11/22/2015

♪ " LG Magna " Price » 239,000 Ks Contact Phone » 01-544644 (TMW Showroom) ♫


LG Magna ဟာ mid-range ဖုန်းတစ်လုံးဖြစ်ပြီး တန်ဖိုးသက်သာတဲ့ ဖုန်းတစ်လုံးဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ high-end ပစ္စည်းတွေကို အနည်းငယ် လျှော့သုံးထားပါတယ်။ Magna ကို အခြား mid-range ဖုန်းတွေဖြစ်တဲ့ Spirit, Leon, Joy တို့နဲ့အတူ ဖေဖော်ဝါရီလက MWC 2015 ပွဲမှာ စတင်မိတ်ဆက်ခဲ့ပြီး အကောင်းဆုံး စမတ်ဖုန်းတစ်လုံးအနေနဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ LG ရဲ့ မကြာသေးခင်ကမှ ဖြန့်ချိခဲ့တဲ့ ရေပန်းအစားဆုံးစာရင်းမှာ Magna ပါဝင်နေပြီး ဒီဇိုင်းကလည်း LG ရဲ့ တန်ဖိုးအမြင့်ဆုံး G series တွေအတိုင်း ပုံစံတူ အတတ်နိုင်ဆုံး တီထွင်ဖန်တီးထားတာ တွေ့ရပါတယ်။ LG Magna ရဲ့ Curved Design ကတော့ အထူးခြားဆုံးဖြစ်ပြီး အမြင်ဆန်းသစ်အောင် ပြောင်းလဲပေးခဲ့ပါတယ်။

High-end တစ်လုံးဖြစ်တဲ့ LG G Flex 2 အတိုင်း ကွေးထားတဲ့ကိုယ်ထည်ကို Magna မှာ တွေ့ရပေမယ့် G Flex 2 လိုတော့ ဖိနှိပ်ရုံနဲ့ ကွေးညွတ်နိုင်တဲ့ ပျော့ပျော့ပျောင်းပျောင်း ကိုယ်ထည်ကိုတော့ ရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း Magna ဟာ build quality ကောင်းကောင်းကို ပေးစွမ်းနိုင်ပြီး လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ် ကိုင်တွယ်အသုံးပြုလို့ အဆင်ပြေပါတယ်။ ကျောဘက်အဖုံးကို သားရေအစား သတ္တုအပြည့် ကိုယ်ထည်ဖုန်းထက် ပိုမိုကောင်းမွန်တဲ့ပလတ်စတစ်ကို ချောမွေ့ပြောင်လက်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်နေအောင် အသုံးပြုထားပါတယ်။

ရှေ့မျက်နှာပြင်က လေးထောင့်ပုံသဏ္ဌာန်ရှိပြီး ကျောဘက်အဖုံးကို အလွယ်တကူ ဖြုတ်/တပ်နိုင် ပါတယ်။ Curved ဒီဇိုင်းကြောင့် Magna ဟာ 10.1mm အထူရှိတာဖြစ်ပြီး ခြုံငုံကြည့်လိုက်ရင် LG ရဲ့ လက်ရှိအကောင်းဆုံး G4 နဲ့တောင် ခပ်ဆင်ဆင်တူပါတယ်။ LG ရဲ့ Top-end ဖုန်းတွေကနေ နောက်ထပ် ယူထားတဲ့ဒီဇိုင်းကတော့ Magna ရဲ့ ကျောပြင်မှာ home နဲ့ volume ခလုတ်တို့ရဲ့ နေရာထားသိုမှုပုံစံတွေပဲ ဖြစ်ပါတယ်။ LG ရဲ့ ထူးခြားတဲ့ဒီဇိုင်းက back panel ခလုတ်တွေကို ကင်မရာအောက်ဘက်မှာ မြင်တွေ့နိုင်ပါတယ်။

ပါဝါခလုတ်အပြင် အသံ အတိုး/အလျှော့ခလုတ်ကိုပါ ထည့်သွင်းပေးထားပါတယ်။ Magna ကို အနက်ရောင် color အပြင် LG ဟာ အဖြူရောင် version ကိုပါ ရွေးချယ်နိုင်ခွင့် ပေးထားပါတယ်။ LG Magna ရဲ့ Screen ကို နှိုးထလာအောင် အလွယ်ကူဆုံးနည်းက Knock Code Feature အသုံးပြုနိုင်သလို ကျောဘက် ခလုတ်တွေနဲ့လည်း ပွင့်လာအောင် လုပ်နိုင်ပါတယ်။ 720 x 1280 pixels HD ရုပ်ထွက်ကို ပံ့ပိုးပေးနိုင်တဲ့ ၅ လက်မအရွယ် Display ပါဝင်နေတာက Magna ကို ပိုမိုခံ့ညားစေပြီး LG ရဲ့ In-cell touch နည်းပညာ သုံးထားတဲ့ ပထမဆုံးစမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ကြည်လင်ပြတ်သားမှု အကောင်းဆုံးပေးစွမ်းနိုင်ပြီး ပြင်ပအလင်းရောင်မှာ ပြတ်သားတဲ့မြင်ကွင်းနဲ့ ပိုမိုနက်နဲတဲ့တုံ့ပြန်မှုတို့ကို ရရှိပါလိမ့်မယ်။

LG ရဲ့ ကိုယ်ပိုင် User Interface ဖြစ်တဲ့ LG UX 4.0 နဲ့ ပေါင်းစပ်ပြီး Android OS 5.0.1 (Lollipop) ကို သုံးနိုင်ပါတယ်။ LG ရဲ့ App တွေဖြစ်တဲ့ LG Smart World, Polaris Office, Remote Call Service စတာတွေ ပါဝင်ပါတယ်။ Dual-SIM အမျိုးအစား စမတ်ဖုန်းဖြစ်ပြီး Bluetooth v 4.1, Wi-Fi, GPS စတဲ့ ချိတ်ဆက်မှုတွေကို သုံးနိုင်ပါတယ်။ Knock Code feature ကိုလည်း pattern ဒါမှမဟုတ် series သုံးပြီး ဖုန်းလုံခြုံရေးအတွက် စိတ်ချရအောင် ပြုလုပ်နိုင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းကို Mediateak MT6582 32bit processor ဟာ 1.3GHz မြန်နှုန်းရှိတဲ့ core ၄ လုံးနဲ့အတူ မြန်နှုန်းမြင့် ဆောင်ရွက်ပေးပြီး အဆင့်မြင့် feature တွေနဲ့ တန်ဖိုးသက်သာတဲ့ စမတ်ဖုန်းတွေအတွက် အဲဒီ processor ဟာ ဈေးအရမ်းမြင့်တဲ့ အမျိုးအစားမှာ မပါဝင်ပါဘူး။

RAM 1GB ကိုပဲ ထောက်ပံ့ပေးထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 8GB ကို အသုံးချနိုင်ပြီး mciro SD နဲ့ 32GB ထိ တိုးမြှင့်နိုင်ပါတယ်။ 8MP sensor ကင်မရာကို ကျောဘက်မှာ တပ်ဆင်ထားပြီး အံ့သြစရာကောင်းတဲ့ပုံရိပ်တွေကို ပေးစွမ်းနိုင်ပြီး autofocus နဲ့ LED flash တို့လည်း ပါဝင်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ပိုမိုကောင်းမွန်အောင် feature အချို့ကိုလည်း ပြင်ဆင်ပေးထားပြီး gesture ရော၊ voice control ကိုပါ သုံးနိုင်ပါတယ်။ ဒီနေ့ခေတ် လူကြိုက်အများဆုံး selfie trend တစ်ခုမှာ LG ဟာ စိတ်ပါဝင်စား တာကြောင့် Magna ရဲ့ ရှေ့ဘက်မှာ 5MP wide-angle ကင်မရာကို တပ်ဆင်ထားပါတယ်။ Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။
* Battery Life *
LG Magna မှာ ပါဝင်တဲ့ Li-Ion 2540mAh ဘက်ထရီကို တစ်နေ့တာအတွက် စိတ်ချလက်ချ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ဘက်ထရီအမျိုးအစား ထည့်သွင်းပေးထားပြီး 3G Network မှာ ၁၀ နာရီကြာ စကားပြောနိုင်ပါတယ်။
* Design *
LG Magna မှာ high-end စမတ်ဖုန်း G Flex 2 အတိုင်း ကွေးညွတ်ထားတဲ့ ကိုယ်ထည်မျိုးကို တွေ့နိုင်မှာဖြစ်ပြီး G Flex 2 လောက်တော့ ပျော့ပျောင်းတဲ့အနေအထားကို မရရှိနိုင်ပါဘူး။ ဆန်းသစ်တဲ့ဒီဇိုင်းကို ပလတ်စတစ်နဲ့ပဲ ပုံဖော်ပေးထားတာမို့ 137 g အလေးချိန်သာသာနဲ့ ပေါ့ပါးနေပါတယ်။
* Processor *
ဖုန်းရဲ့အတွင်းပိုင်း hardware တွေဟာ အကောင်းစားစမတ်ဖုန်းတစ်လုံးနီးပါး ကောင်းမွန်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားပြီး Mediatek MT6582 1.3GHz မြန်နှုန်းရှိ Quad-core processor က စွမ်းဆောင်ရည် အမြင့်ဆုံး ဆောင်ရွက်ပေးထားပါတယ်။
* Display and Camera *
IPS LCD အမျိုးအစား Display ဟာ ၅ လက်မအရွယ်ရှိပြီး HD ရုပ်ထွက်အရည်အသွေးကို အကောင်းဆုံးပေးစွမ်းနိုင်ပါတယ်။ ဖုန်းရဲ့ပင်မ ကင်မရာဟာ 8MP ဖြစ်ပြီး LED flash, autofocus တို့ ပါဝင်ပါတယ်။ 1080p Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်မှာ 5MP ကင်မရာ ထည့်သွင်းထားပါတယ်။
* Verdict *
LG Magna ဟာ mid-range အမျိုးအစားအတွက် ကျေနပ်မှုအပြည့် အ၀ပေးနိုင်တဲ့ အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အဓိကထူးခြားတာက Magna ရဲ့ဒီဇိုင်းကြောင့် ပိုမိုလူကြိုက်များလာမှာဖြစ်ပြီး အတွင်းပိုင်းမှာ သုံးပေးထားတဲ့ software, hardware တွေကလည်း သဘောကျစရာအချက် ဖြစ်လာပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>