7/08/2017

♪ iPhone မှာ လျှို့ဝှက် Mouse ကို အသုံးပြုနည်း ♫


Apple ဟာ iPhone ထုတ်လုပ်ရောင်းချခဲ့တာ ၁၀ နှစ်ပြည့်ပြီ ဖြစ်ပြီး iPhone မှာ စာရိုက်ရတဲ့ အတွေ့အကြုံကို ပိုမို ကောင်းမွန် စဉ်ဆက်မပြတ် ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် စာသားများကို Edit ပြုလုပ်ရတာတော့ ခက်ခဲနေပါသေးတယ်။ အခုတော့ 3D Touch ပါတဲ့ iPhone 6s, 6s Plus , 7 နဲ့ 7 Plus များမှာ ကာဆာကို လျှင်မြန် တိကျ လွယ်ကူစွာ နေရာချနိုင်တဲ့ လျှို့ဝှက် စွမ်းဆောင်ချက်တစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။

လျှို့ဝှက် Mouse ကို အသုံးပြုနည်း
3D Touch iPhone များမှာပါတဲ့ iOS Keyboard မှာ လျှို့ဝှက် Mouse ထည့်သွင်းပေးထားပါတယ်။ အဲဒါကို Activate လုပ်ဖို့အတွက် ကီးတစ်ခုကို စာလုံးများ ပျောက်သွားတဲ့ အထိ ဖိထားပါ။ စာလုံးများပျောက်သွားတာနဲ့ အတူ တုန်ခါ အသိပေးတဲ့ Taptic Feedback ကို ခံစားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကီးဘုတ်ကို Mouse or Trackpad အဖြစ် အသုံးပြုနိုင်ပါပြီ။ သင့် လက်ချောင်းကို ရွေးလျားခြင်းဖြင့် Onscreen Cursor ကို စာသားများအကြားမှာ တိကျ လျှင်မြန်စွာ နေရာချနိုင်ပါပြီ။

စာသားများကို Select လုပ်ဖို့အတွက် ဖိထားတဲ့ အားကို အနည်းငယ်လျှော့ပါ။ စကရင်ကို လက်ဖြင့် ထိထားရမှာ ဖြစ်ပါတယ်။ ပြီးရင် ဖိအားကို မြင့်ပေးပါ။ ဒါဆိုရင် စာသားများကို Select လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အသုံးပြုရတာ ခက်ခဲတယ်လို့ ထင်ရပေမယ့် တစ်ခါပြုလုပ်ပြီးတာနဲ့ တတ်မြောက်သွားမှာ ဖြစ်ပါတယ်။

iPhone အဟောင်းများ
iPhone အဟောင်းများမှာတော့ လျှို့ဝှက် Mouse ကို အသုံးပြုလို့ မရပါဘူး။ စကရင်ကို လက်နဲ့ ထိခြင်းဖြင့် ကာဆာ ချရမှာ ဖြစ်ပါတယ်။ ဒီိနည်းလမ်းကလည်း မြန်ဆန်ပေမယ့် တိကျမှု သိပ်မရှိပါဘူး။

ဒုတိယနည်းလမ်းကတော့ စကရင်ကို ဖိထားခြင်းဖြင့် Magnifying Glass ကို ဖွင့်ပါ။ ပြီးမှ ကာဆာချပါ။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com