3/06/2015

♪ Asus က 4G ပါရှိသော Fonepad 7 FE375CL ကို ကြေညာ ♫

1

Asus က Fonepad 7 FE375CL ဟု အမည်ပေးထားသော တက်ဘလက်အသစ်တစ်လုံး ကို ကြေညာလိုက်ပါသည်။ တက်ဘလက်သည် 4G LTE ကို အထောက်အပံ့ပေးပြီး Android 5.0 Lollipop ကို ထည့်သွင်းထားပါသည်။

1.3GHz Quad-Core CPU တပ်ဆင်ထားသည့် Intel Atom Z3530 Chipset က တက်ဘလက်ကို မောင်းနှင်မည် ဖြစ်ပြီး ခုနစ်လက်မ အရွယ် 1280×800 pixel IPS Display ပါရှိပါသည်။

2GB RAM, 8/16GB Storage ပါရှိသည့်အပြင် microSD Card ထည့်သွင်းနိုင်ပါသည်။ 3950mAh Battery ထည့်သွင်းထားပြီး 5MP နှင့် 2MP ကင်မရာ နှစ်လုံးပါရှိပါသည်။ ဆက်သွယ်မှုအပိုင်းတွင် 4G LTE, Wi-Fi 802.11 b/g/n, Bluetooth 4.0, GPS/A-GPS, GLONASS, Micro-USB တို့ ပါရှိပါသည်။

အနက်၊ အဖြူရောင်များ ထုတ်လုပ်ပေးထားပြီး ထိုင်ဝမ်တွင် အရင်ဦးဆုံး ရောင်းချပေးမည် ဖြစ်သည်။ တက်ဘလက်ကို ဒေါ်လာ ၂၅၀ သတ်မှတ်ထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com