
ဒီသင်ခန်းစာမှာ Android Phone များရဲ့ Pattern Lock ဘယ်လိုထည့်ထားလဲဆိုတာ ဖတ်တဲ့နည်းကိုပြပေးမှာဖြစ်ပါတယ်။ ဖုန်းတစ်လုံးရဲ့ Pattern Lock ကိုဖျက်တာမဟုတ်ဘဲ
ဘယ်လိုဆွဲထားတာလဲဆိုတာ ဖတ်တဲ့နည်းကို ပြောတာပါ။ လက်တွေ့စမလုပ်သေးခင် ကျွန်တော်တို့ အခုလုပ်မယ့် လုပ်ငန်းစဉ်လေးကို အကြမ်းဖျင်း ရှင်းပြပါ့မယ်။ Android
ဖုန်းတစ်လုံးမှာ အသုံးပြုသူက Pattern Lock ခတ်လိုက်ပြီဆိုတာနဲ့ ဖုန်းရဲ့ data ထဲက system အောက်မှာ gesture.key ဆိုပြီး key file တစ်ခုတည်ဆောက်ပြီး သိမ်းပါတယ်။
အသုံးပြုသူက Pattern Lock ဖွင့်ပြီဆိုတာနဲ့ gesture.key ထဲက Code နဲ့တိုက်စစ်ပါတယ်။ မှန်ရင်ပွင့်ပါတယ် ။ တကယ်လို့ ကျွန်တော်တို့က ၄င်း gesture.key
ကိုဖျက်လိုက်တယ်ဆိုရင် တိုက်စစ်စရာမရှိတော့တဲ့အတွက် ဘယ်လိုဆွဲဆွဲ ပွင့်ပါတယ်။ ဒါက Pattern Lock ကိုဖျက်တာပါ။ ကျွန်တော်တို့က Pattern Lock ကိုဖျက်မှာမဟုတ်ဘဲ
Pattern ဘယ်လိုခတ်ထားလဲဆိုတာကို သိအောင်လုပ်မှာဖြစ်တဲ့အတွက် gesture.key ကိုဖျက်ပစ်လို့မရပါဘူး။ gesture.key ဖိုင်ကိုဖတ်ရမှာပါ။ ဒီတော့ ပထမဆုံး gesture.key ကို
ဖုန်းထဲကနေ Computer ထဲသို့ Copy ကူးယူရပါမယ်။ ပြီးမှ gesture.key ကိုဖတ်ရပါမယ်။ gesture.key ထဲမှာက Hexadecimal Code တွေဖြစ်လို့ Hexadecimal Code တွေကို Edit
လုပ်လို့ရတဲ့ Editor တစ်ခုလိုပါတယ်။ ၄င်း Editor နဲ့ Hexadecimal Code တွေကိုဖတ်ပြီး ရလာတဲ့ Hexadecimal Code တွေကို ဘယ်လိုထည့်ထားလဲဆိုတာသိဖို့ Library နဲ့
တိုက်စစ်ရပါတယ်။ဒီတော့မှ Pattern lock ဘယ်လိုဆွဲထားတယ်ဆိုတာကိုသိမှာဖြစ်ပါတယ်။ဒါဆိုရင်စလုပ်ကြရအောင် -
ဒီသင်ခန်းစာကိုလိုက်လုပ်ဖို့ လိုအပ်တဲ့ Software တွေနဲ့ Download လင့်တွေကိုအောက်မှာပေးထားပါတယ်။ မရှိသေးပါက Download ဆွဲပါ။ HxD Editor နဲ့ SqliteBrowser ကို
install လုပ်ပါ။
1. ADB Folder
2. HxD Editor
3. GestureRainbowTable.db
GestureRainbowTable.db 126.56 MB
4. SqliteBrowser
ပထမဆုံး ဖုန်းထဲက gesture.key file ကိုဆွဲထုတ်ပါမယ်။ ဖုန်းကို Computer နှင့်ချိတ်ပါ။ ဖုန်းမှာ Root Access ရှိရပါမယ်။ USB Debugging ကို On ထားရပါမယ်။ ADB Folder ထဲမှာ
CMD Box ခေါ်ပါ။ CMD Box ထဲတွင် -
adb devices
လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Device ချိတ်ဆက်မှူ အောင်မြင်ပါက serail no တစ်ခုနဲ့ device လို့ ပေါ်လာပါလိမ့်မယ်။ပြီးနောက် အောက်က Command တွေဆက်ရိုက်သွားပါ။
adb shell
Android device ထဲကို ပြောင်းလိုက်တာပါ။ shell command ပေးလို့ရရန်ဖြစ်ပါတယ်။
su
Root ပြုလုပ်ထားတယ်ဆိုရင် Root User အဖြစ်ပြောင်းသွားမှာပါ။
dd if=/data/system/gesture.key of=/data/local/tmp/gesture.key
gesture.key file ကို data/local/tmp ထဲကို ကူးလိုက်တာပါ။
chmod 777 /data/local/tmp/gesture.key
data/local/tmp ထဲက gesture.key ကို permission change လိုက်တာဖြစ်ပါတယ်။
exit
Root User ကနေထွက်လိုက်တာပါ။
exit
Android Device ထဲကပြန်ထွက်လိုက်တာပါ။
adb pull /data/local/tmp/gesture.key
data/local/tmp ထဲက gesture.key ကို ADB Folder ထဲဆွဲထုတ်လိုက်တာပါ။
ဒါတွေအားလုံးပြီးသွားပြီဆိုရင်တော့ သင့်ဖုန်းထဲက gesture.key file က ADB Folder ထဲရောက်နေပြီဖြစ်ပါတယ်။
gesture.key ကိုရပြီဆိုရင်တော့ HxD Editor ကိုဖွင့်ပါ။ File > Open ကိုနှိပ်၊ gesture.key ကိုရှာပြီးဖွင့်ပေးပါ။
အောက်မှာပြထားတဲ့ပုံအတိုင်းပေါ်လာရင်တော့ Hexadecimal Code တွေကို Copy ကူးပြီး Notepad ထဲမှာသိမ်းပေးပါ။ space မခြားထားပါနဲ့။
ပြီးရင်တော့ SqliteBrowser ကိုဖွင့်ပါ။ Open Database ကိုနှိပ်ပြီး GestureRainbowTable.db ကိုရွေးပြီးဖွင့်ပေးပါ။ပြီးနောက် BrowseData Tab ကိုတချက်နှိပ်ပါ။ filter ထဲတွင် ခုန
gesture.key ထဲက Hexadecimal code ကိုထည့်ပေးပါ။ ဒါဆိုရင်တော့ pattern အောက်က box ထဲမှာ ဆွဲရမယ့် pattern ကိုနံပါတ်နဲ့ပြပေးမှာဖြစ်ပါတယ်။ နံပါတ်ကိုကြည့်ပြီး Pattern
ဘယ်လိုဆွဲရလဲဆိုတာအောက်ကပုံမှာပြထားပေးပါတယ်။
Credit to - Sir.Sithu Paing
အဆင်ပြေပါစေ..

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။