7/07/2017

♪ ၁၃၅,၀၀၀/- ကျပ်ဝန်းကျင်ရှိသော “Singtech P10” ♫

Image may contain: 1 person, standing and text

ဈေးနှုန်းသင့်တင့်သော ဟန်းဆက်များဟာ လူတန်းစားမျိုးစုံအတွက် အဆင်ပြေစေပါတယ်။ ထို့ကြောင့် ဖုန်းထုတ်လုပ်သော ကုမ္ပဏီများဟာ လည်း လူတန်းစားမျိုးစုံအတွက် ရည်ရွယ်သည့် ဟန်းဆက်များကို ရည်ရွယ်ချက် တစ်ခုအဖြစ် ထုတ်လုပ် ရောင်းချကြပါတယ်။ လူသုံးများ သော ဈေးနှုန်းသင့်တင့်သည့်ဖုန်းအများစုဟာ တရုတ်နိုင်ငံ အခြေစိုက် ဖုန်းကုမ္ပဏီများမှ ထုတ် လုပ်သော ဟန်းဆက်များဖြစ်ပါတယ်။ အခြားသော နိုင်ငံများမှထုတ်လုပ်သော ဟန်းဆက်များလည်းရှိပြီး ထိုဟန်းဆက်များတွင် ကင်မရာစွမ်းရည် များလည်း ကောင်းမွန်ကြပါတယ်။ 

ပြည်တွင်းဈေးကွက်တွင် Singtech ဟာ အရည်အသွေးမျိုးစုံရှိသော တန်ဖိုး သင့်တင့်သည့်ဟန်းဆက်များစွာကို ထုတ်လုပ်ရောင်းချပေးထား ပါတယ်။ Singtech ရဲ့ အသစ်ထွက်ရှိထားသော ဟန်းဆက်က တော့ P10 ဖြစ်ပြီး ကိုင်ဆောင်သုံးစွဲသည့်အခါတွင် စတိုင်ကျလှပမှုကို ခံစားရရှိစေပါ လိမ့်မယ်။ ဖုန်းရဲ့အဓိကခလုတ်ကို ဆလင်ဒါ ပုံစံဖန်တီးပေးထားပြီး ဖုန်းကိုယ်ထည်ရဲ့ထောင့်စွန်းများဟာ အ၀န်းအ၀ိုက်သဏ္ဌာန်ရှိပါတယ်။ P10 ကို ကိုင်ဆောင်အသုံးပြုတဲ့ အခါတွင် အဆင်ပြေစေရန် 163.2 x 81.2 x7.7 mm အရွယ်အစားဖြင့် ထုတ်လုပ်ပေးထားပါတယ်။ အဓိက, ကင်မရာဟာ အနောက်ဘက်ထိပ်ဖက်ထောင့်တွင် Flash မီးနဲ့တွဲဖက် တပ်ဆင်ထားပါတယ်။ P10 ထောက်ပံ့ပေးမယ့် Network အမျိုးအစား ကတော့ 2G, 3G ဖြစ်ပြီး ဖုန်းရဲ့မျက်နှာပြင်ဟာ ကြီးမားကျယ်ပြန့်သော ပုံစံရှိပါတယ်။ 5.7 inches မျက်နှာပြင်အကျယ်အ၀န်းဟာ Screen Size ကြီးသော ဟန်းဆက်များကို သုံးစွဲချင်သူများအတွက် အဆင်ပြေစေ မှာဖြစ်ပြီး ဂိမ်းဆော့ခြင်းနှင့် ဗီဒီယိုရုပ်ရှင် ကြည့်ခြင်းတို့တွင် ကောင်းမွန် သော ရသများကိုခံစားရရှိစေပါလိမ့်မယ်။ ထောက်ပံ့ပေး ထားသော pixels ပမာဏကတော့ 720x1280 ဖြစ်ပါတယ်။

P10 တွင် အသံပိုင်းစနစ် ပိုမိုကောင်းမွန်စေဖို့အတွက်လည်း Hi-Fi Sound System ထည့်သွင်းပေးထား ပါတယ်။ ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်သော ဟန်းဆက်များသည်သာ ယနေ့ခေတ်နဲ့အံဝင်ခွင်ကျရှိ လာပါတယ်။ လူအများစုဟာ ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက်အသုံးပြုခြင်း များအတွက် ကွဲပြားခြားနားသော ဆင်းကတ်များကို တစ်ပြိုင်တည်း ကိုင်ဆောင်အသုံးပြု ကြပါတယ်။ ထို့ကြောင့် Dual SIM ဟန်းဆက်များကို အားထားကြပြီး ဖုန်းများရွေးချယ်ဝယ်ယူသည့်အခါတွင်လည်း ဆင်းကတ် အသုံးပြုနိုင်မှု အခြေအနေကိုထည့်သွင်းစဉ်းစားကြပါတယ်။ နောက်ဆုံးပေါ် ဟန်းဆက်တိုင်းသည်လည်း Dual SIM အမျိုးအစား ဖြစ်ခြင်းကြောင့် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေလာပါတယ်။ Singtech သည်လည်း သူ၏ဟန်းဆက်အသစ်ကို ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ဟန်းဆက်အသုံးပြု သည့်အခါတွင် ကင်မရာ စွမ်းရည်ဟာလည်း ကောင်းမွန်ဖို့လိုအပ်ပါတယ်။ နေ့စဉ်ကိုယ်နဲ့ မကွာပါရှိသော ဟန်းဆက်ဟာ ကင်မရာတစ်လုံး ကဲ့သို့ သော စွမ်းဆောင်ရည်မျိုးကို ပေးစွမ်းနိုင်မှသာအဆင်ပြေပါလိမ့်မယ်။ ထူးခြားသော အဖြစ်အပျက်များဖြစ်ပွားသည့်အခါတွင် လူအများစုဟာ ဟန်းဆက်များဖြင့် ဓာတ်ပုံဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်တွင်ဖြန့်ဝေမှုပြု လုပ်ခြင်းကြောင့် စွမ်းရည်မြင့်သောကင်မရာ ပါရှိ ခြင်းဟာ ရုပ်ထွက် ကောင်းအောင် ပိုမိုထောက်ပံ့ပေးနိုင်ပါတယ်။ P10 တွင် အဓိက, ကင်မရာဟာ 13MP စွမ်းရည်ရှိပြီး ကောင်း မွန်သော pixels ကို ပေးစွမ်းနိုင် ပါလိမ့်မယ်။ ဟန်းဆက်ရဲ့ရှေ့ကင်မရာငယ်ဟာလည်း လူတိုင်းအသုံးပြုသည့် အရာတစ်ခုဖြစ်ခြင်း ကြောင့် အချို့သောအမှတ် တံဆိပ်များဟာ ရှေ့ကင်မရာငယ်ကိုစွမ်းရည်ပိုကောင်းအောင် လုပ်ဆောင်ပေး ကြပါတယ်။

P10 တွင် Selfie ရိုက်ကူးနိုင်မှုအတွက် ထောက်ပံ့ပေးမယ့် ရှေ့ကင်မရာ ငယ်ရဲ့စွမ်းရည်ကတော့ 5MP ဖြစ်ပါတယ်။ ဂိမ်းအမြင့်များဆော့ကစားနိုင် စေဖို့အတွက်လည်း Android OS Version မှာ မြင့်မားပါတယ်။ Marshmallow Version ကို အသုံးပြုနိုင်မှာဖြစ်ခြင်း ကြောင့် Application အမြင့်များကိုလည်း ထည့်သွင်းသုံးစွဲနိုင်ပါမယ်။ ထည့်သွင်းပေးထားသော CPU ရဲ့စွမ်းရည်မှာ Quad-core 1.3GHz ဖြစ်ခြင်းကြောင့် လျင်မြန်သော တုံ့ပြန်မှုများကိုပေးစွမ်းနိုင်ပါလိမ့်မယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ကို 1GB ထည့်သွင်းပေးထားပြီး ROM တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုး အစားမှာ 2800mAh ဖြစ်ပါတယ်။ P10 ကို လှပသော အရောင်ကွဲများ လည်း ထုတ်လုပ်ပေးထားပြီး တန်ဖိုးမှာ ၁၃၅,၀၀၀/- ကျပ်ဝန်းကျင်ရှိပါ တယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com