11/13/2015

♪ Asus ZenFone 2 Deluxe Special Edition ကို ဒေါ်လာ ၃၉၉ ဖြင့် ရောင်းချ ♫


Asus က စင်တင်ဘာလတွင် ကြေညာခဲ့သော ZenFone 2 Deluxe ( 64GB ) ထက် Storage ပိုမိုများပြားသော Special Edition ကို ဒေါ်လာ ၃၉၉ ဖြင့် ရောင်းချပေးလိုက်ပါသည်။ Asus ZenFone 2 Deluxe Special Edition တွင် 128GB Storage ပါရှိသည့်အပြင် အထူးပြုလုပ်ထားသော အနောက်ဘက်အခွံနှစ်ခုကို ရွေးချယ်နိုင်မည် ဖြစ်သည်။

ZenFone 2 Deluxe Special Edition တွင် Android Lollipop ကို Asus Zen UI ဖြင့် ပေါင်းစပ်ထည့်သွင်းထားပါသည်။ Special Edition ၏ အခြား Specifications များမှာ Deluxe နှင့် တူညီပြီး ၅.၅ လက်မ 1080p IPS Display တပ်ဆင်ထားပါသည်။ 64-bit 2.3GHz quad-core processor ပါရှိသော Intel Atom Z3580 Chipset မောင်းနှင်မည် ဖြစ်သည်။ 4GB RAM , PowerVR G6430 GPU ထည့်သွင်းထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com