Magna ဟန်းဆက်သည် 2G, 3G,4G Network အထောက်အပံ့ရရှိပြီး
ဖုန်းရဲ့ပုံပန်းသဏ္ဌာန် ကတော့ လေးထောင့်ပုံစံရှိပြီးထိပ်ဘက်နှင့် အောက်ဘက်
အနားများသည်အနည်းငယ် အ၀ိုက်သဏ္ဌာန် ရှိပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏသည်
139.8×69.9×10.1 mm ရှိကာ အလေးချိန် သည် 137g ဖြစ်ပါတယ်။
Sim Card 2 ကတ်ထည့်သွင်း သုံးစွဲ လို့ရတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် Sim Card အမျိုးအစားကတော့ micro Sim ပါ။ IPS LCD Capacitive Touch Screen ၏ အကျယ်အ၀န်းပမာဏကတော့ 5 inches ဖြစ်ကာ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏသည် 720×1280 ဖြစ်ကာ ၁ လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 294 ppi ပါ ထည့်သွင်းပေးထားသော CPU ရဲ့ စွမ်းရည်မှာ quad-core 1.2GHz ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် H502 ရဲ့ CPU စွမ်းရည်မှာ quad-core 1.3 GHz ဖြစ်ပြီး Chipset အမျိုးအစားကတော့ MediaTek MT6582 ပါဓာတ်ပုံ ရိုက်ကူးနိုင်ဖို့အတွက်အရှေ့အနောက် ကင်မရာနှစ်မျိုးနှစ်စားပါရှိ ပါတယ်။
အဓိကကင်မရာသည် 8MP စွမ်းရည်ရှိပြီး ရိုက်ကူးလိုက်သော ပုံရိပ်များကို 3264×2448 pixels ပမာဏဖြင့်ဖော်ပြပါမယ်။ ရှေ့ကင်မရာ ငယ်ရဲ့ စွမ်းရည်ကတော့ 5MP ဖြစ်ပါတယ်။ ဒါ့ကြောင့် Selfie ပုံများကို ရိုက်ကူးတဲ့အခါတွင် ပုံထွက်ကောင်းစေပါလိမ့်မယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080p ဖြစ်ပြီးနှုန်းမှာ ၁ စက္ကန့်ကို 30 frames ပါ။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင်း RAM ကို 1GB ထည့်သွင်းပေးထားပြီး Internal Storage အနေဖြင့် 8GB ပါရှိပါမယ်။
ဟန်းဆက်တစ်လုံးဝယ်ယူ တဲ့အခါ၌များသောအားဖြင့် မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်အသုံးပြုကြပါတယ်။ ယခုဟန်းဆက်တွင် အများဆုံးချဲ့ထွင်နိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့ 32GB အထိဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားမှာ Li-ion 2540 mAh ဖြစ်ပါတယ်။
<Specification>
Network - GSM/HSPA/LTE
Screen - 5 inches
Memory - 8 GB, up to 32 GB
Bluetooth - v4.1
CPU - Quad Core 1.2GHz
OS - Android OS, v5.0.1
Contact - 09-259255439
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal