10/30/2014

♪ HP က 3D Scanner ပါရှိသော HP Sprout ကွန်ပြူတာကို ပြသ ♫

HP Sprout-6

HP က သုံးဖက်မြင် အရာဝတ္ထုများကို Scan ပြုလုပ်နိုင်ပြီး စက္ကန့်ပိုင်းအတွင်းတွင် ဒစ်ဂျစ်တယ် ပုံရိပ်အဖြစ်ပြောင်းလဲပေးနိုင်သည့် HP Sprout Desktop Computer ကို ပြသလိုက်ပါသည်။ ထို့နောက်တွင် လက်ချောင်းများကို အသုံးပြု၍ ဒစ်ဂျစ်တယ် ပုံရိပ်များကို ပြုပြင် တည်းဖြတ်နိုင်မည် ဖြစ်သည်။

HP Sprout သည် သာမာန် ကွန်ပြူတာများ ကဲ့သို့ပင် အီးမေးများ စစ်ခြင်း၊ ၀က်ဆိုက်များ ကြည့်ခြင်း၊ စာရွက်စာတမ်းများ ပြုလုပ်ခြင်းများကို ပြုလုပ်နိုင်ပါသည်။ သို့သော် သမားရိုးကျ ကီးဘုတ် အစား ထိတွေ့ အသုံးပြုနိုင်ပြီး ပုံဆွဲနိုင်သော မျက်နှာပြင်ပါသည့် ဒစ်ဂျစ်တယ် ကီးဘုတ် တစ်ခုပါရှိပါသည်။

HP Sprout သည် အနုပညာရှင်များ၊ ဒီဇိုင်နာများနှင့် ဗိသုကာပညာရှင်များအတွက် ရည်ရွယ် ထားခြင်းဖြစ်ပါသည်။ HP Sprout Computer ကို Sprout.com မှ ဒေါ်လာ ၁၈၉၉ ဖြင့် ကြိုတင်မှာ ယူနိုင်ပြီ ဖြစ်ပြီး နိုဝင်ဘာလ ကိုးရက်နေ့တွင် စတင်ပို့ဆောင်ပေးမည် ဖြစ်သည်။

HP Sprout တွင် Windows 8.1 ထည့်သွင်းထားပြီး ၂၀ လက်မ ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပါသည်။ Physical Keyboard နှင့် Mouse အပြင် ထိတွေ့မျက်နှာပြင်ပါသော ဒစ်ဂျစ်တယ် ကီးဘုတ်ကို ရွေးချယ်နိုင် ပါသည်။ Core i7 Processor, 8GB RAM , 1TB Storage ပါရှိပါသည်။ ဒီဇိုင်း သမားများအတွက် အဆင်ပြေစေသော ကညစ်တံ ပါရှိပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com