ဒီနှစ် အစောပိုင်းကာလတွေမှာ LG G6 ကို ကြော်ငြာခဲ့ပြီးနောက်ပိုင်း
သတင်းထွက်နေခဲ့တာ က အကွေးမှန်တွေနဲ့ အလန်းစား ဒီဇိုင်းတွေ ကို
မျှော်လင့်ထားကြပေမယ့် LG ကုမ္ပဏီ က ဒီကနေ့ အမှတ်မထင် ကြော်ငြာခဲ့တာက LG Q6
ပဲ ဖြစ်ပါတယ်။
LG ဟာ Q6 ကို အမျီုးအစား ၃ မျိုးနဲ့ ထုတ်လုပ်ခဲ့ပြီး Q6, Q6+ အပြင် Q6 α (Alpha) ဆိုပြီး ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ ဗားရှင်းတွေဟာ အမျိုးအစားအလိုက် ထည့်သွင်းထားမှု မတူညီခဲ့ပါဘူး။
Q6+: 4GB RAM / 64GB ROM
Q6: 3GB RAM / 32GB ROM
Q6α: 2GB RAM / 16GB ROM
KeySpec ပိုင်း အရ ပြောရမယ် ဆိုရင် Chipset Qualcomm Snapdragon 435 ကို သုံးစွဲထားပါတယ်။ ၅.၅ လက်မ FHD Display ရှိပြီး 2160 x 1080 အရည်အသွေးကို ထုတ်ပြနိုင်စွမ်းရှိပါတယ်။ ကင်မရာပိုင်းကတော့ ဗားရှင်း ၃ မျီုး စလုံးမှာ အတူတူ ထည့်သွင်းထားမယ် လို့ ဆိုပါတယ်။ အနောက်ကင်မရာ က 13MP Standard ရှိပြီး အရှေ့ကင်မရာကတော့ 5MP ရှိပါတယ်။ အနောက်ကင်မရာ ဟာ Standdard Angle နဲ့ ထုတ်ပေးမှာ ဖြစ်ပြီး အရှေ့ဘက် ကင်မရာကတော့ Wide မြင်ကွင်းကို ထုတ်ပေးမယ် လို့ ဆိုပါတယ်။
ဘက်ထရီကလည်း ဗားရှင်း ၃ ခု စလုံးအတွက် အတူတူ ထည့်သွင်းပေးထားပြီး 3000 mAh ရှိပါတယ်။ LTE,3G,2G Network လိုင်းဆွဲအားရရှိစေပါမယ်။
ဗားရှင်း ၃ စလုံးဟာ အရောင်ပိုင်းကိုတော့ အနည်းငယ် ကွဲပြားရုံကလွဲပြီး အကုန်လုံး အတူတူပါပဲ။

Q6+: Astro Black / Ice Platinum / Marine Blueဗားရှင်း ၃ ခု စလုံး ဟာ Android 7.1.1 ကို သုံးစွဲထားပါတယ်။ အခု အချိန်မှာ ဥရောပ နဲ့ အမေရိက ဈေးကွက်အတွက် ထုတ်ဖော်ကြော်ငြာလိုက်ပြီ ဆိုပေမယ့် အာရှကိုတော့ လာမယ့် လ အတွင်းမှာမှ ရောက်ရှိမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
Q6: Astro Black / Ice Platinum / Mystic White / Terra Gold
Q6α: Astro Black / Ice Platinum / Terra Gold