
Vivo က Mobile World Congress Shanghai 2017 ပွဲတွင် Display အောက်မှာလက်ဗွေရာအာရုံခံကိရိယာ
မြှုပ်နှံထားတဲ့ နည်းပညာကို မိတ်ဆက် လိုက်ပါတယ်။ Vivo က သူ့ရဲ့
နည်းပညာဟာဖန်မျက်နှာပြင် အောက်မှာသာမကဖုန်းရဲ့ အနောက်ဘက် သတ္တုကိုယ်ထည်
အောက်မှာ လည်း မြှုပ်နှံနိုင်တယ်လို့ ပြောပါတယ်။ Qualcomm Fingerprint
Sensors နည်းပညာကိုအခြေပြုထားပြီး Vivo ရဲ့ မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံကိရိယာဟာ OLED Screen ကနေ Ultrasonic Sound Waves များကိုဖမ်းယူပေးနိုင်ပါ တယ် ။
အဲဒီအသံလှိုင်းများကနေသင့်လက်ဗွေရာရဲ့
တိကျတဲ့ 3D Image ကို အာရုံခံနိုင်ပါတယ်။ Vivo က Xplay 6 Smartphone
နမူနာမော်ဒယ်မှာ အဲဒီ နည်းပညာကို ပြသခဲ့တာဖြစ်ပါတယ်။
ရှောင်မီကလည်းယခင်နှစ်မှာ Ultrasonic Fingerprint Sensor ကိုMi 5s မှာ
ပြသခဲ့ပါတယ်။ ဒါပေမယ့် Vivo ရဲ့ နည်းပညာက ပိုမိုအဆင်မြင့် ပါတ ယ်။
Vivo ရဲ့ နည်းပညာမှာ Fingerprint Scanner ဟာ စကရင်
တစ်ခုလုံးကိုအာရုံခံနိုင် ပါတယ်။ ဒါပေမယ့် လက်ရှိသရုပ်ပြသွားတဲ့
နမူနာစမတ်ဖုန်းမှာတော့ စကရင်ရဲ့ အောက်ဘက်တစ်ခြမ်းကိုသာအာရုံ ခံနိုင်
ပါတယ်။ Vivo က စကရင်တစ်ခု လုံး ကိုအာရုံခံချင်ရင်တော့ ကုန်ကျစားရိတ်
မြင့်မားမယ်လို့ Engadget ကိုပြောပါတယ်။
Apple ကလည်း စကရင်အောက်မှာလက်ဗွေရာအာရုံ ခံ ကိရိယာ မြှုပ်နှံနိုင်တဲ့ နည်းပညာကိုတီထွင်နေ ပါတယ်။ Samsung ကလည်း ဒီလိုနည်းပညာကိုတီထွင်နေပြီးမအောင်မြင်သေးတဲ့အတွက် Galaxy S8 မှာထည့်သွင်းပေးနိုင်ခြင်းမ ရှိသေးပါဘူး။ Vivo က ဒီ နည်းပညာ ထည့်သွင်းထားတဲ့ ထုတ်ကုန်ကိုရောင်းချ မယ့် အချိန်ကို မကြေညာသေးပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
အဲဒီအသံလှိုင်းများကနေသင့်လက
Apple ကလည်း စကရင်အောက်မှာလက်ဗွေရာအာရုံ
Mobile Guide Journal (Every Monday)
https://www.facebook.com/