11/21/2015

♪ ဈေးနူန်းသက်သာပြီး စွမ်းရည်မြင့် စမတ်ဖုန်း Meizu M1 Metal သို့ Meizu Blue Charm Metal ♫


M1 Metal ကို တရုတ်စမတ်ဖုန်း ကုမ္ပဏီ ကြီး Meizu မှအောက်တိုဘာလ ၂၁ နေ့မှာမိတ်ဆက်ခဲ့ပြီး ယခုမြန်မာနိုင်ငံကိုဝင်ရောက်လာခဲ့ပြီဖြစ်သည်။ Fingerprint Scanner Security System လက်ဗွေ လုံခြုံရေး စနစ်ပါဝင်ပြီး ဈေးနူန်းသက်သာတာကလည်းသူ့အားသာချက်ပဲဖြစ်ပါတယ်။


M1 Metal က မျက်နှာပြင်အကျယ် 5.5 inches ဖြစ်ပြီး မျက်နှာပြင်ကို အစင်းရာခြစ်ရာခံနိုင်စေဖို့ Dinorex T2X-1 scratch/shock resistant Glass ဖြင့် ဖုံးအုပ်ထားပါတယ်။1080×1920 pixels (403 ppi) မျက်နှာပြင်အရည်အသွေးရှိတာကြောင့် Screen အရည်အသွေးစိုပြေကောင်းမွန်တာကိုတွေရမှာပါ။ Mediatek MT 6795 Helio X10 octa-core 2.0 Chipset ကိုအသုံးပြုထားပြီး RAM 2 GB နဲ့မောင်းနှင်ထားပါတယ်။ 16GB &32 GB နှစ်မျိုးထုတ်လုပ်ပြီး Sim slot 2 ကို MicroSD 128 GB ထိထပ်မံတိုးမြှင့် အသုံးပြုနိုင်ပါသေးတယ်။


ပင်မကင်မရာ 13 MP တပ်ဆင်ထားပြီး 2K Video အထိရိုက်ကူးနိုင်မှာဖြစ်ပြီး Secondary မျက်နှာပြင်ကင်မရာကတော့ 5MP တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို 2.5 D curved display ပုံသဏ္ဌန် ဖြစ်ပြီး Fingerprint လဲပါဝင်ပါတယ်။ ဘက်ထရီ 3140 mAh ဖြစ်ပြီး Android 5.1 အခြေပြု Flyme Os နဲ့လည်ပတ်ထားပြီး Dual Sim အမျိုးအစားဖြစ်ပါတယ်။


ဈေးနူန်းတွေကတော့ 16 GB -US $150 ,32GB US $ 180 ဖြစ်ပြီး 16 GB ကိုမြန်မာငွေ ၂ သိန်းနီးပါးဖြင့်ရောင်းချပေးနေကြောင်းသိရှိရပါသည်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com