အူရီဒူးမြန်မာအနေဖြင့် ၎င်း၏၀န်ဆောင်မှုအသစ်ဖြစ်သော Session Initiation
Protocol (SIP) ဖုန်းခေါ်ဆိုမှုများအား အကန့်အသတ်မရှိ လက်ခံနိုင်စေမည့် SIP
Trunk နည်းပညာဝန်ဆောင်မှု စတင်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
ယခင်က ဖုန်းအ၀င်အများအပြားကို တစ်ပြိုင်နက်တည်း လက်ခံ အသုံးပြုနိုင်ရန် ANAlog ချိတ်ဆက်မှု (ပုံမှန်အသုံးပြုလျှက်ရှိသော ဖုန်းနံပါတ်တစ်ခုကိုတစ်ခါခေါ်လျှင် တစ်ကြိမ်သာလက်ခံခေါ်ဆိုခွင့် ရရှိသော) စနစ်အား IP စနစ်ကို အခြေခံထားသည့် PBX ဖြင့် ချိတ်ဆက် မှသာရပြီး၊ ကုန်ကျစရိတ်များသည့် ၀န်ဆောင်မှု အစား ယခုမိတ်ဆက် လိုက်သောအူရီဒူး၏ SIP Trunk ၀န်ဆောင်မှုစနစ်သစ်ဖြင့် အစားထိုး ပြောင်းလဲပေးနိုင်ပြီ ဖြစ်သည်။ အူရီဒူး၏ SIP Trunk ၀န်ဆောင်မှုကို အသုံးပြုခြင်းအားဖြင့် သက်သာသောလစဉ် ဖုန်းလိုင်း အသုံးပြုခ၊ သက်သာသော ဖုန်းခေါ်ဆိုခနှုန်းထား၊ တစ်ပြိုင်နက်တည်း အကန့် အသတ်မရှိ ဖုန်းလက်ခံနိုင်ခြင်း၊ ဖုန်းခေါ်ဆိုနိုင်ခြင်းနှင့် သုံးစွဲသူစိတ်ကြိုက် အထူးပြုလုပ်ပေး ထားသော လစဉ်သုံးဖုန်းဘေစသည် အထူးဝန်ဆောင် မှုများကို ရရှိနိုင်သည့် အကျိုးကျေးဇူးများရရှိမည်ဖြစ် ပါသည်။ ထို့အပြင် အူရီဒူးအနေဖြင့် ခေါ်ဆိုသည့် နံပါတ်ကိုသိရှိနိုင်သည့် Caller ID, ကုတ် နံပါတ်အတိုများ၊ လက်ခံဖြေကြားနိုင်သော နောက်ဖုန်းတစ်လုံး၏ နံပါတ် ကိုလွဲပေးနိုင်သည့် Call Forward ၀န်ဆောင်မှု၊ သီးသန့်နံပါတ်များ၊ ဦးစားပေးနံပါတ်၊ Multiple Trunk အပြန်အလှန်ချိတ်ဆက်နိုင်ခြင်းစသည့် ထူးခြားကောင်းမွန်သော ၀န်ဆောင်မှုများကို ထပ်မံပေးအပ်ထားပါသည်။
အူရီဒူး၏ SIP Trunk ၀န်ဆောင်မှုသည် သုံးစွဲသူဝန်ဆောင်မှုဌာနများ၊ ဆက်သွယ်ရေး လမ်းညွှန် ဌာနများ၊ အရေးပေါ်လိုင်းများနှင့် နိုင်ငံတကာ အခမဲ့ ဖုန်းခေါ်ဆိုခွင့်အထူးလိုင်းဝန်ဆောင်မှု စသည်တို့အတွက် လိုအပ် သည့် အရွယ်အစားပေါ်မူတည်ပြီး ပြင်ဆင်နိုင်မှု၊ ခေါ်ဆိုမှုအရည် အသွေးကောင်းမွန်မှု၊ လုံခြုံမှု၊ စိတ်ချ တည်ငြိမ်သောချိတ်ဆက်မှုတို့နှင့် အတူသုံးစွဲသူများအတွက် ကောင်းမွန်သော အတွေ့အကြုံကောင်းများ ပေးအပ်ခြင်းတို့ကို အူရီဒူး၏ IP-VPN ၀န်ဆောင်မှု မှတစ်ဆင့်ရရှိနိုင် ရန်လည်းစီမံထား ပါသည်။ အူရီဒူးမြန်မာ၏ စီးပွားရေးလုပ်ငန်းသုံး ၀န်ဆောင်မှု အကြောင်းပိုမိုအသေးစိတ် သိရှိလိုပါကအူရီဒူးမြန်မာဖုန်း ၀၉-၉၇၀၀၀၀ ၂၃၄ သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal