Hyundai က Android Wear စမတ်နာရီများအတွက် Blue Link App ကို Update ပြုလုပ်ပေး လိုက်ပါတယ်။ နောက်ဆုံးဗားရှင်းမှာ ကားပိုင်ရှင်များအနေနဲ့ စမတ်နာရီကနေ ကားကို Lock , Unlock လုပ်တာ၊ စက်နှိုးတာတို့ကို ပြုလုပ်နိုင်ပါတယ်။
ဒါ့အပြင် ကားစက်သတ်တာ၊ ကားမီးဖွင့်တာ၊ ဟွန်းတီးတာနဲ့ ဘယ်နေရာမှာ ကားပါကင်နေရာလွတ်လဲ ဆိုတာတို့ကို ရှာဖွေနိုင်ပါတယ်။
ဒီအလုပ်တွေ အားလုံးကို အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်တာ ဖြစ်ပါတယ်။ စမတ်နာရီမှ မိုက်ကရိုဖုန်း အိုင်ကွန်ကို နှိပ်ပြီး ခိုင်းစေရမှာပါ။ ဒီစွမ်းဆောင်ချက်တွေကို အသုံးပြုဖို့ Huyndai ရဲ့ Blue Link ၀န်ဆောင်မှုကို ၀ယ်ယူရမှာ ဖြစ်ပါတယ်။
Blue Link နည်းပညာပါတဲ့ ၂၀၁၃ နဲ့ နောက်ပိုင်းထုတ် Hyundai ကားအားလုံးကို စမတ်နာရီကနေ ထိန်းချုပ်နိုင်ပါတယ်။
Myanmar Digital Life Journal