Sony ဟာယခုဆိုရင် ပဉ္စမမြောက်မျိုးဆက်ကိုချီတက်နေပြီဖြစ်ပါတယ်။
ပဉ္စမမျိုးဆက်ထဲမှာတော့ C5, Z5, M5 ဆိုပြီးရွေးချယ်စရာဟန်းဆက် များစွာ
ရှိပါတယ်။ ထိုဟန်းဆက်တစ်ခုချင်းစီတွင်လည်း မျိုးကွဲများစွာ ထုတ်လုပ်
ပေးထားပြီး သုံးစွဲသူပေါ်မူတည်၍ အဆင်ပြေစေမည့်ဖုန်းကိုရွေးချယ် နိုင်အောင်ဆောင်ရွက်ပေး ထားပါတယ်။ Sony ရဲ့ဖုန်းများဟာ လေးထောင့်
ကျသောအသွင်ဒီဇိုင်းရှိပြီးအခြားဖုန်းများနှင့် မတူညီသော ကွဲပြားသည့်
စွမ်းရည်များလည်းပါရှိပါတယ်။
M5 ဟာ2G, 3G, 4G Network များရရှိ နိုင်ပါတယ်။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 145 x 72 x 7.6mm ရှိပြီးအလေးချိန်မှာ142.5g ဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano Simပါ။ IPS LCD Capacitive Touch Screen ရဲ့ အကျယ်အ၀န်း ပမာဏကတော့ 5 inches ဖြစ်ပါတယ်။ မြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ပေးထားသောPixels ပမာဏမှာ 1080 x 1920 ဖြစ်ပါတယ်။ 1”မှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 441ppi ပါ။
Multitouchစနစ်တွင် လက်ချောင်း လေးချောင်းအထက် အသုံးပြုလို့ရမယ့် ဖုန်းဖြစ်ပါတယ်။ အကြမ်းခံ နိုင်သောဖုန်းမျက်နှာပြင်ဖြစ်စေဖို့အတွက်လည်း Scratch-resistant glass တပ်ဆင်ပေးထားပါတယ်။ ယခုဖုန်းရဲ့ ကောင်းမွန် သောစွမ်းရည်ကတော့ ရေစိမ်ခံနိုင်မှုဖြစ်ပါတယ်။ Sony ရဲ့ဖုန်းအများစုဟာ ရေစို ခံနိုင်သောစွမ်းရည်သတ္တိများကိုပိုင်ဆိုင်ထားပါတယ်။ ယခုဖုန်းကတော့ IP 68 အသိအမှတ်ပြု ထား ခြင်းကြောင့် ရေနှင့် ဖုန်၊ သဲဒဏ်ကိုခံနိုင်စွမ်းရှိပြီး ရေအနက် 1.5m တွင် မိနစ် ၃၀ နီးပါးခံနိုင်စွမ်း ရှိပါမယ်။
Sony ရဲ့ ကင်မရာ စနစ်များဟာလည်းကောင်းမွန်ပါတယ်။ M5 တွင် ကင်မရာနှစ်မျိုးနှစ်စားပါရှိပြီး အဓိကကင်မရာသည် 21.2MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 13MP စွမ်းရည်ရှိပါတယ်။ ဒါကြောင့် အနေအထား မျိုးစုံကနေဘယ်လိုပင် ဓာတ်ပုံရိုက်ကူးပါစေ ကောင်းမွန်လှပသော ပုံရိပ် များကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့ 2160P ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့်ကို 30Frames ဖြစ်ပါတယ်။
ကင်မရာ ဆက်စပ်ပတ်သက်စနစ်များဖြစ်သောHDR, Panorama နှင့် Face/Smile detection စနစ်များ လည်းထည့်သွင်းပေးထားပါတယ်။ မှန်ကန်ပြည့်စုံတဲ့ သီချင်းသံတွေအတွက်လည်းWalkman app က ထောက်ပံ့ပေးထား ပါသေး တယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAMကို3GB ထည့်သွင်းပေးထားပြီး Internal Storage အတွက် ကိုတော့ 16GBပါရှိအောင် ဆောင်ရွက်ပေးထား ပါတယ်။ အားသွင်း အသုံးပြုနိုင်မယ့် Battery အမျိုးအစားကတော့ Li Ion 2600mAh ဖြစ်ပြီ3းG Network တွင် စကားပြော ဆိုဖို့အတွက် ၁၂ နာရီနီးပါး ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။
<Specification>
Network - GSM/HSPA/LTE
Processor - Octa core 2GHz
Screen - 5 inches
Camera - 21.2 MP
Bluetooth - v 4.1
Storage - up to 200GB
OS - Android OS,v 5.0
Contact - 09-421744111
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal