မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
MPT သည် ဆင်းမ်ကတ် နံပါတ်အလှများကို ရောင်းချသွားရန်ရှိကြောင်း၊
အသေးစိတ်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေး၏ နံပါတ်အလှ ဆင်းမ်ကတ်များကို ဆင်းမ်ကတ်ဖြန့်ချိရေး ကိုယ်စားလှယ်မှ ဈေးနှုန်း သတ်မှတ်၍ ပြန်လည် ရောင်းချနေသော်လည်း မြန်မာ့ ဆက်သွယ်ရေး အနေဖြင့် ဆင်းမ်ကတ် နံပါတ်အလှကို သီးသန့် တရားဝင်ရောင်းချခဲ့ခြင်း မရှိပေ။
ဆင်းမ်ကတ်နံပါတ်အလှဆိုသည်မှာ အမျိုးမျိုးသော နံပါတ်အလှများဖြစ်ကြပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အဆိုပါ နံပါတ်အလှ ရောင်းချခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ပြောကြားလိုခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှင့် မပူးပေါင်းခင်က ဆင်းမ်ကတ် နံပါတ်အလှများကို လေလံစနစ်ဖြင့် ရန်ကုန်နှင့် မန္တလေးမြို့၌ ရောင်းချခဲ့သည်။ ပြည်ပမှ ဝင်ရောက်လာ သည့် ဆက်သွယ်ရေး အော်ပရေတာတစ်ခုသည် နာမည်ခွဲကုမ္ပဏီတစ်ခုကို ထူထောင်၍ ဆင်းမ်ကတ် နံပါတ် အလှများကို ဈေးနှုန်းသတ်မှတ်၍ ရောင်းချမှုပြုလုပ်ခဲ့သည်။

Credit to ==> Internet Journal