Huawei က သူ၏ ပင်မ သုတေသနဌာန၏ တစ်စိတ်တစ်ပိုင်းဖြစ်သော Watt Lab တွင်
လက်ရှိ ဘက်ထရီများထက် အားသွင်းရာတွင် ဆယ်ဆပိုမိုမြန်ဆန်သော Lithium-Ion
Battery ကို တီထွင်နိုင်ပြီဟု ကြေညာပါသည်။
အဆိုပါ နည်းပညာကို သရုပ်ပြသသော ဗီဒီယိုတစ်ခုတွင် ၂ မိနစ်အတွင်း စမတ်ဖုန်းကို ၆၈ ရာခိုင်နှုန်း အထိ အားဖြည့်ပေးနိုင်သည်ကို တွေ့ရပါသည်။ သာမာန် Charger များကို အသုံးပြုလျှင် အဆိုပါ ကြာချိန်တွင် ၂ ရာခိုင်နှုန်းကိုသာ အားဖြည့်ပေးနိုင်ပါသည်။ သို့သော် စမ်းသပ်သည့် ဘက်ထရီ၏ ပမာဏသည် 600mAh သာဖြစ်ပြီိး ယနေ့ခေတ် စမတ်ဖုန်းများတွင် တွေ့ရသော ဘက်ထရီ သိုလှောင် ပမာဏထက် များစွာ နည်းပါးပါသည်။
အခြား သရုပ်ပြမှုတစ်ခုတွင် Huawei ၏ နည်းပညာအသစ်ဖြင့် 3000mAh Battery ကို ငါးမိနစ်အတွင်း ၄၈ ရာခိုင်နှုန်းအထိ အားဖြည့်ပေးနိုင်သည်ကို တွေ့ရပါသည်။ နှိုင်းယှဉ် သုံးသပ်ရလျှင် Samsung Galaxy S6 တွင် ထည့်သွင်းထားသော လျှင်မြန်စွာ အားသွင်းသည့် နည်းပညာသည် ငါးမိနစ်အတွင်း ၉ ရာခိုင်နှုန်းအထိသာ အားဖြည့်ပေးနိုင်ပါသည်။
Credit to ==> Myanmar Digital Life Journal