7/01/2017

♪ ဈေးနှုန်းတစ်သိန်းဝန်းကျင်သာရှိတဲ့ - “KENBO SUN ONE” ♫

Image may contain: 2 people, people smiling

တန်ဖိုးသင့်၍ အရည်အသွေးကောင်းသော ဟန်းဆက်များကို ထုတ်လုပ်ရောင်းချသည့် အမှတ်တံဆိပ်ထဲတွင် KENBO လည်း ပါဝင်ပါတယ်။ KENBO ဟာ လက်ဗွေရာစနစ်ပါသော ဟန်းဆက်များနှင့် စပီကာနှစ်ခုတပ်ဆင်ထားသော ဟန်းဆက်တို့ကို ထုတ်လုပ်ရောင်းချပေး ထားပါတယ်။ အခုအခါတွင်လည်း ဟန်းဆက်အသစ်ကို စမ်းသပ် ထုတ်လုပ်နေပါတယ်။ KENBO ရဲ့ စမတ်ဖုန်းအသစ်ဖြစ်လာမယ့် SUN One မှာ Application နှစ်ခုကို ဖုန်းအတွင်း တစ်ချိန်တည်း တစ်ပြိုင်တည်း အသုံးပြုနိုင်ပါမယ်။

အခြားတန်ဖိုးနည်းဖုန်းများတွင် မပါဝင်သည့် အရှေ့ဘက်ကင်မရာအတွက် အလင်းရောင်ဖြန့်ကြက်အား ကောင်းမွန် သော Flash Light မီးကို အဆိုပါဖုန်းတွင် တပ်ဆင်ပေးထားပါတယ်။ ထို့ကြောင့် Flash မီးစနစ်ဟာ ဖုန်း၏ အရှေ့ရော၊ အနောက်ဘက်မှာပါ ပါရှိမှာဖြစ်ပါတယ်။ SUN One ရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ 5 inches ရှိမှာဖြစ်ပြီး မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏကတော့ 480x854 ပါ။ သာမန်ဖုန်းတွေထက် ပိုမိုတောက်ပသော Screen ကြောင့် အလင်းရောင် နည်းပါးချိန်တွင် အသုံးပြုသည့်အခါ၌လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။ Application နှစ်မျိုးသုံးမျိုးကို Screen မှာ တစ်ပြိုင်နက် အသုံးပြုနိုင်သော Multi Screen နည်းပညာကို သုံးပေးထားခြင်းကြောင့် ဖုန်းသုံးစွဲရာတွင် ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။ Gallery 3.0 ကြောင့် ဓာတ်ပုံများကို ပြန်လည်ကြည့်ရှုသည့်အခါတွင် ပိုမိုကောင်းမွန်မှာပါ။

ဖုန်းတွင်းပိုင်းစွမ်းရည်အဖြစ် Quad Core 1.3GHz CPU ကို ထည့်သွင်း ပေးထားခြင်းကြောင့် မြန်နှုန်းမြင့်စွမ်းဆောင်ရည်ကို ခံစားရရှိနိုင်ပါမယ်။ ဖုန်းတွင်းအချက် အလက်သိမ်းဆည်းနိုင်စေရန် ROM 8GB ကို ထည့်သွင်းပေးထားပြီး အဆိုပါပမာဏနဲ့ အချက်အလက်သိမ်းဆည်းရန် မလုံ လောက်သူများအနေဖြင့် မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲနိုင်ပါ မယ်။ အများဆုံးချဲ့ထွင်သုံးစွဲနိုင်မယ့် မှတ်ဥာဏ်ပမာဏမှာ 64GB အထိ ဖြစ်ပါတယ်။ ထည့်သွင်းပေးထားသော RAM ပမာဏကတော့ 1GB ပါ။ ဖုန်းကိုယ်ထည်တွင် Metal Body ကို သုံးပေးထားခြင်းကြောင့် ပိုမိုခိုင်ခံ့ပြီး မတော်တဆဖုန်းလွတ်ကျတဲ့အခါမှာ ထိခိုက်ကျိုးပဲ့မှုလည်း ဖြစ်ပေါ်စေ မှာမဟုတ်ပါဘူး။


ကိုင်ဆောင်အသုံးပြုရာတွင် ပိုမိုသက်သောင့် သက်သာရှိစေရန် ဖုန်းကျောဘက်ကို အနည်းငယ် ကွေးညွှတ်နေသည့် သဏ္ဌာန် ပြုလုပ်ပေးထားပါတယ်။ SUN One တွင် ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး အဓိက,ကင်မရာဟာ 8MP စွမ်းရည်ရှိမှာ ဖြစ်ကာ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ရှိပါတယ်။ Time Lapse, Video, Photo, Beauty, Panorama, Night Mode, Scene Frame အစရှိသော ကင်မရာ အထူးလုပ်ဆောင်ချက် Function များပါဝင်ပါတယ်။ Scene Frame က ဓာတ်ပုံရိုက်ကူးသည့်အခါမှာ လှပသောနေရာများကို မိမိပုံနှင့်တွဲဖက်ကာ အမိုက်စားဓာတ်ပုံအဖြစ် ဖော်ပြပေးမှာဖြစ်ပြီး Time Lapse ကတော့ မိမိရိုက်ကူးလိုက်သော ဗီဒီယိုများကို မိမိစိတ်ကြိုက်အမြန် (သို့) အနှေးသတ်မှတ်ရိုက်ကူးနိုင်ခြင်းဖြစ်ပါတယ်။ SUN One ရဲ့ Operation System ဟာ မြင့်မားပါတယ်။ Android 7.0 ထိ Update လုပ်ပေးထားခြင်းကြောင့် နောက်ဆုံးထွက် Software Version များကိုသာမက ရှေ့ပိုင်းကထွက်ရှိထားသော အနိမ့်ပိုင်း Software App များကိုလည်း ဖုန်းအတွင်း Error ကင်းကင်းနဲ့ ထည့်သွင်းအသုံးပြုနိုင် မှာဖြစ်ပါတယ်။

ဖုန်း Screen ကို Double Tap (လက်နဲ့နှိပ်ချက်) နှိပ်လိုက်ရုံဖြင့် Lock Screen လင်းလာ စေမယ့်စနစ်၊ ဖုန်းလာနေချိန် ဖုန်းကိုဘယ်ဘက်သို့ လှည့်ပေးလိုက်ရုံနဲ့ Ringtone အသံပိတ်သွားစေမယ့် Flip to mute စနစ်၊ ဖုန်းလာနေချိန် ဖုန်းကိုမိမိနားအနီးကပ်လိုက်ရုံဖြင့် ဖုန်းလက်ခံပေးမယ့် Get the call စနစ်၊ မိမိဖုန်းခေါ်စေချင်သူရဲ့ ဖုန်းနံပါတ် ရိုက်ပြီး မိမိနားသို့ ဖုန်းကပ်ရုံနဲ့ ဖုန်းခေါ်ပေးနိုင်မယ့် Direct Call စနစ်၊ မိမိအိတ်ကပ်ထဲ ဖုန်းထည့်ထားချိန် ဖုန်းလာလျှင် ဖုန်းမကိုင်မိစေရန် ဖုန်း Screen ပိတ်ထားပေးနိုင်မယ့် Answer by Mistake စနစ်၊ ဖုန်း Alarm အသံမြည်လာချိန် ဘယ်ဘက်ကို လှည့်ပေးလိုက်ရုံနဲ့ Ringtone အသံပိတ်သွားစေမယ့် Flip to snooze စနစ်၊ Power Button နှိပ်လိုက် ရုံနဲ့ ဖုန်း Screen ကို Unlock လုပ်ပေးမယ့် Unlock by Power Button စနစ် အစရှိသော နည်းပညာတွေ ပါဝင်ပါတယ်။ 


ဖုန်း Screen ဖွင့်စရာ မလိုဘဲ O, M, C သင်္ကေတလေးများကို ဖုန်း Screen မှာ ရေးရုံနဲ့ Camera, Music, Phone တို့ကို တိုက်ရိုက်ဝင်ရောက်သုံးနိုင်မယ့် Smart Gesture စနစ်များလည်း ပါဝင်ပါတယ်။ Nougat OS ကြောင့် ဘာသာ စကားနှစ်ခုကို တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း အသုံးပြုနိုင်မှာဖြစ်ပြီး၊ Emoji အရုပ်ပေါင်း ၁,၅၀၀ ကျော်ကိုလည်း ထည့်သွင်းသုံးစွဲနိုင်ပါမယ်။ ရုပ်ရှင်ကြည့်နေချိန်တွင် စာရိုက်စရာပေါ်လာပါကလည်း Application နှစ်ခုလုံးကို Screen တစ်ခုတည်းမှာ သုံးနိုင်ပါမယ်။ အားသွင်းအသုံးပြု ရမယ့် ဘက်ထရီ အမျိုးအစားကတော့ Li-Ion 2500mAh ဖြစ်ပါတယ်။ SUN One ရဲ့ ဈေးနှုန်းတန်ဖိုးမှာ တစ်သိန်းဝန်းကျင် ရှိပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com