11/09/2015

♪ “iOS အတွက်အကောင်းဆုံး Content Blockers” ♫


iOS 9 ထွက်လာတာနဲ့အတူ Apple ဟာ Safari ထဲမှာ Content Blocking Software တွေပေါင်းပြီးအလုပ်လုပ်နိုင်အောင်လမ်းဖွင့်ပေးလိုက်ပါတယ်။ ဒါကြောင့်မိုဘိုင်းဖုန်း Browser ကနေအင်တာနက်ကြည့်တဲ့အခါကြော်ငြာတွေ ကင်းစင်လာမယ့်အပြင်တခြားအနှောင့်အယှက်တွေကိုလည်းတွေ့ရဖို့မရှိ တော့ပါဘူး။ Content Blocking Software တွေကအခပေးနဲ့အခမဲ့ဆိုပြီး နှစ်မျိုးရှိပါတယ်။ဘယ်ဟာတွေကအကောင်းဆုံးလဲ။
<Purify Blocker>
သူကတော့iOSအတွက်အကောင်းဆုံးနေရာမှာရှိပါတယ်။အခမဲ့မရပါဘူး။ဈေးနှုန်းက (၁.၅)ပေါင်ပါ။www.bit.ly/purify382 ကနေအခပေးပြီးDownload ဆွဲနိုင်ပါတယ်။လူ့သဘာဝအရပိုက်ဆံပေးသုံးရတယ်ဆိုတော့နည်းနည်းကသိကအောက်နိုင်စရာရှိပါတယ်။ ဒါပေမယ့်လွယ်လွယ်ကူကူConfiguration လုပ်လို့ရတယ်။ကိုယ်ပိတ်ဆို့ချင်တဲ့အရာကိုတိတိကျကျပိတ်ဆို့ပေးနိုင်တယ်ဆိုတဲ့စွမ်းရည်တွေကပိုက်ဆံပေး သုံးရတယ်ဆိုတဲ့ကိစ္စကိုမေ့သွားစေပါတယ်။
သူ့ထဲမှာBlocking Option ၅မျိုးပါ,ပါတယ်။Default အနေနဲ့Ads နှင့်Tracking ကိုပိတ်ပေးထားပါတယ်။ဒါကြောင့်ကြော်ငြာထိုးချင်တဲ့လူတွေအလွယ်တကူ ၀င်ထိုးလို့မရပါဘူး။ကိုယ့်ရဲ့Online အမူအကျင့်တွေကိုခြေရာခံချင်တဲ့ လူတွေ လည်းခြေရာခံလို့မရပါဘူး။လူမှုကွန်ရက်သိပ်မသုံးတဲ့လူတွေအဖို့လည်းလူမှုကွန်ရက်တွေကိုတားထားနိုင်တဲ့ Social Button ရှိတယ်။အဲဒါကိုသုံးထားရင် လူမှုကွန်ရက်ထဲမှာတောင်သူများComment ၀င်ရေးတာကိုတောင်ပိတ် ပေးလို့ ရပါတယ်။ဒီထက်ပိတ်ဆို့ချင်သူတွေအတွက်image, script နဲ့Font တွေကိုBlock လုပ်လို့ရပါတယ်။ဆန္ဒရှိမယ်ဆိုရင်Website တစ်ခုကိုအခြေခံ အစိတ်အပိုင်းတွေကလွဲပြီးကျန်တဲ့အစိတ်အပိုင်းတွေအလုပ်မလုပ်နိုင်အောင်တားထားလို့လည်းရပါတယ်။ Purify Blocker ရဲ့ကောင်းချက်က အတိုင်းထက် အလွန်ပါပဲ။Website တွေကကြော်ငြာမှန်သမျှကိုတားထားရုံ တင်မကဘူး။ ဖယ်ပါပေးနိုင်သေးတယ်။ကြော်ငြာရှင်ထဲမှာGoogle တို့လိုအမှန်အကန် ကြော်ငြာတဲ့ကုမ္ပဏီမျိုးကိုတောင်ချမ်းသာမပေးပါဘူး။ကြော်ငြာခွင်ထဲ တိုက်ရိုက်မ၀င်ပေမယ့်Content တွေပေါ်Mouse ဖြတ်တင်လိုက်ရင် ဆိုးခနဲ ဆက်ခနဲပေါ်လာတတ်တဲ့ကြော်ငြာမျိုးစုံကိုလည်းပေါ်မလာရအောင်လုပ်ပေးနိုင်ပါသေးတယ်။
You Tubeထဲဝင်ကြည့်ဦးမလားကြော်ငြာတွေကိုဖယ်ပြီးကွက်လပ်ကြီး တွေဖြစ်အောင်လုပ်ပစ်ပါတယ်။ ဒါကြောင့်ကြော်ငြာထိုးပြီးပြတဲ့ဗီဒီယိုတွေ ကြည့်ချင်ရင်သုံးလေးစက္ကန့်လောက်စောင့်ပြီးမှကြည့်နိုင်ပါမယ်။အလားတူ Video Website တွေဝင်ကြည့်မယ်ဆိုရင်လည်းကြော်ငြာတွေကိုဖယ်ထုတ်ပစ် လို့အဲဒီကြော်ငြာတွေနေရာမှာကွက်လပ်ကြီးတွေကိုတွေ့ရပါမယ်။Website တွေကကွက်လပ်ကြီးတွေနဲ့ ဆိုတော့ကြည့်ရတာမြိုင်မြိုင်ဆိုင်ဆိုင်မရှိဘူး။ Screen Space လုပ်တယ်လို့ဆိုချင်လည်းဆိုနိုင်ပါတယ်။ဒါပေမယ့်Website ရဲ့အခြေခံအစိတ်အပိုင်းတွေအတွဲအစပ်မပျက်ပြပေးနိုင်တာကိုချီးကျူးရပါ မယ်။Blockမလုပ်ချင်တဲ့Website တွေရှိရင်လည်း Safari Browser ထဲက ၀င်ပြီးShare Button ကိုတစ်ချက်ခေါက်Add the white list ကိုရွေးပြီး ကိုယ်ချမ်းသာပေးချင်တဲ့Website ကိုWhite List ထဲထည့်နိုင်ပါတယ်။ Website တစ်ခုကိုWhite List ထဲထည့်ချင်ရင်White List Icon ကိုခေါက်ပြီး တိုက်ရိုက်ထည့်လို့ရသလိုApplication ရဲ့Perferenceနေရာကနေ၀င်ပြီး လည်းလုပ်နိုင်ပါတယ်။ကောင်းတာတွေပြောပြီးလို့အပြစ်ပြောစရာဖက်ကို ကြည့်မယ်ဆိုရင်ဒီApplication ဟာဒီဇိုင်းပိုင်းမှာအခြေခံအပိုင်းလောက်ကို ပြထားပြီးအလုပ်ဖြစ်အောင်လုပ်နိုင်ဖို့လောက်ဦးတည်ထားတာ ကိုတွေ့ရပါ မယ်။အဆင်အပြင်မလှဘူး၊ဆွဲဆောင်မှုအားမကောင်းဘူး၊ကိုယ်ပေးရတဲ့ပိုက်ဆံနဲ့မတန်ဘူးလို့ထင်ရင်လည်း ထင်နိုင်စရာရှိပါတယ်။Blockလုပ်တဲ့ နေရာ မှာOption ငါးမျိုးခွဲပြီးပိုင်းခြားထားတယ်ဆိုပေမယ့်တချို့Option တွေကချိတ် နေပါတယ်။ဒါကြောင့်ကျွဲကူးရေပါဆိုတဲ့ ကိစ္စမျိုးတွေလည်းရှိပါတယ်။တစ်ခုကိုBlock လုပ်ရင်ကျန်တဲ့တစ်ခုကိုပါBlock လုပ်ဆိုတဲ့ဟာမျိုးတွေပါ။ ဥပမာပြ ရရင်ကြော်ငြာပိတ်ရင်Tracking ကိုပါပိတ်ရတဲ့ကိစ္စမျိုးပါ။ လူမှုကွန်ရက် တွေကို ပိတ်တဲ့ကိစ္စမျိုးမှာလည်းComment ပိတ်တဲ့ကိစ္စတစ်တွဲတည်းပါ နေပါတယ်။ဒါတွေကိုသီးခြားစီခွဲပြီးရွေးချယ်နိုင်ရင်ပိုကောင်းပါမယ်။တချို့ နေ ရာတွေမှာသီးခြားစီဖြစ်ရင်ပိုကောင်းလို့ပါ။ခြုံပြီးပြောရရင်Purify ဟာမျှတဲ့ ဖွဲ့စည်းပုံရှိပါတယ်။ကိုယ့်စိတ်ကြိုက်ဖန်တီးခွင့်ကလည်းတခြားApplication တွေထက်ပိုများပါတယ်။ ပိုက်ဆံပေးသုံးရကျိုးနပ်ပါတယ်။
<Adblock Plus>
သူကတော့လုံးလုံးလျားလျားအခမဲ့ပေးတဲ့Application ပါ။ www.bit.ly/adblock382 ဆွဲပြီးသုံးနိုင်ပါတယ်။Download လည်းအတော် လေးကောင်းတာမို့ဒုတိယနေရာမှာရှိနေပါတယ်။Performance တွေနဲ့ ချိတ်ပြီး သုံးနိုင်တယ်ဆိုပေမယ့်သူ့ကိုယ်ပိုင်Content Blocking Browser လည်းရှိတယ်။iOSစနစ်မှာပဲသုံးနိုင်တဲ့Browser ပါ။ဒီApplication ဟာအခုဆို ရင်Safari အတွက်Standard iOS Blocker ဖြစ်လာပါတယ်။ သုံးစွဲသူတွေ ဆီကအခကြေးငွေမယူတဲ့အတွက်အများစုလက်ခံနိုင်တဲ့ကြော်ငြာမူဝါဒ (Acceptable ads) နဲ့ငွေရှာပါတယ်။လူအများလက်ခံနိုင်တဲ့ ကြော်ငြာဆိုတာ မျိုးတွေကိုWhite List ထဲမှာထည့်ထားပြီးDefault အနေနဲ့သူ့ကို ဖွင့်ပေးထား ရပါတယ်။ဒါပေမယ့်အဲဒီစာရင်းထဲကSite တချို့ကိုပိတ်ဖို့လိုလာမယ်။ဒါကို ဆော့ဖ်ဝဲထုတ်လုပ်သူကလည်းလက်ခံပေးမယ်ဆိုရင်ပိတ်လို့ရမယ့်အခွင့် အ ရေးပေးထားပါတယ်။အခမဲ့ရတဲ့Application ဖြစ်တာနဲ့အညီသူ့ရဲ့ အသုံးက အခြေခံလောက်ပဲရှိပါတယ်။ပိတ်ဆို့ဖို့အဓိကရည်ရွယ်တာကကြော်ငြာနဲ့  Tracking ဖြစ်ပါတယ်။ဒါကလွဲပြီးကျန်တာတွေကိုပိတ်လို့မရနိုင်ပါဘူး။
Acceptable adsဆိုတာတွေကိုခွင့်ပြုပေးထားရတာကြောင့်ကြော်ငြာ အတော်အသင့်နဲ့ကြုံရဦးမှာပါ။Privacy ကို နှောင့်ယှက်လွန်းတဲ့ကြော်ငြာ တွေကိုပဲအောင်အောင်မြင်မြင်ပိတ်နိုင်ပါမယ်။အခမဲ့ပေးသုံးတာမို့ငွေကုန် သက်သာပေမယ့်ရွေးချယ်စရာအခွင့်အလမ်းများများစားစားမရှိတာသည်းခံရပါမယ်။သူ့ဆီမှာကြော်ငြာခပေး ထားတဲ့ကြော်ငြာတွေဝင်ထိုးမှာကိုလည်း သည်းခံရပါမယ်။Safari Browser ကနေတစ်ဆင့်ခံသုံးမယ့်အစားAdblock Plus ရဲ့ကိုယ်ပိုင်Browser ကနေသုံးဖို့တကျည်ကျည်တွန်းအားပေးတာ ကိုလည်းသည်းခံရပါမယ်။
<1 Blocker>
အခမဲ့ပေးသုံးတယ်ဆိုပေမယ့်လုံးလုံးလျားလျားအခမဲ့မဟုတ်ပါဘူး။ ထပ်ဆောင်းလိုချင်တဲ့အချက်တွေကိုApplication သုံးနေရင်းပိုက်ဆံလှမ်း ပေးပြီးထပ်ထည့်ခိုင်းရပါတယ်။IAP (Im Application) လို့ခေါ်တဲ့ဟာ တွေပါ။ မူလApplication ကိုwww.bit.ly/1block382 ကနေDownload ဆွဲချနိုင်ပါ တယ်။ပေးထားတဲ့Tool တွေကအများကြီးပါပဲ။အဲဒီထဲကစိတ်ကြိုက်တစ်ခုကို အခမဲ့သုံးနိုင်ပါတယ်။ကျန်တဲ့Toolတွေအားလုံးကိုသုံးချင်ရင်ဒါမှမဟုတ်ကြိုက်တဲ့အချိန်မှာကြိုက်တဲ့Tool တစ်ခုကိုသုံးချင်ရင် (၂.၃)ပေါင်ယူပါတယ်။
ပိတ်နိုင်တဲ့Tool တွေထဲမှာသက်ဆိုင်ရာWebsite တွေအတွက်၊Cookie တွေ အတွက်၊CSS page element တွေအတွက်၊Tracker တွေအတွက်၊Social Media တွေအတွက်၊Comment တွေအတွက်၊Customer Font တွေအတွက် ဆိုပြီးအမျိုးမျိုးပါတယ်။ကြော်ငြာတွေကိုပိတ်ဆို့တဲ့နေရာမှာထိရောက်ပြီး Google ကြော်ငြာတွေကိုတောင်မှပိတ်ပေးနိုင်ပါတယ်။အဲဒီထဲမှာYouTube ကြော်ငြာတွေလည်းပါ,ပါ တယ်။ဈေးကြီးတယ်ဆိုပေမယ့်Browser ကနေ အလုံးစုံထိန်းချုပ်လိုသူတွေအတွက်အသုံးတည့်မယ့်iOS Content Blocker ဖြစ်ပါတယ်။
နောင်စိုး(ထားဝယ်)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com