11/13/2015

♪ Ooredoo က နံပါတ်အလှကို ၅ ထောင်ကျပ်တန်မှ စတင်ရောင်းချ ♫


Ooredoo သည် ၄င်းတို့၏ မိုဘိုင်းဖုန်းနံပါတ် အလှများကို ၅ ထောင် ကျပ်တန်မှ စတင်၍ ဈေးကွက် အတွင်း ရောင်းချပေးနေခဲ့သည်ဟု သိရသည်။

“အူရီဒူး အနေနဲ့ နံပါတ်အ လှတွေ ရောင်းပေးနေပါတယ်။ အထူးသဖြင့် မှတ်ရလွယ်တဲ့ နံပါတ်ပူးလေးတွေကို ၅၀၀၀ (ငါးထောင်တန်) ဆင်းမ်ကတ်တွေမှာ ရနိုင်ပါတယ်။ ၅၀၀၀၀ (ငါးသောင်းတန်) နဲ့ အထက် အင်မတန် လှတဲ့ အပူးဂဏန်းတွေလည်း ရှိပါတယ်”ဟု Ooredoo မှ ပြန်ကြားရေး တာဝန်ခံကပြောသည်။

ဈေးကွက် အတွင်း၌ ဆင်းမ်ကတ်အရောင်း ကိုယ်စားလှယ်များသည် မိုဘိုင်းဖုန်း ဆင်းမ်ကတ် နံပါတ်အလှများကို သီးသန့် အနေဖြင့် ဈေးနှုန်း သတ်မှတ်၍ ရောင်းချပေးနေသော်လည်း ဆက်သွယ်ရေး အော်ပရေတာများ သည် ၄င်းတို့၏ နံပါတ်အလှဆင်းမ် ကတ်များကို ကိုယ်တိုင် ထပ်မံရောင်ချခဲ့ ကြခြင်းဖြစ်သည်။

မြန်မာဆက်သွယ်ရေး လုပ်ငန်း၏ ဆင်းမ်ကတ်နံပါတ် အလှကိုလည်း အရောင်း ကိုယ်စားလှယ် များက ဈေးကွက်အတွင်း ရောင်းချနေသော် လည်း မြန်မာဆက်သွယ်ရေး လုပ်ငန်းသည် ၄င်းတို့၏ နံပါတ် အလှ ဆင်းမ်ကတ်များကို ၄င်းတို့ ကိုယ်တိုင်ရောင်းချနိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

ဆက်သွယ်ရေး အော်ပရေ တာများသည် ၄င်းတို့၏ နံပါတ် အလှမိုဘိုင်း ဆမ်းကတ်များကို ပုံမှန် ဈေးနှုန်း ၁၅၀၀ ကျပ်ထက် ကျော်လွန်၍ ဈေးကွက် အတွင်း ရောင်းချနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး အချို့ဆင်းမ်ကတ် နံပါတ်အလှ များသည် ဈေးကွက်ပေါက်ဈေး သိန်းဂဏန်းအထိ ရှိခဲ့သည်ဟု သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com