7/12/2017

♪ " Huawei Nova 2 VS Samsung Galaxy J7 Max " တို့ကိုနှိုင်းယှဉ်ကြည့်ရအောင် ♫

Image may contain: phone

အခုတစ်ပတ်တော့ Samsung Galaxy J7 Max နဲ့ Huawei Nova 2 Plus ဖုန်း 2 လုံးရဲ့ ကွဲပြားမှုတွေနဲ့ တူညီတဲ့အချက်တွေကို နှိုင်းယှဉ် ပြောပြသွားပါမယ်။ ၎င်းဖုန်း 2 လုံးစလုံးကို 2017 ခုနှစ်မှာပဲ ထုတ်လုပ်ခဲ့တာတွေဖြစ်ပြီး ရောင်းချတဲ့ဈေးနှုန်းက Huawei Nova 2 Plus က Samsung Galaxy J7 Max ထက် ပိုမြင့်မားသလို ထောက်ပံ့ပေးထားတဲ့ specs တွေကလည်း ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။ ဖုန်းမျက်နှာပြင်စွမ်းအား၊ Dual SIM စနစ်၊ run ထားတဲ့ OS နဲ့ ယာယီမှတ်ဉာဏ်စွမ်းအား RAM တွေက အတူတူပဲဖြစ်ပြီး ကျန်တဲ့ CPU ၊ GPU နဲ့ ကင်မရာစွမ်းအားတွေ အကုန်လုံးကတော့ ကွဲပြားနေပါတယ်။ Nova 2 Plus ရဲ့ Fingerprint sensor က နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး Galaxy J7 Max ကတော့ အရှေ့ဘက် home button မှာ တွေ့ရပါတယ်။ ၎င်းဖုန်းတွေကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM card 2 ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်မှာပဲ ဖြစ်ပါတယ်။

Design
>>>>><<<<<

1. Huawei Nova 2
>>>>>

Huawei Nova 2 Plus ရဲ့အရွယ်အစားက 153.9 x 74.9 x 6.9 mm ဖြစ်ပြီး အလေးချိန် 169g ရှိပါတယ်။ ကိုယ်ထည်က ကျစ်ကျစ်လျစ်လျစ်နဲ့ ပါးလွှာမှုလည်း ရှိပြီး Aurora Blue, Grass Green, Streamer Gold, Obsidian Black, Rose Gold ဆိုတဲ့ 5 မျိုးကို ရွေးချယ်နိုင်ပါတယ်။

2. Samsung Galaxy J7 Max
>>>>>

Samsung Galaxy J7 Max ရဲ့ အရွယ်အစားက 156.7 x 78.8 x 8.1mm ရှိပြီး 179g အလေးချိန် ရှိပါတယ်။ ဒါကြောင့် အနည်းငယ်ပိုထူပြီး ပိုလေးပါတယ်။ သူ့ကိုတော့ အမည်းရောင်နဲ့ ရွှေရောင်ဆိုတဲ့ အရောင် တွေကို ထုတ်လုပ်ပေးထားပါတယ်။

Processor
>>>>><<<<<

1. Huawei Nova 2
>>>>>

စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 4GB ပါရှိတဲ့ HiSilicon Kirin 659 chipset, Octa-core (4x2.36GHz Cortex-A53 & 4x1.7GHz Cortex-A53) processor နဲ့ Mali-T830 MP2 GPU တို့ကို ပံ့ပိုးထားပါတယ်။ ဒါကြောင့် လုပ်ဆောင်နိုင်စွမ်းကောင်းမွန်မှု ရှိပါတယ်။

2. Samsung Galaxy J7 Max
>>>>>

Samsung Galaxy J7 Max မှာတော့ Mediatek MT6757 Helio P20 Octa-core 2.4GHz Cortex-A53 Processor နဲ့ Mali-T880MP2 GPU တွေကို သုံးထားတာကို တွေ့ရပါတယ်။ သူ့မှာလည်း Nova 2 Plus နဲ့ RAM စွမ်းအားချင်း တူညီမှုရှိပါတယ်။

Display
>>>>><<<<<

1. Huawei Nova 2
>>>>>

မျက်နှာပြင်အကျယ် 5 လက်မခွဲရှိပြီး LTPS IPS LCD capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး 1 လက်မ သိပ်သည်းဆ က ~401 ppi pixels ပမာဏ ရှိပါတယ်။

2. Samsung Galaxy J7 Max
>>>>>

Galaxy J7 Max က မျက်နှာပြင်အကျယ်မှာ Nova 2 Plus ထက် 0.2-inch လောက်ပိုကျယ်ပြီး PLS capacitive touchscreen display ကို သုံး ထားပါတယ်။ ဒါပေမဲ့ ပြသနိုင်မြင်ကွင်းစွမ်းအားကတော့ အတူတူပါပဲ။ ဖုန်း 2 ခုလုံးမှာလည်း multitouch စနစ်ကို သုံးစွဲနိုင်ပါတယ်။

Verdict
>>>>><<<<<

1. Huawei Nova 2
>>>>>

Huawei Nova 2 Plus ရဲ့ အနောက်ကင်မရာက Dual 12 + 8MP, f/1.8 aperture ပါရှိပြီး အရှေ့ကင်မရာမှာ 20MP တောင် ရှိတဲ့အတွက် အရည်အသွေး မြင့်မားတဲ့ဓာတ်ပုံတွေကို ရိုက်ယူနိုင်ပါတယ်။ ဘက်ထရီ စွမ်းဆောင်ရည်ကတော့ Non-removable Li-Po 3340mAh battery ကို သုံးထားပါတယ်။

2. Samsung Galaxy J7 Max
>>>>>

Samsung Galaxy J7 Max ရဲ့ အနောက်ကင်မရာကတော့ 13M, f/1.7 aperture စွမ်းအားပါရှိပြီး အရှေ့ကင်မရာက 13MP, f/1.9 aperture တွေ ရှိပါတယ်။ ဒါကြောင့် ကင်မရာစွမ်းအားမှာ Nova 2 Plus ထက် နည်း နည်းလေး ပိုနိမ့်ပါတယ်။ ထည့်သွင်းထားတဲ့ Non-removable Li-Ion 3300mAh battery ပဲ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com