
ကမ္ဘာ့ထိပ်တန်းစာတိုပို့ app တစ်ခုဖြစ်သည့် Viber မှ သုံးစွဲသူများ၏ ဒေတာအချက်အလက်များဆုံးရှုံးမှုမရှိဘဲ အသုံးပြုသူများ၏ ဖုန်းနံပါတ်နှင့် မိုဘိုင်းဖုန်းကို ပြောင်းလဲနိုင်စေသည့် update တစ်ခုကို စတင်မိတ်ဆက် လိုက်သည်။
အဆိုပါ update သည် အသုံးပြုသူများအတွက် အဆင်ပြေချောမွေ့သည့် အတွေ့အကြုံကို ပေးစွမ်းနိုင်ရန် အတွက် Viber မှ ပြုလုပ်ပေးခြင်းဖြစ် သည်ဟု ဆိုသည်။ Update သည် မြန်မာနိုင်ငံကဲ့သို့သော မိုဘိုင်းအော် ပရေတာပြောင်းလဲသုံးစွဲမှုနှုန်းမြင့်မားသည့်နိုင်ငံများရှိ
Viber အသုံးပြု သူများအတွက်လွယ်ကူပြီး အဆင်ပြေ ချောမွေ့သည့်အတွေ့အကြုံကို
ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ဖုန်းတစ်လုံးထဲတွင် ဖုန်းနံပါတ်အသစ်ပြောင်းလဲ
အသုံးပြုလိုသည့်အခါတွင် သုံးစွဲသူများ၏ စကားပြောဆိုထားမှုများနှင့်
အချက်အလက်များကို မပျောက်ပျက် အောင် ထိန်းသိမ်းပေးသွားမည် ဖြစ်သောကြောင့်
စိတ်ကျေနပ်မှုကို ရရှိစေမည် ဖြစ်သည်။ အဆိုပါ လုပ်ဆောင် ချက်သည်
ဖုန်းတစ်လုံးတည်းတွင် ဆင်းမ်ကတ်အသစ် ထည့်သွင်း လိုက်သည့်အခါတိုင်း Viber
မှသိရှိမည်ဖြစ်ပြီး ဖုန်းနံပါတ် ပြောင်းလဲမှုစနစ်အား
စတင်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
Head of South East Asia ဖြစ်သူ Anubhav Nayyar မှ “ဒီနိုင်ငံမှာ ဆင်းကတ်တစ်ခုထက်သုံးတဲ့ဓလေ့ လည်းရှိတော့ မြန်မာနိုင်ငံရဲ့ အချက်အချာကျတဲ့ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့
Viber အနေနဲ့ တစ် ယောက်နဲ့တစ်ယောက် အဆက်အသွယ်မပြတ်ဘဲ အဆင်ပြေ
ချောမွေ့စွာနဲ့ လွယ်လွယ်ကူကူ ဆက်သွယ်လို့ရအောင် ဆောင်ရွက်ပေးဖို့
လိုအပ်ပါတယ်။ မြန်မာနိုင်ငံက Viber ရဲ့အရေးကြီးတဲ့ ဈေးကွက် တစ်ခုဖြစ်ပြီး
ကျွန် တော်တို့အနေနဲ့ Viber အသုံးပြုသူတွေအတွက် မိသားစုဝင်တွေ၊
သူငယ်ချင်းတွေနဲ့ ဆက်သွယ် ပြောဆိုမျှဝေ လို့ရမယ့် အကောင်းဆုံး app
တစ်ခုဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
ကောင်းမြတ်ရာ
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
အဆိုပါ update သည် အသုံးပြုသူများအတွက် အဆင်ပြေချောမွေ့သည့် အတွေ့အကြုံကို ပေးစွမ်းနိုင်ရန် အတွက် Viber မှ ပြုလုပ်ပေးခြင်းဖြစ် သည်ဟု ဆိုသည်။ Update သည် မြန်မာနိုင်ငံကဲ့သို့သော မိုဘိုင်းအော် ပရေတာပြောင်းလဲသုံးစွဲမှုနှုန
Head of South East Asia ဖြစ်သူ Anubhav Nayyar မှ “ဒီနိုင်ငံမှာ ဆင်းကတ်တစ်ခုထက်သုံးတဲ့ဓလေ့
ကောင်းမြတ်ရာ
Mobile Guide Journal (Every Monday)
https://www.facebook.com/