11/12/2015

♪ “Asus က အမေရိကန်တွင် Zenfone 2 Laser ကိုကြေညာ” ♫


Asus က အမေရိကန်တွင်Zenfone 2 Laser ကိုမိတ်ဆက်လိုက်ပြီး နိုင်ငံ တကာတွင် ရောင်းချမယ့် ပုံမပေါ်ဘူးလို့ ကျွမ်းကျင်သူများကသုံးသပ်ပါ တယ်။Asus ဟာမတူညီတဲ့ Zenfone 2 Laser အမျိုးအစား သုံးမျိုးကို အခြား နိုင်ငံများတွင် ယခင်ကလည်းထုတ်လုပ်ရောင်းချခဲ့ဖူးတယ်လို့ ကျွမ်းကျင်သူ များကသုံးသပ် ပါတယ်။

 အမေရိကန်တွင် ရောင်းချမယ့် Zenfone 2 Laser အမျိုးအစားတွင် ၅.၅ လက်မ 1080p Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်တွင် Laser Autofocus နည်းပညာပါတဲ့ 13MP Camera ကို Dual-Tone LED Flash နဲ့ တွဲဖက်ထားပါတယ်။ အရှေ့ဘက်တွင် 5MP Selfie Camera ပါရှိပါတယ်။ 3GB RAM, 16 or 32GB Internal Storage ထည့်သွင်းထားပါတယ်။

1.7GHz Octa-Core Cortex-A53 CPU ပါရှိတဲ့ Qualcomm Snapdragon 615 SoC မောင်းနှင် မှာဖြစ်ပါတယ်။ 4G LTE ကိုထောက်ပံ့ပေးပြီး Dual-SIM Phone ဖြစ်ပါတယ်။ 3000mAh Battery ထည့်သွင်းပေးထားပါတယ်။ Android 5.0 Lollipop ကို Asus ZenUIနဲ့ ပေါင်းစပ်ထားပါတယ်။ AT&T, T-Mobile, MVNOs စတဲ့ Carrier များနဲ့ တွဲဖက် အသုံးပြုနိုင်ပြီး Verizon, Sprint နဲ့ အခြား CDMA Carriers များမှာ တော့ အသုံးပြုလို့မရပါဘူး။

Zenfone 2 Laser ကို Asus ရဲ့ အွန်လိုင်းစတိုးနဲ့ Newegg တို့မှာ ၀ယ်ယူနိုင်ပါပြီ။ 16GB Version ကိုဒေါ်လာ ၁၉၉ ၊ 32GB Version ကိုဒေါ်လာ ၂၄၉ သတ်မှတ်ထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com