11/11/2015

♪ Android ဖုန်း ဘာကြောင့်နှေးတာလည်း ♫


ဖုန်းနှေးရတဲ့အကြောင်းရင်းမှာ Build in storage နည်းနေလို.ပါ။ Memoy 4GB,8GB ဖုန်းများကို ယခုခေါတ်တွင် လုံးဝ မဝယ်သင့်တော့ပါဘူး။ အနည်းဆုံး memory 16GB ကိုသာ ဝယ်သင့်ပါတယ်။


ဖုန်းနှေးလာပြီဆိုရင် ဖုန်းထဲမှာ ရှိတဲ့ application များကို uninstall လုပ်ရန် လိုလာပါပြီ။ Viber ဓာတ်ပုံများကို ရှင်းရန်လိုလာပါပြီ။

SD ကဒ်ရှိတဲ့ ဖုန်းများတွင်တော့ application များကို external memory ထဲသွင်းနိုင်ပါတယ်။ ဒါပေမဲ့ တချို. application များက SD ကဒ်တွင် အလုပ် မလုပ်တဲ့ အတွက် သတိထားရပါမယ်။ sd card ထဲ run နေတဲ့ application များက computer နဲ. ချိတ်လိုက်ရင် ပျောက်သွားပါတယ်။

ဖိုင်များထပ်နေခြင်း၊ သီချင်းများထပ်နေခြင်းကလည်း ဖုန်းကို နှေးစေပါတယ်။ Search duplicate application ကိုသုံးပြီး ထပ်နေသော file များကိုရှင်းလင်းနိုင်ပါတယ်။

Video file များကို တော့ Sd ကဒ်ထဲ ပြောင်းထဲထားရင် အကောင်းဆုံးပါ။ file များကို အကူးအပြောင်း လုပ်ရန် ES file manager က မိတ်ဆွေ အတွက် အဆင်ပြေမှာပါ။

များသောအားဖြင့် ဖုန်းဝယ်သူတော်တော်များများဟာ SD Card ဘယ်လောက်စိုက်လို့ရလဲ ဘယ်လောက် ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။ Build in memory ဘယ်လောက်ပါလဲဆိုတာကို ကြည့်လေ့ မရှိကြပါဘူး။ ဒါကမှားယွင်းပြီး memory ဘယ်လောက်ပါသလဲဆိုတာ လုံးဝကြည့်ကြရမှာပါ။

Cache တွေကလည်း memory ပြည့်စေတဲ့အကြောင်းရင်း တစ်ရပ်ပါ။ ထို.ကြောင့် cache ရှင်းတဲ့ ကိစ္စကို အမြဲလုပ်ရပါမယ်။ သို.ပေမဲ့ CC cleaner ကဲ့သို.သော application များက ဖုန်းမှာ install မလုပ်ရသေးတဲ့ ဖိုင်တွေကိုပါ ရှင်းလိုက်ပါတယ်။ ဒါကြောင့် cache ရှင်းတဲ့ application များကို auto clean ပေးမလုပ် ထားသင့်ပါ။ Cache ရှင်းတဲ့ အကောင်းဆုံး application ကတော့ All in one tool box ဖြစ်ပါတယ်။

နောက်ဆုံး လုံးဝ မရတော့ ဘူးဆိုရင် factory reset ချလိုက်ပါ။ Data တွေအားလုံးပျက်သွားပါမယ်။ ထိုသို. မချခင်မှာ contact တွေကို back up လုပ်ချင်ရင် SYNCit က အကောင်းဆုံးဖြစ်ပြီး computer မှာ သိမ်းချင်ရင်တော့ Shareit က အကောင်းဆုံး ဖြစ်ပါသည်။

အဆင်ပြေနိုင်ကြပါစေ
Nnz(Offline)

‪#‎nnzoffline‬
credit>Shwe Android မှာ ဖုန်းအကြောင်းလေ့လာမယ်။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download