ကွန်ပြူတာမှာ Facebook ကို လျှင်မြန်စွာ အသုံးပြုနိုင်မယ့် Keyboards
Shortcuts များကို Facebook က ဖန်တီးပေးထားပါတယ်။ ဒီ Keyboard Shortcuts
အတွဲအစပ်ခလုတ်များကို အသုံးပြုရင် သင့်ရဲ့ News Feed, Timeline , Settings
တို့လို နေရာများကို လျှင်မြန်စွာ ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ပို့စ်များကို Like လုပ်ခြင်း၊ ကွန်းမန့်ရေးတဲ့ Box ၊ ပို့စ်တင်တဲ့ Box ကို
သွားခြင်း၊ Newsfeed မှာ ပို့စ်များကို ဖတ်ခြင်းများအတွက်လည်း Keyboard
Shortcuts များကို အသုံးပြုနိုင်ပါတယ်။ သင့် ကွန်ပြူတာရဲ့ OS နဲ့ ဘရောက်စာ
အပေါ် မူတည်၍ Shortcut များ ကွဲပြားကြပါတယ်။
Windows
Chrome and Edge : Alt + #
Firefox : Alt + Shift + #
Mac
Chrome, Firefox, Safari : Control + Option + #
# ဟာ အောက်ဖော်ပြပါ နံပါတ်များကို ဆိုလိုပါတယ်။
• 1 — News Feed
• 2 — Your Timeline
• 3 — Friends
• 4 — Inbox
• 5 — Notifications
• 6 — Settings
• 7 — Activity Log
• 8 — About
• 9 — Terms
• 0 — Help
Newsfeed မှာ Navigate လုပ်နိုင်မယ့် Shortcuts များ
• J – နောက်ပို့စ်တစ်ခုကို ဖတ်ခြင်း။
• K – အပေါ်က ပို့စ်ကို ဖတ်ခြင်း။
• L – ပြသထားတဲ့ ပို့စ်ကို Like လုပ်ခြင်း။
• C – ပြသထားတဲ့ ပို့စ်မှာ ကွန်းမန့်ပေးခြင်း။
• S – ပြသထားတဲ့ ပို့စ်ကို မျှဝေခြင်း။
• O – ပြသထားတဲ့ ပို့စ်မှ ဓါတ်ပုံနဲ့ လင့်ကို ဖွင့်ခြင်း။
• Esc – ဓါတ်ပုံကို ပိတ်ပြီး Newsfeed ကို သွားခြင်း။
• P – ပို့စ်တင်ခြင်း။
• / – Search Box ကို သွားခြင်း။
• Q – Chat Contact ကို ရှာဖွေခြင်း။
အက္ခရာများကို စာလုံးအသေးဖြင့် ရိုက်နိုင်ပါတယ်။