
မိမိတည်နေရာပေါ်မူတည်၍ အနီးအနားရှိ အေတီအမ်စက်၊ ဆေးခန်း၊ ကဖေး၊ ရဲစခန်း၊ ဈေးဝယ်စင်တာစသည်တို့၏ နေရာကို မြေပုံပေါ်တွင် ရှာဖွေသကဲ့သို့ မိုဘိုင်းဖုန်းမှ ရှာဖွေနိုင်မည့် MMNearBy (မြန်မာ့အနီးအနား) မိုဘိုင်းဖုန်း လမ်းညွှန် Application ကို အခမဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။
"App ကတော့ မိုဘိုင်းဖုန်း လမ်းညွှန်ပုံစံ ပြည်တွင်းက Developer တွေနဲ့ ရေးထားတာပါ။ ဖုန်းကနေပဲ ကိုယ်သွားချင်တဲ့  နေရာတော်တော် များများကို မြေပုံပေါ်မှာ ကြည့်သလိုမျိုး ရှာဖွေနိုင်မှာပါ။ ဖုန်းရဲ့ Location-Based ကို အခြေခံ ဖန်တီးထားသည့် Appဖြစ်လို့ သုံးတဲ့အချိန်မှာ ဖုန်းမှာ အင်တာနက် ဖွင့်ထားမှရမှာပါ။ GPS စနစ်ထောက်ပံ့ ပါဝင်တဲ့ ဘယ်ဖုန်းမှာမဆို အသုံး ပြုနိုင်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ ကိုယ်ရှာချင်တဲ့ နေရာတွေ မြန်မာလို ရှာဖွေနိုင်မြှာ ဖစ်ပါတယ်" ဟု Myanmar Digital မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
App ၏ ဖိုင်အရွယ်အစား 10.8MB ရှိမည်ဖြစ်ပြီး Android OS v4.0 နှင့်အထက် စမတ်ဖုန်းများတွ င် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုသည့်သုံးစွဲသူ ပမာဏပေါ် မူတည်၍ iOS version ၊ Windows Phone version ၊ Blackberry Version များကိုလည်း ထပ်မံ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ App အား အသုံးပြုလိုသူများ အနေဖြင့် http:// www.mmnearby.com /app.apk တွင် ရယူနိုင်မည်ဖြစ် သည်။
အဆင်ပြေပါစေ..

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။