BlackBerry
သည် Priv ဟုခေါ်သော Android စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပြီးနောက်
ကုမ္ပဏီ၏ ဒုတိယမြောက် Android ဖုန်းဟုယူဆရသည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။
CrackBerry ဝက်ဘ်ဆိုက်သည် keyboard ထည့်သွင်းဖန်တီးထားသည့် BlackBerry Vienna အမည်ရ Android စမတ်ဖုန်း ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က BlackBerry သည် Priv စမတ်ဖုန်း ဖြန့်ချိရောင်းချမည့် နေရာများကို အတည်ပြုခဲ့သည်။ BlackBerry Vienna အမည်သည် လျို့ဝှက်နာမည် တစ်ခုဖြစ်ပြီး Priv တွင်ပါဝင်သော slide keyboard နေရာတွင် အမြဲတစ်စေထိတွေ့အသုံးပြုနိုင်မည့် physical keyboard ဒီဇိုင်းကို အသုံးပြုထားသည်။ Vienna စမတ်ဖုန်း၏ keyboard ပုံစံမှာ Priv ၏ဒီဇိုင်းနှင့် အလွန်ဆင်တူသည်။ ထို့အပြင် BlackBerry Vienna ၏ အသေးစိတ်အချက်အလက်၊ ဖုန်းအသေးစိတ်အချက်နှင့် ဈေးနှုန်များကို မသိရှိရသေးပေ။
သို့ရာတွင် ထွက်ပေါ်လာသော ဓာတ်ပုံများ၌ Vienna စမတ်ဖုန်းကို ငွေရောင်၊ အပြာရောင်၊ အနက်ရောင်နှင့် အနီရောင်ဟူ၍ အရောင် ၄ မျိုးဖြင့် ပြသထားသည်။
Vienna စမတ်ဖုန်း ကျောဘက်ကင်မရာတွင် flash ပါဝင်လာပြီး ရှေ့ကင်မရာလည်း ပါဝင်လာသည် ကို တွေ့ရသည်။ Navigation ခလုတ်များကိုမူ display အောက်ဘက်တွင် ပါဝင်လာကြောင်း ဓာတ်ပုံ၌ ဖော်ပြထားသည်။ Vienna စမတ်ဖုန်း၏ ညာဘက်တွင် volume rocker ခလုတ်နှင့် ဘယ်ဘက်ခြမ်းတွင် ပါဝါခလုတ်တို့ ထည့်သွင်းထားသည်။
Ref: 9to5Google