11/13/2015

♪ “Gionee Elife S Plus ကိုမိတ်ဆက်” ♫


တရုတ် စမတ်ဖုန်းထုတ်လုပ်သူGionee က အရွယ်ကြီးElife S Plus စမတ်ဖုန်း ကိုမိတ်ဆက်လိုက်ပါတယ်။ ၅.၅ လက်မ 720p AMOLED Display တပ်ဆင် ထားပြီး Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။ 1.3GHz Cortex-A53 Processor တပ်ဆင်ထားတဲ့ Octa-Core MT6753 Chipset မောင်းနှင်မှာ ဖြစ် ပါတယ်။

3GB RAM , 3150mAh Battery ထည့်သွင်းပေးထားပါတယ်။ အနောက်ဘက်တွင် 13MP Camera နဲ့ အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ပေးထား ပါတယ်။ 16GB Internal Storage တပ်ဆင်ထားပြီး LTE ဆက်သွယ်မှုကို SIM Slot နှစ်ခုစလုံးမှာအသုံးပြုနိုင်ပါတယ်။ USB Type-C Port ကိုတပ်ဆင်ပေး ထားတာကြောင့် ဒေတာကူးပြောင်းခြင်းနဲ့ အားသွင်း ခြင်းများ ပြုလုပ်ရင် အလွန်လျင်မြန်မှာ ဖြစ်ပါတယ်။ Android Lollipop ကိုGionee ရဲ့ နောက်ဆုံးထုတ် Amigo Launcher နဲ့ တွဲဖက် အသုံးပြုထား ပါတယ်။

စမတ်ဖုန်းမှာမျက်နှာဖြင့် ဖုန်းကို Unlock ပြုလုပ်နိုင်တဲ့ Face Unlock စွမ်းဆောင်ချက်နဲ့ ထိတွေ့ အသုံးပြုရာမှာအလွန် ကောင်းမွန်တဲ့ Immersive Touch စွမ်းဆောင်ချက်များပါရှိပါတယ်။ Gionee Elife S Plus ကိုအိန္ဒိယတွင် ရူပီး ၁၆ ၉၉၉ (ဒေါ်လာ ၂၆၀) ဖြင့် ရောင်းချပေးနေပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com