
Jolla နဲ့ Sony ကုမ္ပဏီတို့က Xperia ဖုန်းတွေမှာ Sailfish OS အသုံးပြုနိုင်ဖို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ 
ပြီးခဲ့တဲ့လအနည်းငယ်က ကြေညာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Jolla ဘက်က
လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ လုပ်ဆောင်ချက်
အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားလာပါတယ်။
ဖင်လန်အခြေစိုက် Jolla ကုမ္ပဏီ ရဲ့ blog စာမျက်နှာမှာလည်း ဒီလထဲမှာ မကြာခင်ရက်ပိုင်းအတွင်း အသစ်အဆန်းတစ်ခု ပထမဆုံးချပြပေးသွားမယ်လို့ အရိပ်အမြွက်ဆိုထားပါတယ်။ ဒါဟာ Sony ချစ်သူတွေ member တွေအနေနဲ့ Sailfish OS ကို Xperia X စမတ်ဖုန်းမှာ ဦးစွာစမ်းသပ်ခွင့်ရစေမယ့် သတင်းပါပဲ။ Cbeta အုပ်စုရဲ့ ထုတ်ပြန်ချက်မှာတော့ Jolla ကုမ္ပဏီက သူနဲ့ရင်းနှီးတဲ့ အဖွဲ့အစည်းတွေမှာ ဒီဆော့ဖ်ဝဲကိုစမ်းသပ်ဖို့ ပထမဦးဆုံး အခွင့်အရေးပေးသွားမယ်လို့ ပါရှိပါတယ်။
ကုမ္ပဏီကတော့ ဒီပရောဂျက်လုပ်နေစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ တချို့စိန်ခေါ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး Android apps တော်တော်များများကို ထောက်ပံ့ပေးထားကြောင်း ပထမဦးဆုံး 64-bit ARM နဲ့ စမတ်ဖုန်းတွေမှာ Sailfish OS ကို အသုံးပြုတဲ့အခါမျိုးနဲ့ install ပြုလုပ်ရာမှာလည်း လွယ်ကူအဆင်ပြေဖို့ အတွက် ဦးစားပေးပြုလုပ်ထားကြောင်း
သိရပါတယ်။
လက်ရှိမှာ Sailfish OS ကို ဆင်းကတ်တစ်ခုပဲ အသုံးပြုနိုင်တဲ့ Xperia X အတွက်သာ စမ်းသပ်ထားတာဖြစ်ပြီး ဒီလုပ်ဆောင်မှုသာ အောင်မြင်ခဲ့ရင် တစ်ခြား Xperia device တွေမှာလည်း ဘယ်လိုပုံစံနဲ့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မလဲဆိုတာ ဆက်ပြီးလုပ်ဆောင်သွားမှာပါလို့ Jolla ကုမ္ပဏီဘက်က ဆိုထားပါတယ်။
#gsmarena.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://web.facebook.com/ officialnetguidejournal
ဖင်လန်အခြေစိုက် Jolla ကုမ္ပဏီ ရဲ့ blog စာမျက်နှာမှာလည်း ဒီလထဲမှာ မကြာခင်ရက်ပိုင်းအတွင်း အသစ်အဆန်းတစ်ခု ပထမဆုံးချပြပေးသွားမယ်လို့ အရိပ်အမြွက်ဆိုထားပါတယ်။ ဒါဟာ Sony ချစ်သူတွေ member တွေအနေနဲ့ Sailfish OS ကို Xperia X စမတ်ဖုန်းမှာ ဦးစွာစမ်းသပ်ခွင့်ရစေမယ့် သတင်းပါပဲ။ Cbeta အုပ်စုရဲ့ ထုတ်ပြန်ချက်မှာတော့ Jolla ကုမ္ပဏီက သူနဲ့ရင်းနှီးတဲ့ အဖွဲ့အစည်းတွေမှာ ဒီဆော့ဖ်ဝဲကိုစမ်းသပ်ဖို့ ပထမဦးဆုံး အခွင့်အရေးပေးသွားမယ်လို့ ပါရှိပါတယ်။
ကုမ္ပဏီကတော့ ဒီပရောဂျက်လုပ်နေစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ တချို့စိန်ခေါ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး Android apps တော်တော်များများကို ထောက်ပံ့ပေးထားကြောင်း ပထမဦးဆုံး 64-bit ARM နဲ့ စမတ်ဖုန်းတွေမှာ Sailfish OS ကို အသုံးပြုတဲ့အခါမျိုးနဲ့ install ပြုလုပ်ရာမှာလည်း လွယ်ကူအဆင်ပြေဖို့ အတွက် ဦးစားပေးပြုလုပ်ထားကြောင်း
လက်ရှိမှာ Sailfish OS ကို ဆင်းကတ်တစ်ခုပဲ အသုံးပြုနိုင်တဲ့ Xperia X အတွက်သာ စမ်းသပ်ထားတာဖြစ်ပြီး ဒီလုပ်ဆောင်မှုသာ အောင်မြင်ခဲ့ရင် တစ်ခြား Xperia device တွေမှာလည်း ဘယ်လိုပုံစံနဲ့ အကောင်းဆုံးထောက်ပံ့ပေးနိုင
#gsmarena.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://web.facebook.com/