Google က ဆွစ်ဇာလန် အခြေစိုက် နာမည်ကြီး နာရီ ထုတ်လုပ်သူ Tag Heuer
နှင့် ပူးပေါင်း၍ Android Wear OS ထည့်သွင်းထားသော စမတ်နာရီတစ်လုံးကို
ထုတ်လုပ်လိုက်ပါသည်။ Tag Heuer Connected ဟု စမတ်နာရီကို အမည်ပေးထားပြီး
နယူးယောက်တွင် ပွဲထုတ် ပြသခဲ့ပါသည်။
Credit to ==> Myanmar Digital Life Journal
စမတ်နာရီကို တိုက်တေနီယမ်ဖြင့် ပြုလုပ်ထားပြီး
သလင်းကျောက်မျက်နှာပြင်ဖြင့် ကာကွယ်ထားသော ၁.၅ လက်မ အရွယ် LCD Display
တပ်ဆင်ထားပါသည်။ Resolution မှာ 360x360 ဖြစ်ပြီး တစ်လက်မလျှင် Pixel
သိပ်သည်းဆမှာ ၂၄၀ ဖြစ်ပါသည်။ မျက်နှာပြင်၏ အချင်းမှာ ၄၆ မီလီမီတာ ရှိပြီး
အထူမှာ ၁၂.၈ မီလီမီတာ ဖြစ်ပါသည်။
စမတ်နာရီအတွက် ရာဘာလက်ပတ်ကြိုး ခုနစ်ခုကို ရွေးချယ်နိုင်ပါသည်။ စမတ်နာရီတွင် Google Play Store မှ Apps ပေါင်း လေးထောင်ကျော်ကို ထည့်သွင်းနိုင်မည် ဖြစ်သည်။ စမတ်နာရီသည် ရေစက် ၊ ရေပေါက်များ၏ ဒဏ်ကို ခံနိုင်သော်လည်း ရေကူးခြင်း၊ ရေငုပ်ခြင်းများ ပြုလုပ်လျှင် ၀တ်ဆင်၍ မရနိုင်ပါ။
စမတ်နာရီအတွက် Watchfaces များစွာကိုလည်း ရွေးချယ်နိုင်ပါသည်။ စမတ်နာရီတွင် Intel Processor မောင်းနှင်မည် ဖြစ်သည်။ Tag Heuer က သမားရိုးကျ Analog နာရီများ ပုံပေါ်စေရန် Custom Watchfaces များကိုလည်း ဖန်တီးပေးထားပါသည်။