11/09/2015

♪ မှတ်ပုံတင်ထားခြင်း မရှိသည့် ဆင်းမ်ကတ်များကို မှတ်ပုံတင်ခြင်း ပြုလုပ်နိုင် ♫


မှတ်ပုံတင်ခြင်းမရှိဘဲ အလွယ်တကူဝယ်ယူခဲ့သည့် ဆင်းမ်ကတ်များသည် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို တရားဝင်ဖွင့်လှစ်ထားသည့် အရောင်းဆိုင်များ၌ ဆက်သွယ်လုပ်ကိုင်နိုင်သည်ဟု Telenor Myanmar ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းမ်ကတ်တွေက တရားဝင် အရောင်းဆိုင်တွေမှာ သွားပြီး မှတ်ပုံတင်လို့ ရတယ်။ ကြာပြီ။ အချိန် တစ်ရက်တော့ ကြာတယ်” ဟု Telenor Myanmar ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

အလားတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များ ကို ပြန်လည်မှတ်ပုံတင်နိုင်ရန်အတွက် MPOS ဟူသော ဆင်းမ်ကတ်မှတ်ပုံတင်နိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MPOS လုပ်ငန်းစဉ်ကို လက်ရှိအချိန်၌ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ်များသည် မှတ်ပုံတင်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောသည်။

တယ်လီကွန်း အခန်းကဏ္ဍ တိုးတက်မြင့်မားလာစေရန် မိုဘိုင်းဖုန်းကတ်များကို ယခင်က မှတ်ပုံတင်ခြင်းမရှိဘဲ အသုံးပြုခွင့် ပေးအပ်ခဲ့သော်လည်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ယခုအချိန်၌ မိုဘိုင်းဆင်းမ်ကတ်များကို သတ်မှတ်ချက်အတိုင်း မှတ်ပုံတင်ပြီးမှသာ ရောင်းချကြရန် ဆက်သွယ်ရေး အော်ပရေတာများကို ပြန်လည်ညွှန်ကြားခဲ့သည်ဟု သိရသည်။

မိုဘိုင်းဆင်းမ်ကတ်ကို မှတ်ပုံတင်ထားခြင်းရှိမှသာ ဆက်သွယ်ရေး အော်ပရေတာများ၏ Mobile Money ဝန်ဆောင်မှုကို အသုံးပြုရန် အဆင်ပြေနိုင်မည်ဖြစ်ပြီး မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်များကို အသုံးပြုခြင်းကြောင့် နည်းပညာနှင့် ဆက်နွှယ်သည့် ရာဇဝတ်မှုများသည်လည်း လျော့နည်း သွားမည် ဖြစ်သည်။

လက်ရှိအချိန်၌ မိုဘိုင်းဆင်းမ်ကတ် အတွက် မည်သူမည်ဝါ အသုံးပြုနေသည်ဟူသော မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် အလေးထား ဆောင်ရွက်လာသော်လည်း မှတ်ပုံတင်ထားခြင်းမရှိဘဲ ဆက်လက်အသုံးပြုနေသည့် ဆင်းမ်ကတ်များနှင့် ပတ်သက်၍ ၎င်းတို့က တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိခဲ့ပေ။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com