Google
ရဲ့ Tango Augmented Reality နည်းပညာနဲ့ Daydream Virtual Reality
Platform ပါတဲ့ Asus ZenFone AR စမတ်ဖုန်းကို အမေရိကန် မိုဘိုင်းအော်ပရေတာ
Verizon ကနေ ၆၄၈ ဒေါ်လာဖြင့် ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါ တယ်။ တစ်လလျှင်
၂၇ ဒေါ်လာ အရစ်ကျပေး သွင်း၍ ၀ယ်ယူနိုင်မယ့် အစီအစဉ်ကိုလည်း Verizon က
ပြုလုပ်ပေးထားပါ တယ်။
Asus က ယခုနှစ် ဇန်န၀ါရီလမှာ ကျင်းပခဲ့တဲ့ Consumer Electronics Show မှာ ZenFone AR ကို မိတ်ဆက်ခဲ့ပြီး အဲဒီအချိန် ကတည်းက ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို နှုတ်ပိတ်နေခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ဆန်ဖရန် စစ္စကိုမှာ ကျင်းပခဲ့တဲ့ ပွဲတစ်ခုမှာလည်း ZenFone AR ရဲ့ အသေးစိတ် သတင်းအချက် အလက်များကို ပြောကြားခြင်း မရှိခဲ့ပါဘူး။
Asus ZenFone AR ဟာ Lenovo Phab 2 Pro ပြီးနောက် Tango နည်းပညာ ထည့်သွင်းထားတဲ့ ဒုတိယ စမတ်ဖုန်း ဖြစ်လာပါတယ်။ Augmented Reality နည်းပညာ ထည့်သွင်းထားတဲ့အတွက် ဖုန်းဟာ ကင်မရာမြင်ကွင်းကနေ တစ်ဆင့် ပတ်ဝန်းကျင်မှ အရာဝတ္ထုများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး Virtual Objects များ ထည့်သွင်းခြင်းများ ပြုလုပ်ပေးနိုင် ပါတယ်။ Daydream ကို ထောက်ပံ့တဲ့အတွက် VR Headset များနဲ့ ဖုန်းကို တွဲဖက် အသုံးပြုနိုင်ပြီး Android အခြေပြု Mobile VR Apps များကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Asus ZenFone AR ရဲ့ အခြား Specifications များဟာ စွမ်းရည် မြင့်မားပါတယ်။ သူ့မှာ ၅.၅ လက်မ AMOLED Display , Qualcomm Snapdragon 821 Chipset, 6GB RAM, 3300mAh Battery များ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 23 Megapixel Camera တပ်ဆင်ထားပြီး အရည်အသွေး မြင့်မားတဲ့ ဓာတ်ပုံများ ရိုက်ကူးပေးနိုင် ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

https://www.facebook.com/