မှာမျက်နှာပြင်ပုံရိပ်ဖော်ပြမှုကိုအကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့်full HD(1080x1920) ကိုပေးစွမ်းထားပါတယ်။Display ကတော့IPS LCD ဖြစ်ပြီး ၅.၂လက်မမျက်နှာပြင်မှာပုံရိပ်တွေကိုအသေးစိတ်မြင်တွေ့နိုင်ဖို့428ppi နဲ့ထောက်ပံ့ပေးထားပါတယ်။ Black screen အပြည့်သုံးစွဲထားတာ မဟုတ်ပေ မယ့် ဘေးဘောင်လေးတွေရဲ့အကျယ်အ၀န်းက0.29in သာရှိတာကြောင့် ၅.၀လက်မမြင်ကွင်းအရသာကိုခံစားနိုင်ပါလိမ့်မယ်။အဓိကကင်မရာဟာ 23MP ဖြစ်ပြီးဓာတ်ပုံတွေရိုက်ကူးမယ်ဆိုရင်5520 x4140p အရည်အသွေး ရရှိနိုင်မှာဖြစ်ပြီးHDR mode သုံးပြီးရိုက်မယ်ဆိုရင်တော့စိုပြည်ပြီးအရောင်စို တဲ့ပုံတွေကိုရပါလိမ့်မယ်။video ရိုက်မယ်ဆိုရင်တော့2160p@30fps ရရှိနိုင်မှာပါ။ မြင်ကွင်းကျယ်ဓာတ်ပုံရိုက်ကူးလိုသူတွေအတွက် ကတော့ Panorama သုံးစွဲနိုင်ပါလိမ့်မယ်။သူငယ်ချင်းတွေနဲ့အုပ်စုလိုက်selfie ရိုက်ကူး လိုသူတွေအတွက်ကတော့5.1MPကင်မရာကိုသုံးစွဲနိုင်ပါလိမ့်မယ်။ကင်မရာရဲ့လုပ်ဆောင်ချက်တွေအတွက် ထပ်တိုးစွမ်းဆောင်နိုင်မှုကတော့4K video နဲ့RAW image တွေကိုရိုက်ကူးနိုင်ပါလိမ့်မယ်။Pixel စုစည်းပိုင်းမှာလည်း ကောင်းမွန်တာကြောင့်အလင်းရောင်အားနည်းတဲ့အချိန်မှာရိုက်ကူးမယ် ဆိုရင်တောင်စိုပြည်တောက်ပတဲ့ရုပ်ထွက်ဖော်ပြမှုကိုပေးစွမ်းပါလိမ့်မယ်။
phase detection autofocus နည်းပညာကိုသုံးစွဲထားတာကြောင့်ပုံတွေ ရိုက်ကူးတဲ့အချိန်မှာရုပ်ပုံတစ်ခုချင်းစီကိုမှတ်သားသိရှိနိုင်ပါလိမ့်မယ်။Octa-core 64bit ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။RAMကတော့3GB ထောက်ပံ့ပေးထားပါတယ်။Snapdragon 810 ရဲ့ပေါင်းစပ်မှုကတော့ 1.5GHz Cortex-A53 Quad-Coreနဲ့2GHz Cortex- A57 Quad-core တို့ပူးတွဲအလုပ်လုပ်မှာဖြစ်ပါတယ်။အချက်အလက်တွေသိုလှောင်သိမ်းဆည်းထားနိုင်ဖို့အတွက်လတ် တလောထွက်ရှိထားတဲ့စမတ်ဖုန်းတွေကိုယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့32GBပဲဖြစ်ပြီးတော့SD card ကနေတိုးမြှင့်မယ်ဆိုရင် 200GB အထိရနိုင်ပါမယ်။Li-Ion 2900mAhဘက်ထရီစွမ်းအားကိုသုံးစွဲနိုင်မှာ ဖြစ်ပြီးဆက်တိုက်ပြောဆိုနိုင်စွမ်းနဲ့အသင့်အနေအထားအချိန် ကိုတော့တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ နောက်ဆုံးပေါ်ဖုန်းဖြစ် မှုနဲ့အတူ4G LTE ကွန်ရက်မှာသုံးစွဲနိုင်ပါလိမ့်မယ်။
Display : 5.2 inch
Processor : QC 1.5GHz & QC 2GHz
Battery : Li-Po 2900 mAh
စမတ်ဖုန်းတွေ၊ လေဆိပ်တွေမှာအသုံးပြုတဲ့fingerprint scanners တွေဘယ်လိုအလုပ်လုပ်သလဲ။Fingerprint တွေကိုသုံးပြီး၊identification တွေလုပ်ပေးတဲ့စနစ် ဟာကမ္ဘာပေါ်မှာရှေးအကျဆုံးနဲ့အကျယ်ပြန့်ဆုံးအသုံးပြုနေတဲ့biometric method ဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေအနေနဲ့ချွတ်စွပ် တူတဲ့လက်ဗွေရာနှစ်ခုမရှိနိုင်ဘူးလို့ယူဆထားကြပါတယ်။ကွန်ပျူတာ နည်းပညာတွေအားကောင်းလာကာfingerprint matching သည်အလို အလျောက်ဖြစ်သွားပါတယ်။ဒီနေ့ခေတ်မှာတော့FBI ရဲ့Integrated Automated Fingerprint Identification System (IAFIS) ဟာလူသန်း ၁၀၀ရဲ့ လက်ဗွေရာတွေကိုထိန်းသိမ်းပေးထားပြီးတစ်နှစ်မှာအဲဒီdatabase ထဲကိုဝင်ရောက်ရှာဖွေမှုပေါင်းအကြိမ်ရေသန်း၆၀ လောက်ပြုလုပ်နေတာ လည်းဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင်sensor တွေအများအပြား ပါဝင် တဲ့နည်းပညာနဲ့ဒစ်ဂျစ်တယ်ဖမ်းယူသိမ်းဆည်းမှုတွေပြုလုပ်နိုင်နေပါပြီ။အဲဒီလိုလက်ဗွေရာရယူရာမှာoptical, thermal နဲ့capacitance sensor တွေ အပါအ၀င်နည်းပညာတွေအများအပြားကိုအသုံးပြုနေကြပါတယ်။
<LG G4>
၅.၅လက်မမျက်နှာပြင်မှာ တောက်ပရွှန်းစိုတဲ့ပုံရိပ်အရည်အသွေးကို ရရှိနိုင်စေဖို့အတွက်သူ့ရဲ့resolution ထောက်ပံ့မှုမှာ2560 x 1440 ဖြစ်ပါတယ်။Quad HD Display ဟာအရင်မျိုးဆက်နဲ့ သွားရောက်တူညီပြီး ၊ဖုန်းထဲမှာHD ဗီဒီယိုတွေကြည့်ရှုတာ၊ဂိမ်းတွေဆော့ကစားတာကို ကြည်လင် တဲ့မြင်ကွင်းနဲ့ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။စမတ်ဖုန်းမျက်နှာပြင်ရဲ့ ရောင်စဉ်ဖြာထွက်နိုင်မှုအပိုင်းတွေကို တိကျသေချာအောင် ပြုလုပ်ပေးထား နိုင်ပြီး၊Blue BackLight LED ကိုသုံးစွဲပေးထားပါတယ်။

Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com