11/14/2015

♪ “Samsung က သူ့ရဲ့ ပထမဆုံး 4K Laptop ကိုကြေညာ” ♫


Samsung က သူ့ရဲ့ ပထမဆုံး 4K Laptop ဖြစ်တဲ့ ATIV Book 9 Pro ကိုကြေညာလိုက်ပါတယ်။ စွမ်းဆောင်ရည် မြင့် ATIV Series များရဲ့ နောက်ဆုံး မျိုးဆက်ဖြစ်ပါတယ်။ ၁၅.၆ လက်မ 3840x2160p Touchscreen Display တပ်ဆင် ထားပြီးတောက်ပ ကြည်လင်ပြတ်သားမှု မှာအလွန်ကောင်းတဲ့ Real Time HDR Enhancements နည်းပညာ ပါတယ် လို့ Samsung ကပြောပါတယ်။ ATIV Book 9 Pro ဟာ Samsung ထုတ်လုပ် ဖူးသမျှ လက်တော့ထဲမှာအကောင်းဆုံး မျက်နှာပြင် တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

Samsung က ဆဌမမျိုးဆက် 2.6GHz Intel Core i7 Processor , 8GB RAM, 256GB SSD, NVIDIA GeForce GTX 950M Graphics Card , Four Speakers, 4K HDMI Out Port တို့ကို ထည့်သွင်းပေးထားပြီးဒေါ်လာ ၁၅၉၉ သတ်မှတ်ထားပါတယ်။ ၄.၄၅ ပေါင် အလေးချိန်ရှိတဲ့ လက်တော့ရဲ့ အားနည်းချက်က ဘက်ထရီသက်တမ်းဖြစ်ပြီး Resolution မြင့်မားတဲ့ မျက်နှာပြင်ကြောင့် ၆.၅ နာရီသာအသုံးခံမှာ ဖြစ်ပါတယ်။ Toshiba 4K Laptop ရဲ့ ၃.၅ နာရီဘက်ထရီသက်တမ်းထက်တော့ သာလွန်နေပါတယ်။

Samsung က ဒုတိယလက်တော့ ATIV Book 9 Spin ကိုလည်းမိတ်ဆက် လိုက်ပြီးမျက်နှာပြင်ကို ၃၆၀ ဒီဂရီခေါက်ချိုးနိုင်ပါတယ်။ ATIV Book 9 Spin မှာ 4K Display တပ်ဆင်ထားခြင်းမရှိပါဘူး။ Book 9 Spin မှာ ၁၃.၃ လက်မ 3200x1800 QHD Touchscreen Display တပ်ဆင်ထားပြီး တူညီတဲ့ HDR Enhancement နည်းပညာပါရှိပါတယ်။ ခေါက်ချိုးနိုင်တဲ့အတွက် တက်ဘလက်လိုရောလက်တော့လိုပါ အသုံးပြုနိုင်ပါတယ်။ Outdoor Mode ပါရှိပြီးမျက်နှာပြင်ရဲ့ အလင်းရောင်ကိုတိုးမြှင့်ပေးနိုင်ပါတယ်။ 2.5GHz Intel Core i7 Processor , 8GB RAM, 256GB Storage တပ်ဆင်ထားပါတယ်။ ဘက်ထရီသက်တမ်းမှာ ၇ နာရီဖြစ်ပါတယ်။ ATIV Book 9 Pro နဲ့ ATIV Book 9 Spin တို့ကို Samsung.com နဲ့ Best Buy တို့မှ ယခုလအတွင်း ရောင်းချမယ်လို့ Samsung ကပြောပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com