8/08/2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿ နာများ " ♫

Image may contain: one or more people and phone

မေး - ကျွန်တော့် iPhone ပျောက်သွားလို့ ဘယ်လိုပြန်ရှာလို့ ရနိုင်မလဲခင်ဗျာ။
ဖြေ - ပျောက်သွားတဲ့ iPhone ကိုပြန်ရှာဖို့ Apple ID တော့ရှိရမယ်။ အဲ့ဒီ ID လည်း မိမိရဲ့ iPhone ထဲမှာ iCloud အကောင့်ဝင်ထားရပါမယ်။ iOS 7 လောက်ကစပြီး iCloud သုံးရင် Find My iPhone ကို အလိုအလျောက် Enable လုပ်ပေးပါတယ်။ ဘာပဲဖြစ်ဖြစ် Find My iPhone ကို On ထားမထားစစ်ကြည့်သင့်ပါတယ်။ Find My iPhone App ကိုလည်း Install လုပ်ပေးထားပေါ့။ ဒီ Funtion က ပျောက်သွားတဲ့ဖုန်းကိုပဲဖြစ်ဖြစ်၊ အခိုးခံရတဲ့ဖုန်းကိုပဲဖြစ်ဖြစ် Location ရှာနိုင်တယ်။ Lock လှမ်းချနိုင်တယ်။ ဖုန်းထဲမှာရှိတဲ့ မိမိရဲ့ Personal Data တွေကိုဖျက်ပစ်လိုက်လို့ရတယ်။ Find My iPhone ရဲ့ အကောင်းဆုံးအချက်က အလိုအလျောက် Activation Lock ကို On ပေးတာပါပဲ။ ဖုန်းကို Lost Mode မှာ ထားပေးဖို့တော့လိုတယ်။ Lost Mode မှာထားလိုက်ရင် Passcode ကို အရင်က Enable လုပ်မထားရင်တောင် Passcode Protection ခွင့်ပြုပေးတဲ့အတွက် Phone Thief တွေ ဖုန်းထဲဝင်ကြည့်လို့ မရနိုင်တော့သလို Owner Message တွေကို Lock Screen ပေါ်မှာ ပြသပေးပါတယ်။ Activa-tion Lock က ဖုန်းကို Firmware Restore လုပ်ခွင့် ပိတ်ပစ်လိုက်ပါတယ်။ တကယ်လို့ကိုယ့်အိမ်တ၀ိုက်မှာပဲ ကျပျောက်နေတာဆိုရင်တော့ Play Sound လုပ်နိုင်ပါတယ်။ ဖုန်းကို Mute လုပ်ထားခဲ့ရင်တောင်မှ အသံထွက်ပေးပါတယ်။ Map ကနေ ခြေရာခံမယ်ဆိုလည်းရတာပါပဲ။ ကွန်ပျူတာကနေဖြစ်ဖြစ်၊ တခြားဖုန်းထဲမှာ Install လုပ်ထားတဲ့ Find My iPhone App ကနေဖြစ်ဖြစ် ပျောက်သွားတဲ့ဖုန်းထဲမှာ Login ၀င်ထားတဲ့ Apple ID ကိုရိုက်ထည့်ပြီး တည်နေရာကိုခြေရာခံနိုင်ပါတယ်။ ဘယ်လိုမှရှာမတွေ့တော့ရင် Erase လုပ်ပစ်လိုက်ပါ။ ဖုန်းထဲမှာရှိတဲ့ Data တွေအကုန်လုံးပျက်သွားပါလိမ့်မယ်။ တစ်ခုသိထားသင့်တာက Erase လုပ်လိုက်တာနဲ့ Find My iPhone သုံးပြီးခြေရာလည်းခံလို့ရတော့မှာမဟုတ်သလို ဘာမှထိန်းချုပ်လို့လည်းမရတော့ပါဘူး။ Thief တွေလည်း Apple ID နဲ့ Password မသိသ၍ ဘာမှဆက်လုပ်လို့မရပါဘူး။

မေး - ကျွန်တော်ကတော့ iPhone 5S ကိုင်ပါတယ်။ လက်ဗွေစနစ်ကိုပါ အသုံးပြုထားပါတယ်။ ပြီးနောက် ကျွန်တော် Source Add ပြီးနောက် Data တစ်ခုကို Install လုပ်တဲ့အချိန်မှာ Reset ကျသွားပြီး ပြန်တက်လာတဲ့အချိန်မှာ လက်ဗွေစနစ်အလုပ်မလုပ်တော့ပါဘူး။ Password ကလည်း ကျွန်တော်မမှတ်မိတော့ဘူးဖြစ်နေပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးပါဗျာ။
ဖြေ - အစ်ကို့ရဲ့ Device ကို အရင်ဆုံး Update လုပ်ကြည့်လိုက်ပါ။ Update ပြီးမြောက်သွားတဲ့အခါကျရင် လက်ဗွေစနစ်ရော Password စနစ်ပါပျက်သွားပါလိမ့်မယ်။ အဆင်မပြေခဲ့ရင်တော့ Update Firmware ကို တင်ကြည့် လိုက်ပါ။ အထဲမှာရှိတဲ့ Data တွေတော့ အကုန်လုံး ပျက်သွားပါလိမ့်မယ်။ iCloud ခံထားခဲ့မယ်ဆိုရင်တော့ Password ကိုတော့ မှတ်မိရမှာဖြစ်ပါတယ်။

မေး - ကျွန်တော့်ဖုန်းထဲမှာ ဘယ်နေရာကိုဝင်ဝင် အရောင်တွေပြောင်းကုန်ပြီး Black & White တွေဖြစ်ကုန်လို့ အဲ့ဒါဘာ ကြောင့်ဖြစ်တာလဲ။ ဘယ်လိုပြန်လုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့လိုဖြစ်တာက Setting ထဲက Negative Colors ကို ဖွင့်မိသွားလို့ပါ။ Setting ထဲက Setting ထဲကို ၀င်ပြီး Negative Colors ကို ပိတ်လိုက်ပါ။ Accessibility ထဲမှာမရှိဘူးဆိုရင် Negative Colors ကိုရှာပြီးပိတ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

မေး - အစ်ကို ကျွန်တော့်ဖုန်းက ဘယ်အရာကိုနှိပ်နှိပ် ဖုန်းက English Language တွေနဲ့ပြောနေပြီး ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်။ ဘယ်လိုဖြစ်တာလဲဆိုတာ ပြောပြပေးလို့ရမလားခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့ဒီလိုဖြစ်တာက Setting ထဲကTalkBack System ဖွင့်ထားမိလို့ပါ။ ဖုန်း Setting ထဲက Accessibility ထဲမှာရှိတဲ့ TalkBack ကို ပိတ်လိုက်ပါ။ Accessibility ထဲမှာမရှိရင် TalkBack ဆိုတဲ့ System ကိုရှာပြီးပိတ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

မေး - ကျွန်တော့်ဖုန်းလေးက iPhone 5S လေးပါ။ ကျွန်တော့်ဖုန်း Passcode ကို ဂဏန်းတွေနဲ့မပေးဘဲ အက္ခရာတွေနဲ့ ပေးချင်လို့ပါ။ အဲ့လို Passcode ကို အက္ခရာနဲ့ပေးလို့ရလားခင်ဗျာ။ ပေးလို့ရရင် ပေးနည်းလေးသိချင်ပါတယ်။
ဖြေ - ဟုတ်ကဲ့။ iPhone Passcode ကို ဂဏန်းနဲ့မဟုတ်ဘဲ အက္ခရာနဲ့ Passcode ပေးလို့ရပါတယ်။ iPhone ရဲ့ Setting ထဲကိုဝင်ပါ။ Touch ID & Passcode ထဲကိုဝင်ပါ။ Simple Passcode ကို Off ပါ။ Turn Passcode ကို On ကိုနှိပ်ပါ။ အက္ခရာနဲ့ Passcode ပေးခိုင်းပါလိမ့်မယ်။ မိမိကြိုက်နှစ်သက်ရာအက္ခရာနဲ့ Passcode ပေးလိုက်ပါ။ ပြီးလျှင် ဖုန်းကို Lock ချကြည့်ပါ။ Lock ပြန်ဖွင့်ကြည့်ပါ။ အက္ခရာနဲ့ Passcode ဖွင့်လို့ရပါပြီ။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com