နိုဝင်ဘာလ နောက်ဆုံးရက်သတ္တပတ်မှာ တရုတ်နိုင်ငံအခြေစိုက်
စမတ်ဖုန်းကုမ္ပဏီများရဲ့ အားပြိုင်မှုများ ကိုမြင်တွေ့ရဖွယ်ရှိပြီး Xiaomi မှ
၂၄ ရက်နေ့တွင်ကုန်ပစ္စည်းသစ်များမိတ်ဆက်ပေးမှာဖြစ်ပြီး Mi Pad 2 နဲ့ Redmi
Note 2 Pro တို့ဖြစ်နိုင်ဖွယ်ရှိကြောင်းခန့်မှန်းနေကြပါသည်။ သတ္ထု
နဲ့ပြုလုပ်ထားဖွယ်ရှိတယ်ဆိုတဲ့ All Metal Xiaomi Mi Pad 2 ရဲ့ပုံတွေ
တရုတ်လှုမှုကွန်ယက် Weibo မှာထွက်ပေါ်လာတဲ့အပေါ် ခန့်မှန်းကြခြင်းဖြစ်သည်။
နိုဝင်ဘာလ ၂၆ ရက်နေ့မှာတော့ Huawei မှ Mate 8 ကိုမိတ်ဆက်မှာဖြစ်ပါတယ်။ ၆ လက်မ မျက်နှာပြင်အကျယ် ရှိပြီး ၎င်းတို့ကိုယ်ပိုင်ထုတ် Chip Kirin 950 Octa -core CPU ကိုသုံးစွဲထားပြီး RAM 3GB & 4GB နှစ်မျိုးထုတ်လုပ်ဖွယ်ရှိပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ Vivo မှ X 6 ကိုမိတ်ဆက်ပြသ မှာဖြစ်ပြီး မျက်နှာပြင်အကျယ် ၅.၂ လက်မ ၊ MediaTek မှ X20 chip သို့မဟုတ် MT 6752 chip ကိုသုံးစွဲဖွယ်ရှိပြီး 4GB RAM နဲ့မောင်းနှင်ထားတာကို Antutu စစ်ဆေးမှုတွေအရသိရှိရမှာဖြစ်ပါတယ်။
Credit to ==> Phone News Up To Date